နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဗီယက်နမ်ဝန်ကြီးချုပ်တို့ အိန္ဒိယတွင် တွေ့ဆုံဆွေးနွေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဗီယက်နမ်ဝန်ကြီးချုပ်တို့ အိန္ဒိယတွင် တွေ့ဆုံဆွေးနွေး

ဇန်နဝါရီ ၂၆ ။               ။ အိန္ဒိယနိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ယမန်နေ့ ဇန်နဝါရီ ၂၅ ရက်က ဗီယက်နမ် နိုင်ငံ ဝန်ကြီးချုပ် ငုရင် ရွှမ်ဖူ Nguyen Xuan Phun နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ် လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဆီယံ- အိန္ဒိယ ဆွေးနွေးဘက် ဆက်ဆံရေး (၂၅) နှစ်မြောက် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးနဲ့ အိန္ဒိယနိုင်ငံ၏ (၆၉) နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်ဖို့အတွက် အိန္ဒိယ နိုင်ငံမှာ ရောက်ရှိနေတာဖြစ်ပါတယ်။

ယမန်နေ့ ဇန်နဝါရီ ၂၅ ရက်မှာတော့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့ ဗီယက်နမ် ဝန်ကြီးချုပ်တို့ဟာ နယူးဒေလီမှာ ကျင်းပပြုလုပ်နေလျက်ရှိတဲ့ အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေး ဘေးပန်းပြင်ပမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ယင်းလိုမျိုး တွေ့ဆုံစဉ်မှာတော့ မကြာမီကာလအတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ်နိုင်ငံသို့ လာရောက်မည်ဟု မျှော်လင့်ပါကြောင်း ဗီယက်နမ် ဝန်ကြီးချုပ်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ယင်းအပြင် ခြောက်ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ GMS ထိပ်သီးအစည်းအဝေးနဲ့ GMS စီးပွားရေးဖိုရမ်တို့ကို တက်ရောက်ရန်လည်း ဗီယက်နမ်ဝန်ကြီးချုပ်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဖိတ်ကြားခဲ့ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြန်လည်ပြောကြားရာမှာတော့ သူမအနေနဲ့ ယင်းကဲ့သို့ ဗီယက်နမ် ဝန်ကြီးချုပ်၏ ဖိတ်ကြားချက်ကို မြန်မာခေါင်းဆောင်များထံ တစ်ဆင့်ပြန်လည် ပြောကြားပေးပါမည်ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly