မလေးရှားထိုင်းနယ်စပ်တွင် လူကုန်ကူးခံရသူများကို မြှုပ်နှံထားသည့် သချုႋများ ထပ်မံတွေ့ရှိပြန်

မလေးရှားထိုင်းနယ်စပ်တွင် လူကုန်ကူးခံရသူများကို မြှုပ်နှံထားသည့် သချုႋများ ထပ်မံတွေ့ရှိပြန်

မလေးရှား ပါလစ်နှင့် ထိုင်းနိုင်ငံကြား နယ်စပ်ဧရိယာတွင် နောက်ထပ်သချုႋင်းသုံးလေးခုကို ထပ်မံတွေ့ရှိခဲ့သည်ဟု မလေးရှားရဲ့ သြဂုတ်လ ၂၂ရက်နေ့ နှောင်းပိုင်းတွင် အတည်ပြု ပြောကြားခဲ့သည်။

ထိုသချုႋင်းများမှာ  အစောပိုင်းက တွေ့ရှိခဲ့သည့် မူလသချုႋင်းများ၏ အစိတ်အပိုင်းဖြစ်ကြောင်းလည်း ရဲစစ်ဆေးရေးမှူးချုပ် တန်ဆရီ ခါလစ် အဘူဘာခါက ပြောကြားခဲ့သည်။

အရာရှိ၁၅ဦးနှင့် ရဲသား ၁၀၈ယောက်ပါဝင်သည့် အဖွဲ့တစ်ဖွဲ့က ဘူကစ်ဝမ်ဘားမားနှင့် ဝမ် ကီလျန်တို့တွင် မြန်မာနိုင်ငံမှ လူကုန်ကူးခံရသည့် ရိုဟင်ဂျာများဖြစ်ဖွယ်ရှိသည့် နောက်ထပ် အရိုးစုရုပ်အလောင်း၂၄ခုကို ကိုယ်တိုင်ကိုယ်ကျ တူးဖော်တွေ့ရှိခဲ့ကြခြင်းဖြစ်သည်ဟု ပါလစ်ရဲတပ်ဖွဲ့က ထပ်လောင်းပြောကြားခဲ့သည်။

ယခုတွေ့ရှိရသည့် သင်္ချ ိုင်းများမှာ မေလက ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည့် သင်္ချ ိုင်းများအနီးတွင် တည်ရှိသည်ဟု နိုင်ငံတော် လုံခြုံရေးတပ်ဖွဲ့မှ သတင်းရင်းမြစ်တစ်ခုက အတည်ပြုပြောကြားခဲ့သည်။

ယခုသချုႋင်းအသစ်များမှ တူးဖော်တွေ့ရှိရသည့် ရုပ်အလောင်းများကို သေဆုံးရသည့် အကြောင်းရင်း စစ်ဆေးရန်အတွက် ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု ပါလစ်ရဲချုပ် အကြီးတန်း လက်ထောက်ကော်မရှင်နာ ရှဖီ အစ္စမေးက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်မေလကလည်း ဘူကစ်ဝမ်ဘားမားနယ်မြေတွင် လူကုန်ကူးခံရသူများ၏ ရုပ်အလောင်းများကို မြှုပ်နှံထားသည့် သချုႋင်းသုံးလေးခုကို တူးဖော်တွေ့ရှိခဲ့သည်ဟုဆိုသည်။

သစ်တောထူထပ်သည့် ထိုင်း-မလေးရှားနယ်စပ်မှာ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်မှ လူများကို အခြားအရှေ့တောင်အာရှနိုင်ငံများသို့ ခိုးသွင်းပေးနေသည့် လူမှောင်ခိုသမားများအတွက် လက်ပြောင်းလက်လွှဲလုပ်ရာ တစ်ထောက်နားစခန်းတစ်ခုဖြစ်နေသည်ဟု ဆိုသည်။

Ref: CNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly