ထိုင်း-မြန်မာနယ်စပ်တွင် နှစ်နိုင်ငံတာဝန်ရှိသူများပူးပေါင်း၍ ကင်းလှည့်

ထိုင်း-မြန်မာနယ်စပ်တွင် နှစ်နိုင်ငံတာဝန်ရှိသူများပူးပေါင်း၍ ကင်းလှည့်

ဇန်နဝါရီ ၂၁ ။          ။ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ တာဝန်ရှိသူများသည် မူးယစ်မှောင်ခိုတင်သွင်းမှုများ၊ လူမှောင်ခိုကူးမှုများ၊ စစ်လက်နက်ပစ္စည်းရောင်းချမှုများနှင့် တရားဥပေဒနှင့်ဆန့်ကျင်သည့် အခြားလုပ်ငန်းများကို တားဆီးရေးနှင့် နှိမ်နင်းရေးတို့အတွက် နှစ်နိုင်ငံနယ်စပ်ရှိ သောင်ရင်းမြစ်ကြောင်းတစ်လျှောက်တွင် ယမန်နေ့က ပူးပေါင်းကင်းလှည့်မှု ပြုလုပ် ခဲ့ကြသည်။

ပူးပေါင်းကင်းလှည့်မှုတွင် ထိုင်းဘက်မှ ပါဝင်ခဲ့ကြသောအဖွဲ့များမှာ မဲဆောက်မြို့အခြေစိုက် အမှတ် ၁၄ ခြေလျင်တပ်ရင်းမှ စစ်သားများ၊ အမှတ် ၃၅ ရိန်းဂျားတပ်ရင်းမှ စစ်သားများနှင့် သာဆောင်ယန်အခြေစိုက် စီရင်စုနှင့် နယ်ခြားစောင့်အဖွဲ့မှ ရဲအရာရှိများပါဝင်သည့်အဖွဲ့တို့ ဖြစ်ကြပြီး မြန်မာနိုင်ငံဘက်မှ တပ်မအမှတ် ၂၂ ၏ တပ်ရင်းအမှတ် ၂၈ မှအဖွဲ့ဝင်များနှင့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တို့မှ အဖွဲ့ဝင်များ ပါဝင်ကြသည်။

နယ်စပ်ဒေသပူးပေါင်းကင်းလှည့်မှုကို တနင်္ဂနွေနေ့မနက်ပိုင်းက စတင်ပြုလုပ်ခဲ့ပြီး နောက်မြီးရှည်ရေယာဉ် ၄ စီး နှင့် တက်ခ်ခရိုင်အတွင်းရှိ သာဆောင်ယန်စီရင်စုမှ ဘန်မဲ့စလစ်လောင်းနှင့် ဘန်မဲ့ဆောင် စီရင်စုနယ်မြေကြားမှ ၁၄ ကီလိုမီတာခန့်ရှည်လျားသော သောင်ရင်းမြစ်ကြောတစ်လျှောက် ကင်းလှည့်ခဲ့ကြသည်။

အမှတ် ၁၄ ခြေလျင်တပ်ရင်းမှ တပ်မှူးကြီး အာဆာလဟာပွန်းဆုဝမ်က ယခုလို ပူးပေါင်းကင်းလှည့်မှုသည် မူးယစ်ဆေးဝါးနှင့်လက်နက် မှောင်ခိုကူးမှုများ၊ အလုပ်သမားမှောင်ခိုကူးမှုများနှင့် အခြားသော တရားဥပဒေမဲ့ လုပ်ငန်းများကို ဆန့်ကျင်တိုက်ဖျက်ရေးနှင့် ကာကွယ်တားဆီးရေးအတွက် ပြုလုပ်ရခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly