အင်ဒိုနီးရှားတွင် အားပြင်း ငလျင်လှုပ်၍ ပြည်သူများ အထိတ်တလန့် ဖြစ်

အင်ဒိုနီးရှားတွင် အားပြင်း ငလျင်လှုပ်၍ ပြည်သူများ အထိတ်တလန့် ဖြစ်

ဇန်နဝါရီ ၂၃ ။             ။ အင်ဒိုနီးရှားနိုင်ငံမှာ ဇန်နဝါရီ ၂၃ ရက်က အားပြင်း ငလျင်တစ်ခုလှုပ်ခဲ့ခြင်းကြောင့် မြို့တော် ဂျာကာတာရှိ ပြည်သူများ အထိတ်တလန့် ဖြစ်ခဲ့ကြရသည်။

ပြင်းအား ၆ အဆင့်ရှိ အဆိုပါ အားပြင်း ငလျင်လှုပ်ခတ်စဉ် အဆောက်အအုံများထဲမှ လူများ အလန့်တကြား အပြင်သို့ ထွက်ပြေးခဲ့ကြရသကဲ့သို့ ဆိုင်ကယ်သမားများလည်း လမ်းပေါ် မောင်းနှင်သွားလာနေချိန် ငလျင်ကြောင့် အားချင်း ရပ်တန့်ခဲ့ကြရသည်ဟု သိရသည်။

ငလျင်ကြောင့် နေအိမ်အများအပြား ထိခိုက်ပျက်စီးသွားပြီး ထိခိုက်ဒဏ်ရာရသူတစ်ချို့ ရှိခဲ့ကြောင်း ကနဦး သတင်းများအရ သိရသည်။

ငလျင်လှုပ်ပြီး လူအသေအပျောက် သတင်းမကြားရသေးသော်လည်း ငလျင် ဗဟိုချက်အနီး ဂျာဗားကျွန်းပေါ်ရှိ အထက်တန်းကျောင်းတစ်ခု၌ အမိုးပြိုကျ၍ ကျောင်းသားကျောင်းသူ ခြောက်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု အစိုးရကထုတ်ပြန်သည်။

အဆိုပါ ငလျင်သည် မြေအောက် အနက် ၄၃ ကီလိုမီတာတွင် လှုပ်သွားခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် ဘူမိ လေ့လာတိုင်းတာရေးဌာနက ထုတ်ပြန်သည်။

လက်ရှိအချိန်ထိတော့ ဆူနာမီ ရေလှိုင်းအန္တရာယ်သတိပေးချက်များ ထုတ်ပြန်ထားခြင်းမရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly