အဆင့်ဆင့်လက်လွှဲရောင်းချထားသည့် ရုပ်ရှင်ရုံ အား လာမည့်ဖေဖော်ဝါရီလတွင် Drawing မတင် ပြနိုင်ပါက အစိုးရက ကိုင်တွယ်မည်

အဆင့်ဆင့်လက်လွှဲရောင်းချထားသည့် ရုပ်ရှင်ရုံ အား လာမည့်ဖေဖော်ဝါရီလတွင် Drawing မတင် ပြနိုင်ပါက အစိုးရက ကိုင်တွယ်မည်

 

ရန်ကုန် ဇန်နဝါရီ ၂၄ ။                 ။ ယခင်အစိုးရလက်ထက်က အဆင့်ဆင့်လက်လွှဲ ရောင်းချခဲ့သည့် ရန်ကုန်၊ တောင်ဒဂုံမြို့နယ်၊ ၂၀ ရပ်ကွက်က ရုပ်ရှင်ရုံမြေနေရာတွင် ရုပ်ရှင်ရုံဆောက် ရန် လာမည့်ဖေဖော်ဝါရီလထဲ၌ Drawing မတင် ပြနိုင်ပါက ယင်းကိစ္စကို အစိုးရက ကိုင်တွယ်ဆောင် ရွက်သွားမည်ဟု တောင်ဒဂုံမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောကြားသည်။

ယခုလတ်တလောတွင် အချိန် ၆ လ ပေး၍ စောင့် ကြည့်နေပြီး ၆ လ ကျော်ပါက အစိုးရမှ ပြန်သိမ်း မည်ဟု အသိပေးထားသော်လည်း ယခုအချိန်အထိ လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိသေးကြောင်း သိရသည်။

" ကျွန်တော်တို့သိသလောက်ကတော့ လှုပ်တောင် မလှုပ်သေးဘူးလို့ပြောလို့ရတယ်၊ သူတို့ကိုတော့ ကျွန်တော်တို့က သတ်မှတ်တဲ့ကာလတစ်ခုအထိ တော့ စောင့်ကြည့်ရမှာပဲ" ဟု တောင်ဒဂုံမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီ က မဇ္ဈိမသို့ ပြောသည်။

လက်လုပ်လက်စားအများစုနှင့် လူဦးရေ ၅ သိန်း ဝန်းကျင် နေထိုင်နေသည့် ရန်ကုန်တိုင်း၊ တောင် ဒဂုံမြို့နယ်တွင် ပြည်သူများ အပန်းဖြေရန်အတွက် ရုပ်ရှင်ရုံတည်ဆောက်ပေးရန် လွှတ်တော်ကိုယ်စား လှယ် ဦးညီညီက ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်တွင် တောင်းဆိုခဲ့သည်။ ယင်းမြေနေရာ များကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကရင်တိုင်းရင်း သားရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးနှင့် ကွင်း ဆင်းစစ်ဆေးခဲ့ပြီးနောက် အဆင့်ဆင့်လက်လွှဲ ရောင်းချထားပြီး လုပ်ငန်းအကောင်အထည်ဖော် ခြင်းမရှိကြောင်း သိရှိခဲ့သည်။

ယင်းမြေနေရာတွင် ရုပ်ရှင်ရုံဆောက်ရန် အစိုးရအဖွဲ့က အစည်းအဝေးခေါ်၍ ၆ လအတွင်း ဆောက် လုပ်ရန်နှင့် ပထမ ၃ လတွင် Drawing တင်ပြ ၍ ဒုတိယ ၃ လတွင် အဆောက်အဦး ဖောင်ဒေးရှင်း ချခြင်းများ ဆောင်ရွက်ရန်အသိပေးထားသည်။ ပြီး ခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်၍ စောင့် ကြည့်ကာလအဖြစ် သတ်မှတ်ထားသည်ဟု တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ၏ ပြောပြချက်အရ သိရသည်။

" ကျွန်တော်တို့ ဒီ ၂ လပိုင်းကုန်လို့မှ ဆောက်လုပ် မယ့် ဒီ Drawingတွေ မတင်နိုင်ဘူးဆိုရင်တော့ အစိုးရကနေ ဒါကို ကိုင်တွယ်သွားမယ်၊ ကတ်ဘိ နက်အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ဆက်လုပ်စရာ ရှိတာ လုပ်သွားမယ်၊ အခုဟာက အရင်လုပ်တဲ့သူ ကို ဦးစားပေးတဲ့အနေနဲ့ Drawingတွေ ၃ လ အတွင်း အပြီးတင်ဖို့ ပြောထားတယ်" လွှတ်တော် ကိုယ်စားလှယ် ဦးညီညီက ပြောသည်။

သတ်မှတ်ထားသည့်ကာလအတွင်း ဆောင်ရွက် ခြင်းမရှိပါက အစိုးရမှကိုင်တွယ်၍ အခြားလုပ်ကိုင် နိုင်သူများကို ဖိတ်ခေါ်ဆောင်ရွက်စေမည်ဖြစ် ကြောင်း တောင်ဒဂုံမြို့နယ်၊ တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဦးညီညီက ဆက်ပြောသည်။

အဆိုပါ ၂ဝ ရပ်ကွက်၊ ရုပ်ရှင်ရုံဆောက်မည့် မြေနေ ရာသည် ၁ ဧကနီးပါးရှိပြီး၊ ရုပ်ရှင်ရုံဆောက်မည့် မြေကို လုပ်ငန်းရှင်တစ်ဦးက ၃ နှစ် စာချုပ်ဖြင့် ငှားရမ်းခဲ့ပြီး၊ ယခင်အစိုးရလက်ထက်တွင် အိုးအိမ် ဋ္ဌာနက ရောင်းခွင့်၊ပေါင်နှံခွင့်ရှိသည့် နှစ် ၆ဝ ဂရမ် ထုတ်ပေးခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly