တေးဂီတ ဖျော်ဖြေတင်ဆက်မှုပါ ပါ၀င်မည့် ငယ်ကျွန် ရုပ်ရှင် အမှတ်တရ လက်မှတ်ရေးထိုးပွဲ

တေးဂီတ ဖျော်ဖြေတင်ဆက်မှုပါ ပါ၀င်မည့် ငယ်ကျွန် ရုပ်ရှင် အမှတ်တရ လက်မှတ်ရေးထိုးပွဲ

 

ရန်ကုန် ၊ ဇန်နဝါရီ ၂၅။              ။ ငယ်ကျွန် ရုပ်ရှင်ဇာတ်ကားတွင် နောက်ခံ တေးဂီတ ဖန်တီးခဲ့သူ ဓီရာဘ်မိုအဖွဲ့နှင့် အဆိုတော် ဂျီလတ် ၏ ဖျော်ဖြေတင်ဆက်မှုတို့ကို  ရုပ်ရှင် စတင် ရုံတင် ပြသမည့် ဇန်နဝါရီ ၂၆ရက်တွင် နဝဒေး ရုပ်ရှင်ရုံ၌ ကျင်းပ ပြုလုပ်မည် ဖြစ်သည်။

ငယ်ကျွန် ရုပ်ရှင်ဇာတ်ကားကို ဇန်နဝါရီ ၂၆ရက်တွင် စတင်ပြသမည် ဖြစ်ပြီး အဆိုပါနေ့တွင် နဝဒေး ရုပ်ရှင်ရုံ၌ ဓီရာလ်အဖွဲ့မှ နောက်ခံ တေးဂီတကို လက်စွမ်းပြ တီးခတ်မည် ဖြစ်ပြီး ငယ်ကျွန် ဇာတ်ဝင် တေးသီချင်းကို အဆိုတော် ဂျီလတ်က သီဆို ဖျော်ဖြေမည် ဖြစ်သည်။

ထိုအပြင် ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားသည့် သရုပ်ဆောင် လူမင်း ၊ အောင်ရဲလင်း ၊ စိုးမြတ်သူဇာ ၊ ရွှေမှုံရတီ တို့က ပရိသတ်များနှင့် တွေ့ဆုံပြီး အမှတ်တရ လက်မှတ်ရေးထိုးကာ မေတ္တာလက်ဆောင်များလည်း ပေးသွားမည် ဖြစ်သည်။

အဆိုပါ ဇာတ်ကား သည် မေတ္တာရောင်ပြန် ထုတ်လုပ်ရေးမှ စီစဉ်ပြီး ဇာတ်လမ်း မြိတ်တင်အောင် ၊ ဇာတ်ညွှန်း အင်ကြင်းဟန် ဖြစ်ပြီး ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးထားကာ သရုပ်ဆောင်များအဖြစ် လူမင်း ၊ အောင်ရဲလင်း ၊ စိုးမြတ်သူဇာ ၊ ရွှေမှုံရတီ တို့က အဓိက သရုပ်ဆောင်ထားကြသည်။

ထိုရုပ်ရှင်ဇာတ်ကား သည် ဒရာမာ ရုပ်ရှင် ဇာတ်ကားဖြစ်ပြီး ရိုက်ကူးရန် ၂လကြိုတင်ပြင်ဆင်ခဲ့ကာ လွမ်းမော ဖွယ် ၊ နာကျည်းဖွယ် အချစ်တို့၏ အားပြိုင်မှုတို့ဖြင့် ခြယ်မှုန်းထားသလို ၁၅၀၀ အချစ် နှင့် မိဘမေတ္တာ ကြား လွန်ဆွဲမှုတွေကို ပရိသတ်များ ကြည့်ရှုရမည် ဖြစ်ကာ ထိုဇာတ်ကားတွင် သရုပ်ဆောင် အောင်ရဲလင်း သည် ပုံစံ နှစ်မျိုးဖြင့် သရုပ်ဆောင် ထားသည်။

ငယ်ကျွန် ရုပ်ရှင်ဇာတ်ကား၏ အဓိက ဇာတ်ဝင်တေးသီချင်းကို တေးရေး ဇဝါ မှ ရေးသားပေးထားခြင်း ဖြစ်ပြီး အဆိုတော် ဂျီလတ်က သီဆိုပေးထားခြင်းဖြစ်ကာ Immortal Band မှ တီးခတ်ပေးထားသည့် ဇာတ်ဝင်တေး တစ်ပုဒ် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly