ဂျပန်၌ မီးတောင်ပေါက်ကွဲမှုဖြစ်ပွား၍ လူ ၄ ဦးဒဏ်ရာရပြီး ၁ ဦးပျောက်ဆုံး

ဂျပန်၌ မီးတောင်ပေါက်ကွဲမှုဖြစ်ပွား၍ လူ ၄ ဦးဒဏ်ရာရပြီး ၁ ဦးပျောက်ဆုံး

တိုကျို၊ ဂျပန်၊ ဇန်နဝါရီ ၂၃ ။           ။ ဂျပန်နိုင်ငံရှိ နှင်းလျောစကိတ်အားကစားကွင်းအနီး၌ အင်္ဂါနေ့တွင် မီးတောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် ဆီးနှင်းထုများပြိုကျခဲ့ပြီး လူ ၄ ဦးခန့်ဒဏ်ရာရရှိကာ တစ်ဦးပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက ဆိုခဲ့သည်။

ဂျပန်မိုးလေဝသအေဂျင်စီသည် ကူဆတ်ဆုရှိရာနီတောင်ကြီး၌ မီးတောင်ပေါက်ကွဲမှုဖြစ်စဉ် ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရသောကြောင့် တောင်အနီးအနားတွင်နေထိုင်သူများကို ထိုတောင်ကြီးမှခပ်ဝေးဝေးနေထိုင်ကြရန် သတိပေးတိုက်တွန်းထားခဲ့သည်။

တိုကျိုမြို့အနောက်မြောက်ပိုင်း ဂန်မာအရပ်ရှိ နှင်းလျောစကိတ်အားကစားကွင်းမှ လူ ၄ ဦးခန့်ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး တစ်ဦးခန့်ပျောက်ဆုံးနေကြောင်း ဂျပန်အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ယိုရှီဟီဒီဆူဂါက ပြောခဲ့သည်။

ဒေသတွင်းမီးသတ်ဌာနမှ အကြီးအကဲဖြစ်သူ ယူဂျီရှီနိုဟာရာက ထိခိုက်ဒဏ်ရာရရှိသူများကို အကူအညီပေးနေ ကြောင်း သတင်းဌာနသို့ ပြောကြားခဲ့သည်။

“မီးတောင်ပေါက်ကွဲမှုကြောင့် ဆီးနှင်းထုတွေပြိုကျခဲ့တာဖြစ်ပါတယ်” ဟု ရှီနိုဟာရာကပြောခဲ့ပြီး အာဏာပိုင်များ သည် ပျောက်ဆုံးနေသူတစ်ဦးကို အပူတပြင်းရှာဖွေလျက်ရှိကြောင်း အခြားတာဝန်ရှိသူများက ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly