မိုနာကိုတိုက်စစ်မှူးကာရီလိုကို ပေါင် ၁၉ သန်းဖြင့် ဆောက်သမ်တန်ခေါ်ယူ

မိုနာကိုတိုက်စစ်မှူးကာရီလိုကို ပေါင် ၁၉ သန်းဖြင့် ဆောက်သမ်တန်ခေါ်ယူ

 

ဇန်နဝါရီ ၂၆၊ ဆောက်သမ်တန်။           ။ ဆောက်သမ်တန်အသင်းသည် မိုနာကိုတိုက်စစ်မှူး ဂွီဒို ကာရီလိုကို အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၉ သန်းဖြင့် ခေါ်ယူလိုက်သည်။

အသက် ၂၆ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးသည် လက်ရှိရာသီတွင် ပြင်သစ်ကလပ်အတွက် ၂၂ ပွဲကစား ငါးဂိုးသွင်းထား သူဖြစ်ပြီး ဆောက်သမ်တန်နှင့် ၂၀၂၁ ထိစာချုပ်ခဲ့သည်။

“အရမ်းဝမ်းသာပါတယ်။ ဒီအသင်းရဲ့အစိတ်အပိုင်းဖြစ်ခွင့်ရတာလည်း သိပ်ကောင်းတဲ့ခံစားချက်တစ်ခုပါပဲ။ ကျွန်တော့်ကို ဆွဲဆောင်ခဲ့တဲ့အရာအများကြီးရှိပါတယ်။ ကျွန်တော်ငယ်ငယ်ကတည်းက ပရီးမီးယားလိဂ်ပွဲတွေကြည့်ရင်း ဆောက်သမ်တန်ကို သိပါတယ်။ လိဂ်ကလည်း ကမ္ဘာ့အကောင်းဆုံးလိဂ်တစ်ခုပါ”ဟု ကော်ရီလိုကပြောသည်။

ကော်ရီလိုအနေဖြင့် အာဂျင်တီးနားကလပ် အက်စ်တူဒီယန်တီအသင်းတွင်လက်တွဲခဲ့ဖူးသည့် နည်းပြ ပယ်လီဂရီနိုနှင့် ပြည်လည် လက်တွဲရမည်ဖြစ်သည်။

ကော်ရီလိုသည် ၂၀၁၅ တွင် အက်စတူဒီယန်တီမှပြောင်းလာပြီးနောက် မိုနာကိုအတွက် ဂိုး ၂၀ သွင်းထားပြီး ယမန်နှစ်ကလည်း အသင်းကို ပြင်သစ်လိဂ် ၁ ဖလားရအောင် ကူညီပေးနိုင်ခဲ့သည်။

နောက်ခံလူဗန်ဒိုက်ကို ပေါင် ၇၅ သန်းဖြင့်လီဗာပူးလ်ထံရောင်းထားသည့် ဆောက်သမ်တန်တွင် ဂိုးအများဆုံးသွင်းပေးထားသည့် အော်စတင်ဒဏ်ရာရနေချိန်၌ ရှိန်းလောင်းနှင့် ဂက်ဘီယာဒီနီတို့မှာလည်း ဂိုးရရန်ရုန်းကန်နေရသဖြင့် ခံစစ်ထက် တိုက်စစ်ကို ဦးစားပေးဖြည့်တင်းလိုနေသည်။

အသင်းအနေဖြင့် ပေါင်သန်း ၃၀ တန် စပါးတပ်မော်စကိုတောင်ပံကစားသမား ကွင်စီပရုန်းစ်ကိုလည်း ချိတ်ဆက်လျှက်ရှိသည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly