ချစ်သူဖြစ်သူ ချယ်ရီဆီးဘွန်းနှင့် စေ့စပ်ခဲ့သည့် ဗြိတိန်အဆိုတော် အက်ဒ်ရှီရန်း

ချစ်သူဖြစ်သူ ချယ်ရီဆီးဘွန်းနှင့် စေ့စပ်ခဲ့သည့် ဗြိတိန်အဆိုတော် အက်ဒ်ရှီရန်း

 

နာမည်ကျော်ဗြိတိန်အဆိုတော်နှင့် တေးရေးဆရာဖြစ်သူ အက်ဒ်ရှီရန်းက သူသည် ငယ်ချစ်ဦးဖြစ်သူ ချယ်ရီဆီးဘွန်းဆိုသော မိန်းကလေးနှင့် စေ့စပ်လိုက်ပြီဟု ပြီးခဲ့သော စနေနေ့က ကြေညာခဲ့သည်။

အက်ဒ်ရှီရန်းနှင့် ချယ်ရီတို့သည် ၁၁နှစ်သားအရွယ်ကတည်းက ကျောင်းနေစဉ်တွင် စတင်တွေ့ဆုံခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

အက်ဒ်ရှီရန်းက သူနှင့် ချယ်ရီတို့ အတူတွဲရိုက်ထားသော ဓာတ်ပုံတစ်ပုံအား သူ၏ အင်စတာဂရမ်၌တင်ခဲ့ပြီး “နှစ်သစ်ကူးမတိုင်ခင်တော့ လက်ထပ်ရမယ့်သူရှိလာပါပြီ” ဟု ရေးသားခဲ့သည်။ ဒါ့အပြင် “ကျနော်တို့ အရမ်းကိုပျော်ရွှင်နေပြီး တစ်ဦးနဲ့တစ်ဦးလည်း ချစ်ကြပါတယ်” ဟုလည်း ပြောခဲ့သည်။

အသက် ၂၆နှစ်အရွယ် အက်ဒ်ရှီရန်းနှင့် စာရင်းကိုင်တစ်ဦးဖြစ်သော အသက်၂၅နှစ်အရွယ် ချယ်ရီတို့သည် အင်္ဂလန်အရှေ့ပိုင်း ဆပ်ဖ်ဖော့ခ်အရပ်တွင် တစ်ကျောင်းတည်းအတူတက်ခဲ့ကြပြီး လွန်ခဲ့သော ၂၀၁၅ ခုနှစ်က ချစ်သူအဖြစ် စတင်လက်တွဲခဲ့ခြင်းဖြစ်သည်။

ဟော်ကီကစားခြင်းကိုနှစ်သက်သော ချယ်ရီဆီးဘွန်းသည် အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်းနားပြည်နယ်ရှိ Duke တက္ကသိုလ်၌ ကျောင်းတက်ခဲ့ပြီး ဘွဲ့ရပြီးသောအခါ အင်္ဂလန်နိုင်ငံသို့မပြန်လာမီတွင် နယူးယောက်ရှိ ဝေါလ်စထရိငွေကြေးလုပ်ငန်း၌ အလုပ်လုပ်ခဲ့သည်။

အက်ဒ်ရှီရန်းနှင့် ချယ်ရီဆီးဘွန်းတို့၏ မင်္ဂလာရက်ကို မကြာခင်တွင် ကြေညာတော့မည်ဟု သိရသည်။

Ref: Reuters

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly