အိန္ဒိယ ဝန်ကြီးချုပ် အဖွင့်မိန့်ခွန်းဖြင့် ဒါဗိုကမ္ဘာ့စီးပွားရေးဖိုရမ် စတင်

အိန္ဒိယ ဝန်ကြီးချုပ် အဖွင့်မိန့်ခွန်းဖြင့် ဒါဗိုကမ္ဘာ့စီးပွားရေးဖိုရမ် စတင်

ဒါဗို၊ ဇန်နဝါရီ ၂၃ ။          ။ ဆီးနှင်းများ ထူထူထဲထဲ ကျဆင်းနေသည့် ဆွစ်ဇာလန်နိုင်ငံ ဒါဗိုမြို့တွင် ကမ္ဘာ့စီးပွားရေးဖိုရမ်ကို စတင်ကျင်းပလျက် ရှိပြီဖြစ်သည်။

အားကောင်းသော ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးမှု အခြေအနေတွင် ကျင်းပလာသည့် ဖိုရမ်အစည်းအဝေးတစ်ရပ်ဖြစ်သော်လည်း ကမ္ဘာ့ဆင်းရဲချို့တဲ့သူများအရေး သတိပေးချက်များ ရှိနေစဉ် ကျင်းပသော အစည်းအဝေးတစ်ရပ်လည်းပဲ ဖြစ်သည်။

အဆိုပါ ဖိုရမ်တွင် အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီက အဖွင့်မိန့်ခွန်း ပြောကြားပြီး အဓိကမိန့်ခွန်းအဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားမည်ဖြစ်သည်။

သို့သော် အမေရိကန်နိုင်ငံအတွင်း အသေးသုံးဘတ်ဂျက်အတည်ပြုမှုနှင့် ပတ်သက်ပြီး လွှတ်တော်တွင် သဘောတူညီမှု မရရှိခဲ့၍ အစိုးရယန္တရား တန့်ရပ်မှု ဖြစ်ခဲ့ချိန်တွင် သမ္မတ ထရမ့်၏ ဒါဗိုသို့ လာရောက်မည့် ခရီးစဉ်က နှောင်နှေးမှု ရှိနေခဲ့သည်။ သို့သော် လွှတ်တော်တွင် ဘတ်ဂျက်ကိစ္စ အတည်ပြုမှု ဇန်နဝါရီ ၂၂ ရက်တွင် ရသွားပြီဖြစ်ရာ သမ္မတအနေဖြင့် လွတ်လပ်စွာ လာရောက်နိုင်ပြီဟု အိမ်ဖြူတော်က ထုတ်ပြန်သည်။

ကမ္ဘာ့စီးပွားရေးနှင့် ပတ်သက်ပြီး သတိပေးချက်များ ရှိထားရာတွင် ဒါဗိုဖိုရမ်ကဲ့သို့သော အထင်ကရအစည်းအဝေးများအနေဖြင့် ဝင်ငွေနည်းပြည်သူများအရေးကို ဖြေရှင်းနိုင်ရေးအတွက် ဦးတည်ချက်ထားရန် ဖြစ်သည်။

“ကျွန်မတို့ ကမ္ဘာ့စီးပွားရေးနဲ့ ပတ်သက်ပြီး စိတ်အားတက်မှု ရှိနေသင့်ပါတယ်။

ဒါပေမယ့် ကျေနပ်နေလို့တော့ မရပါ။”ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF အကြီးအကဲ ခရစ္စတင်းလာဂတ်က ဇန်နဝါရီ ၂၂ ရက်တွင် ပြောထားသည်။ IMF အနေဖြင့် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှုကို မြင့်တင်ခန့်မှန်းထားသည်။

“အားလုံးထဲမှာ ဦးစားပေးရမှာက ပြန်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးမှုအရှိန်တွေကနေ ပြတ်ကျန်ခဲ့တဲ့ များစွာသော လူတွေအရေးကို ဦးစားပေးဖြေရှင်းဖို့ လုပ်ကြရပါမယ်။”ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly