အိန္ဒိယ- မြန်မာ အမျိုးသမီးဘောလုံးအသင်းများ ချစ်ကြည်ရေးဘောလုံးကစားမည်

အိန္ဒိယ- မြန်မာ အမျိုးသမီးဘောလုံးအသင်းများ ချစ်ကြည်ရေးဘောလုံးကစားမည်

 

မုံရွာ၊ ဇန်နဝါရီ ၂၃။             ။ အိန္ဒိယ- မြန်မာ အမျိုးသမီးဘောလုံးအသင်းများ နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက်  လာမည့် ဇန်နဝါရီလ ၂၇၊ ၂၈ ရက်တို့တွင် မန္တလေးမြို့၊ မန္တလာသီရိ အားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည် ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သတင်းရရှိသည်။

အဆိုပါ ချစ်ကြည်ရေးဘောလုံးပွဲကို အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီး အမျိုးသမီးအသင်း ၊ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

"မန္တလေးတိုင်းအမျိုးသမီးအသင်းက အိန္ဒိယမှာ ချစ်ကြည်ရေးသွားကစားပြီးပြီ။ အခု အိန္ဒိယက ပြန်လာပြီး ကစားတာ။ ဝန်ကြီးချုပ်က စစ်ကိုင်းတိုင်းအသင်းလည်း ချစ်ကြည်ရေးကစားမယ် ဆိုပြီး စစ်ကိုင်းတိုင်း အသင်း လည်း ပါဝင်ကစားဖြစ်သွားတာပါ။" ဟု တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အိန္ဒိယ မဏိပူရ်ပြည်နယ်လက်ရွေးစင်အသင်းသည် လာမည့် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီး အမျိုးသမီးလက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဇန်နဝါရီ ၂၈ ရက်တွင် မန္တလေးတိုင်း အမျိုးသမီးလက်ရွေးစင်အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly