ဆွမ်ဆီးပရိသတ်နှင့်ကတောက်ကဆဖြစ်ခဲ့ခြင်းအပေါ် ကလော့ပ် ပြန်လည်တောင်းပန်

ဆွမ်ဆီးပရိသတ်နှင့်ကတောက်ကဆဖြစ်ခဲ့ခြင်းအပေါ် ကလော့ပ် ပြန်လည်တောင်းပန်

ဇန်နဝါရီ ၂၃၊ လီဗာပူးလ်။           ။ ဆွမ်ဆီးပရိသတ်တစ်ဦးနှင့် ကတောက်ကဆဖြစ်ခဲ့ခြင်းအပေါ် လီဗာပူးလ်နည်းပြ ကလော့ပ်က ပြန်လည်တောင်းပန်လိုက်သည်။ အသင်း၏ ၁၈ ပွဲဆက်ရှုံးပွဲမရှိစံချိန်မှာ အမှတ်ပေးဇယားအောက်နားမှဆွမ်ဆီးနှင့်ပွဲတွင် ပျက်ခဲ့ရပြီးနောက် နည်းပြခုံတန်းနောက် နားမှ ပရိသတ်တစ်ဦးကို တုန့်ပြန်အော်ဟစ်ခဲ့မိသည်ဟု ကလော့ပ်က ဝန်ခံလိုက်ခြင်းဖြစ်သည်။

အခြေအနေကို လုံခြုံရေးတစ်ဦးက ထိန်းသိမ်းနိုင်ခဲ့သော်လည်း ဆွမ်ဆီးအသင်း၏ လက်ရှိရာသီ ၅ ပွဲမြောက်တည်းသောနိုင်ပွဲကို ရသွားစေသည့် မိမိအသင်း၏ ပွဲချိန်ပထမပိုင်းကစားပုံအတွက် စိတ်မထိန်းနိုင်ဖြစ်ခဲ့ရသည်ဟု ကလော့ပ်ကဝန်ခံသည်။

“သူက တစ်ချိန်လုံး ကျွန်တော့်ကိုအော်နေတာ။ ကျွန်တော်တစ်ကြိမ်ပြန်တုန့်ပြန်လိုက်မိလို့ တောင်းပန်ပါတယ်။ ဘာပဲပြောပြော ခံယူရမယ့် ပရော်ဖက်ရှင်နယ်နည်းပြတစ်ယောက်မဟုတ်ဘဲ လူသားတစ်ယောက်သာဖြစ်တယ်လို့ ကိုယ့်ကိုယ်ကိုယ်သတိပေးခဲ့မိ တယ်။ တစ်ကြိမ်မှာတော့ ကျွန်တော် ‘please’ လို့ ပြန်ပြောလိုက်တယ်။

ဘယ်သူမှအဲဒီလိုမတုန့်ပြန်တတ်လို့ သူကျေနပ်မှာပါ။ သူက နေရာကောင်းမှာရှိနေပါတယ်။ ဒီလိုအပြုအမူမျိုးလုပ်တဲ့ ပထမဆုံး နည်းပြက ကျွန်တော်မဟုတ်တာတော့သေချာပါတယ်။ သူက တစ်ရာသီစာလက်မှတ်ဝယ်ထားသူဖြစ်နိုင်တယ်။

ကျွန်တော်မတုန့်ပြန်သင့်မှန်းသိလို့ ကျွန်တော့်အမှားပါ။ ဒါပေမဲ့ မကောင်းတာတစ်ခုမှကျွန်တော်မပြောခဲ့ပါဘူး။ သူတစ်ချိန်လုံး အော်ဟစ်ပြောဆိုနေလို့ စိတ်အနှောက်အယှက်ဖြစ်ရကြောင်းကိုသာ ပြခဲ့တာပါ”ဟု ကလော့ပ်ကဆိုသည်။

ဆွမ်ဆီးအသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ပွဲချိန်မိနစ် ၄၀ တွင် မော်ဆင်ကသွင်းယူပေးခဲ့သည်။

Ref; Mirror

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly