နိုင်ငံရေးတွင် ရန်သူမရှိဘဲ ပြိုင်ဆိုင်မှုသာရှိကြောင်း ဦးသန်းဌေးပြော

နိုင်ငံရေးတွင် ရန်သူမရှိဘဲ ပြိုင်ဆိုင်မှုသာရှိကြောင်း ဦးသန်းဌေးပြော

နိုင်ငံရေးလုပ်ဆောင်ရာတွင် ရန်သူမရှိကြောင်းနှင့်ပြိုင်ဆိုင်မှုသာရှိသည်ဟု ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး က ဇန်နဝါရီလ ၂၄ ရက်၊ နံနက် ၉နာရီ၊၃၀မိနစ်က မန္တလေးတိုင်းဒေသကြီး   ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၌ ပြုလုပ်သည့် ပါတီဝင်အမျိုးသမီးထုတွေ့ဆုံဆွေးနွေးပွဲတွင် ပြောသည်။

"နိုင်ငံရေးလုပ်တယ်ဆိုတဲ့နေရာမှာ ရန်သူမရှိပါဘူး ။ပြိုင်ဆိုင်မှုပဲ ရှိတယ်။ ဘာတွေပြိုင်မလဲ။ တိုင်းပြည်နဲ့ လူထုအပေါ်မှာထားတဲ့ သစ္စာတရား ပြိုင်မယ်။ အလုပ်ပြိုင်မယ်။ စေတနာ ပြိုင်မယ်။ အဲဒါကို နိုင်အောင် ပြိုင်နိုင်တဲ့ လူလက်ထဲကို လုပ်ပိုင်ခွင့်တွေ ရောက်လာမယ်။ လုပ်ပိုင်ခွင့်ကို တစ်နည်းအားဖြင့် အာဏာလို့ ခေါ်တယ်။ တိုက်ယူလို့ မရဘူး။ တောင်းယူလို့ မရဘူး။ လုပ်ယူမှ ရမယ်။"ဟု ဦးသန်းဌေးက ပြောသည်။

ဆက်လက်၍ ဦးသန်းဌေးက "ကျွန်တော်တို့တိုင်းပြည်က ကျွန်တော်တို့လူမျိးက မညံ့ပါဘူး။ ယှဉ်စရာမရှိတဲ့ အချိန်မှာတော့ တစ်ခုတည်း ပုံရတယ်။ အားမလို အားမရဖြစ်တာတွေ လူ့စိတ်ဆန္ဒနဲ့မကိုက်ညီတာတွေ ဒါတွေကို ပြောင်းပစ်လိုက်ချင်တာတွေ ယှဉ်ပြိုင်စရာရှိလာတဲ့အခါမှာ သူ့အလိုလို သိလာမယ်။ ဘယ်သူဟာ သစ္စာရှိသလဲ။ ဘယ်သူဟာ လုပ်အားရှိသလဲ။ ဘယ်သူဟာ စေတနာရှိသလဲ။မြန်မာလူမျိုးတွေ မညံ့ပါဘူး။ ဒါကြောင့်မို့လို့ မိမိတို့မှာရှိထားပြီးသားဖြစ်တဲ့ တိုင်းပြည်ပေါ်မှာထားတဲ့ သစ္စာတရား၊ စေတနာလုပ်အား ခင်ဗျားတို့ ဆက်ပြီးတော့ ယူဆောင်သွားပါ။"ဟု ပြောသည်။

ပြည်ခိုင်ဖြိုးပါတီဝင် အမျိးသမီးထုအနေဖြင့် ယခုထက် ပိုမို အင်အားရှိလာစေရန် ဆောင်ရွက်သွားကြဖို့ကိုလည်း တိုက်တွန်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly