ချယ်လ်ဆီးအသင်း တိုက်စစ်မှူးသစ်ဝယ်ရန် မလိုအပ်ဟု ဟာဇက်ပြော

ချယ်လ်ဆီးအသင်း တိုက်စစ်မှူးသစ်ဝယ်ရန် မလိုအပ်ဟု ဟာဇက်ပြော

 

ဇန်နဝါရီ ၂၂၊ လန်ဒန်။                  ။ ချယ်လ်ဆီးအသင်းအနေဖြင့် ဇန်နဝါရီအပြောင်းအရွှေ့ ဈေးကွက်အတွင်းတွင် တိုက်စစ်မှူးသစ်တစ်ဦးဝယ်ယူရန် မလိုအပ်ဟု ကွင်းလယ်ကစားသမားဟာဇက်က ယုံကြည်နေသည်။

ချယ်လ်ဆီးအသင်းသည် ရိုးမား၏အသက် ၃၁ နှစ်အရွယ် အီဒင် ဂျက်ကို၊ ဝက်စ်ဟမ်း၏အသက် ၂၉ နှစ်အရွယ် အန်ဒီကာရိုးလ်၊ စတုတ်၏ အသက် ၃၆ နှစ်အရွယ် ပီတာခရော့ချ်တို့ကို စုံစမ်းလျှက်ရှိသည်။

သို့သော် အသက် ၂၇ နှစ်အရွယ် ဟာဇက်က လက်ရှိတိုက်စစ်အတွဲ မိုရာတာနှင့် ဘက်ချူအာယီတို့ကိုသာထောက်ခံခဲ့ပြီး အသစ်ဝယ်လိုသည့်အရပ်ရှည်ကစားသမားများမှာ ပရီးမီးယားလိဂ် လက်ရှိချန်ပီယံအသင်း၏ပုံစံနှင့် ကိုက်ညီခြင်းမရှိဟု ဆိုသည်။

“လက်ရှိပိုင်ဆိုင်ထားတဲ့လူစာရင်းကိုပဲ ကျွန်တော်တို့ကျေနပ်ပါတယ်။ ဘယ်လိုမျိုးကစားကြမလဲဆိုတဲ့အပေါ်မှာပဲ မူတည်တာပါ။ ကျွန်တော်တို့မှာ မိုရာတာနဲ့ ဘက်ချူအာယီဆိုတဲ့ သိပ်ကောင်တဲ့တိုက်စစ်မှူးနှစ်ဦးရှိနေပါတယ်။

တကယ်လို့သူတို့ကစားဖို့အဆင်သင့်မဖြစ်ဘူးဆိုရင်တောင် တိုက်စစ်မှူးအဖြစ်ကျွန်တော်ကစားနိုင်ပါတယ်။ ဒါကြောင့် နောက်တစ်ယောက်ထပ်မလိုဘူး ထင်ပါတယ်။

ဘောလုံးကစားရတာရိုးရှင်ပါတယ်။ ဘောလုံးကိုမြေပေါ်မှာပဲထား၊ ဘရိုက်တန်နဲ့ပွဲကလိုပဲကစားဖို့ ကြိုးစားရမှာပါ။ ကျွန်တော်တို့ ဂိုးသွင်းခွင့်တွေလွဲချော်နေလို့ လူတွေက တိုက်စစ်မှူးထပ်လိုတယ်လို့   ပြောနေကြပေမယ့် ကျွန်တော်တို့ဂိုးတွေသွင်းနေရင် လိဂ်မှာ အကောင်းဆုံးတိုက်စစ်ဖြစ်နေရင် ဘယ်သူကမှ တိုက်စစ်တစ်ယောက်ထပ်လိုတယ်လို့ပြောမှာမဟုတ်တော့ပါဘူး”ဟု ဟာဇက်က ပြောသည်။

ချယ်လ်ဆီးအသင်းသည် လက်ရှိရာသီတွင် အာဆင်နယ်နှင့် လိဂ်သွင်းဂိုးအရေအတွက် ၄၅ ဂိုးစီတူညီနေသော်လည်း ကျန် ထိပ်သီးခြောက်သင်းထက် ဂိုးအရေအတွက်နည်းပါးနေသည်။

အသင်းအနေဖြင့် ဘော့စနီးယားတိုက်စစ်မှူး ဂျက်ကိုနှင့် ဘယ်နောက်ခံလူ ပယ်မီယာရီတို့ကို ပေါင် ၄၄ သန်းဖြင့်ခေါ်ယူနိုင်ရန် ရိုးမားအသင်းနှင့်ဆွေးနွေးမှု အခြေအနေတိုးတက်လျှက်ရှိသည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly