မင်္ဂလာအဆောင်ကောင်းလို့ ထောင်နန်းစံရမယ့်အရေးနဲ့ရင်ဆိုင်နေရတဲ့ အက်သလက်တီကိုကစားသမား

မင်္ဂလာအဆောင်ကောင်းလို့ ထောင်နန်းစံရမယ့်အရေးနဲ့ရင်ဆိုင်နေရတဲ့ အက်သလက်တီကိုကစားသမား

 

ဇန်နဝါရီ ၂၅၊ မက်ဒရစ်။          ။ အက်သလက်တီကိုနောက်ခံလူ လူးကပ်စ် ဟာနန်ဒက်ဇ်တစ်ယောက် သူ့ချစ်သူနဲ့မင်္ဂလာဆောင်မိလို့ ထောင်တစ်နှစ်ကျခံရမယ့် အရေးနဲ့ရင်ဆိုင်နေရပါတယ်။

အသက် ၂၁ နှစ်အရွယ် နောက်ခံလူနဲ့ သူ့ချစ်သူ အမ်မလီယာ အော့ဆာ လိုရန်တီတို့ဟာ ပြီးခဲ့တဲ့နှစ်က ချစ်သူချင်း ရန်ဖြစ်ကြရင်း ရုံးရောက်၊ ဂတ်ရောက်ဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက် ၆ လမတွေ့ရဘူးလို့ တရားရုံးမှာအမိန့်ချခံထားရသူတွေပါ။

သူတို့နှစ်ဦးစလုံး လူမှုရေးလုပ်ငန်းတွေလုပ်ဖို့အမိန့်ချခံထားရတဲ့အပြင် တစ်ယောက်နဲ့တစ်ယောက် မီတာ ၅၀၀ အတွင်းအတူ မရှိစေရလို့ ကန့်သတ်ခံထားရပါတယ်။

ဒါပေမဲ့လည်း ပြစ်ဒဏ်ချခံရပြီး ၄ လအကြာမှာတော့ အဲဒီပြင်သစ်သားဟာ လက်စ်ဗီးဂတ်စ်မြို့ကိုသွားပြီး လိုရန်တီနဲ့ မင်္ဂလာ ဆောင်လိုက်ပါတော့တယ်။ ပျော်နေတဲ့မင်္ဂလာစုံတွဲဟာ ဘဟားမားစ်ကို ဟန်နီးမွန်းတောင်ထွက်လိုက်ပါသေးတယ်။

အဲဒီနောက် မက်ဒရစ်ကိုပြန်လာကြရာမှာ လေဆိပ်မှာပဲအဖမ်းခံခဲ့ရပြီး ဟာနန်ဒက်ဇ်ဟာ အချုပ်ထဲမှာတစ်ညအိပ်ခဲ့ရပါတယ်။ အခု အခါမှာတော့ စပိန်အမှုလိုက်တွေဟာ ဟာနန်ဒက်ဇ်ကို   ထောင်တစ်နှစ်ချဖို့ တောင်းဆိုနေကြတယ်လို့ မာကာသတင်းမှာ ရေးထားပါတယ်။

လိုရန်တီကိုတော့ ပြန်လွှတ်ပေးခဲ့ပြီး နောက်ထပ်အရေးယူခံရမှာမဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။ ဘောလုံးသမားတွေရင်ဆိုင် ရတဲ့ အမှုအခင်းတွေထဲမှာ ဒီအမှုကတော့ ထူးခြားတယ်လို့ပဲ ဆိုရတော့မှာပါ။

Ref; Mirror

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly