အသင်းတစ်သင်းတည်းအဖြစ် ပေါင်းစည်း ပြိုင်ပွဲဝင်ရန် မြောက်ကိုရီးယား အမျိုးသမီး ဟော်ကီအသင်း တောင်ကိုရီးယားသို့ ရောက်ရှိလာ

အသင်းတစ်သင်းတည်းအဖြစ် ပေါင်းစည်း ပြိုင်ပွဲဝင်ရန် မြောက်ကိုရီးယား အမျိုးသမီး ဟော်ကီအသင်း တောင်ကိုရီးယားသို့ ရောက်ရှိလာ

 

ဇန်နဝါရီ ၂၅ ။             ။ လာမည့် အိုလံပစ်ပြိုင်ပွဲတွင် နှစ်နိုင်ငံ ပေါင်းစည်း ပြိုင်ပွဲဝင်သွားရန်အတွက် မြောက်ကိုရီးယား အမျိုးသမီး ရေခဲပြင်ဟော်ကီအသင်းသူများ ဇန်နဝါရီ ၂၅ ရက်က နယ်စပ်ကနေတဆင့် တောင်ကိုရီးယားသို့ ရောက်ရှိလာကြပြီ ဖြစ်သည်။

အသင်းသူ ၁၂ ဦးပါဝင်သော မြောက်ကိုရီးယား ဟော်ကီအသင်းသည် ယခုအခါ တောင်ကိုရီးယား အမျိုးသမီး ဟော်ကီအသင်းသူများနှင့် ပူးပေါင်းလေ့ကျင့်သွားကြမည်ဖြစ်ပြီး လာမည့် လ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲတွင် တစ်သင်းတည်းသော ကိုရီးယားဟော်ကီတစ်သင်းအဖြစ် ဝင်ပြိုင်ကြမည် ဖြစ်သည်။

ယခုကဲ့သို့ နှစ်နိုင်ငံ ပူးပေါင်းပြီး တစ်ခုတည်းသော အသင်းအဖြစ် ပြိုင်ပွဲဝင်မှုမှာ ဆယ်စုနှစ် သုံးစုနီးပါးအတွင်း ပထမဆုံးအကြိမ်လည်း ဖြစ်လာခဲ့သည်။။

မြောက်ကိုရီးယား၏ နျူကလီးယားစမ်းသပ်ချက်များကြောင့် တင်းမာမှု မြင့်တက်နေခဲ့သည့် ကိုရီယားကျွန်းဆွယ်ဒေသတွင် ယခုကဲ့သို့ ပြုံချန်း ဆောင်းရာသီ အိုလံပစ်ပွဲက  နှစ်နိုင်ငံ အကြား ပြန်လည် ရင်းနှီးစေနိုင်မည့် နည်းလမ်းတစ်ခုအဖြစ် ပေါ်ပေါက်လာခဲ့ခြင်းလည်း ဖြစ်သည်။

သို့ရာတွင် ယခုကဲ့သို့ တောင်-မြောက် နှစ်နိုင်ငံ ပူးပေါင်း ပြိုင်ပွဲဝင်မည့် ကိစ္စကြောင့် တောင်ကိုရီးယားဘက်တွင်မူ အငြင်းပွားမှုတစ်ချို့ရှိနေပြီး ယခုအစီအစဉ်ကြောင့် ၎င်းတို့၏ ကစားသမားတစ်ချို့ အိုလံပစ်ပြိုင်ပွဲဝင်ခွင့် ဆုံးရှုံးလိုက်ရပြီဆိုပြီး စွပ်စွဲမှုများ ထွက်ရှိနေလျက်ရှိပါတယ်။

အိုလံပစ်ပြိုင်ပွဲအတွက် တောင်ကိုရီးယား အမျိုးသမီး ဟော်ကီအသင်းသား ၂၃ ဦးစာရင်းတွင် မြောက်ကိုရီးယားဘက်မှ အားကစားသမား ၁၂ ဦး ထည့်သွင်းပြီး တစ်သင်းတည်းသော ကိုရီးယားအသင်းအဖြစ် ပူးပေါင်းယှဉ်ပြိုင်စေမည့် အစီအစဉ်ကို ကိုရီးယားနှစ်နိုင်ငံစလုံးနှင့် နိုင်ငံတကာ အိုလံပစ်ကော်မတီတို့က သဘောတူညီပေးထားပြီး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly