ပဲခူးတိုင်း ၀န်ကြီးနှစ်ဦး ခန့်အပ်မှု လွှတ်တော်အတည်ပြု

ပဲခူးတိုင်း ၀န်ကြီးနှစ်ဦး ခန့်အပ်မှု လွှတ်တော်အတည်ပြု

 

ရန်ကုန် ၊ ဇန်နဝါရီ ၂၅ ။                  ။ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လစ်လပ်ဝန်ကြီးဌာန(၂) နေရာအတွက် ဝန်ကြီး ၂ ဦး ၏ အမည်စာရင်းကို ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က လွှတ်တော်သို့ တင်သွင်းခဲ့ပြီးနောက် တိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုပေးခဲ့သည်။

ယနေ့ ကျင်းပသည့် ပဲခူးတိုင်းဒေသကြီး လွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၁၈) ပထမနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်း ဝန်ကြီးချုပ် ဦးသိန်းဝင်းက အမည်စာရင်းတင်သွင်းခဲ့ခြင်းဖြစ်သည်။

သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် သနပ်ပင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာစောညိုဝင်း နှင့် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာနဝန်ကြီးအဖြစ် အုတ်ဖိုမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) ဒေါ်ညွန့်ညွန့်ဋ္ဌေး ကို အမည်စာရင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

"အခုမှ လောလောလတ်လတ် ခန့်အပ်ခံရတာပဲ ရှိပါသေးတယ်။ ဌာနမှာ တကယ်တမ်း  ဝင်ရောက်လုပ်ကိုင်ပြီ ဆိုတော့မှ  အခြေအနေအရပ်ရပ်အပေါ်မှာ မူတည်သုံးသပ်ပြီး ဆုံးဖြတ်ချက်ချရမှာတွေ လုပ်ဆောင်ရမှာတွေ ရှိပါတယ်။ဒါကြောင့် မပြောနိုင်သေးပါဘူး"ဟု  စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာနဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသည့် ဒေါ်ညွန့်ညွန့်ဋ္ဌေးက ဆိုသည်။

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းစံ နှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးမောင်မောင်လွင်တို့နှစ်ဦးက ဇန်နဝါရီ ၁၀ ရက်နေ့ ညနေပိုင်းတွင် နှုတ်ထွက်သွားခြင်းကြောင့် လစ်လပ်နေရာများကို ခန့်အပ်ခြင်းလည်း ဖြစ်သည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly