အမျိုးသားအင်္ဂါတွင် အကျိတ်ဝေဒနာခံစားနေရသော ကလေးငယ်တစ်ဦး အကူအညီလိုအပ်နေ

အမျိုးသားအင်္ဂါတွင် အကျိတ်ဝေဒနာခံစားနေရသော ကလေးငယ်တစ်ဦး အကူအညီလိုအပ်နေ
ဓာတ်ပုံ - မရွှေကြာ

 

ရန်ကုန်၊ ဇန်နဝါရီလ ၂ဝ ။        ။ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်မှ ၁၂ မိုင်ကွာဝေးသည့် ပိတောက်ကုန်းကျေးရွာတွင် အသက် ၄ နှစ်ခန့်အရွယ် ကလေးငယ်တစ်ဦး အမျိုးသားအင်္ဂါတွင် အကျိတ်ဝေဒနာခံစားနေရသဖြင့် ခွဲစိတ်ရန် အကူအညီ လိုအပ်နေကြောင်း ကလေးငယ်ကို ကူညီပေးနေသည့် ရွှေကြာလူမှုကယ်ဆယ်ရေးအသင်း တည်ထောင်သူ မရွှေကြာက မဇ္ဈိမသို့ပြောသည်။

ကလေးငယ်မှာ မွေးပြီးစ ၁ လအရွယ်ကတည်းက အမျိုးသားအင်္ဂါရှိ တစ်ဖက်မှာ ကြီးထွားလာခြင်းဖြစ်ပြီး မိဘ ဖြစ်သူများလည်း ငွေကြေးချို့တဲ့ကာ လက်ရှိတွင် ရွှေကြာလူမှုကယ်ဆယ်ရေးအသင်းမှ ကလေးငယ် ခံစားနေရ သည့် အကျိတ်အား ခွဲစိတ်နိုင်ရန်အလှူငွေ များကောက်ခံပေးနေခြင်းဖြစ်သည်။

“ တချို့ကလည်း ကျွန်မကို ဖုန်းဆက်တယ်။ တစ်သောင်းလှူ၊ နှစ်သောင်းလှူတာတွေရှိတယ်။ တစ်သိန်းထိ လှူတာတွေလည်းရှိတယ်။ ကြီးကြီးမားမားလှူတာတော့ မရှိသေးဘူး။ ကျွန်မဘဏ်အကောင့်ကနေ တစ်ဆင့် အလှူရှင်တွေက တတ်နိုင်သမျှလှူဒါန်းပေးနေကြပါတယ်။ မနက်ဖြန်ကြရင် ကလေးကို လပွတ္တာမှာရှိတဲ့ ကျွန်မ တို့ အသင်းက ညီမလေးက ခေါ်လာမယ်။ ကျွန်မက အခု မန္တလေးမှာဆိုတော့ နေပြည်တော်ကနေ စောင့်နေ မယ်။ ဟိုက အသိခွဲစိတ်ဆရာဝန်က ခေါ်ခဲ့ဆိုတော့ ခွဲခက မကုန်ဘူးဆိုတော့ ကျွန်မက သူတို့စားစရိတ်တွေကို တာဝန်ယူပေးရမယ်။ ရှစ်လသမီးလေးတစ်ယောက်ပါမယ်။ အဲ့ဒီကလေးကို ထိန်းမယ့်တစ်ယောက်ပါမယ်။ အမေ ရယ်ဆိုရင် ၄ ယောက်ပေါ့။ ၄ ယောက်စလုံးကို တာဝန်ယူသွားမယ်။ ခွဲစိတ်ပြီးရင်တော့ သူတို့နေရပ်ဒေသကို ပြန်ပို့ပေးမှာပေါ့။ အစ အဆုံးကူညီပေးသွားမှာပါ”ဟု မရွှေကြာက ပြောသည်။

အကျိတ်ဝေဒနာခံစားနေရသော ကလေးငယ်ကို ရွှေကြာလူမှုကယ်ဆယ်ရေးအသင်းမှ လာမည့် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် သွားရောက်ခေါ်ဆောင်မည်ဖြစ်ပြီး နေပြည်တော်ရှိ ကုတင် ၁ဝဝဝ ဆေးရုံကြီးတွင် ခွဲစိတ်ကုသ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကလေးငယ်နှင့် ပတ်သက်ပြီး လှူဒါန်းလိုသူများအနေဖြင့်လည်း ရွှေကြာလူမှုကယ်ဆယ်ရေးအသင်း (ShweKyar ) ဖုန်းနံပါတ် ဝ၉- ၇၉၈၂၇၁၄၉၉ သို့ဆက်သွယ်လှူဒါန်းနိုင်သည့်အပြင် ဘဏ်အကောင့် KBZ ၃၅၆၅၀၁၀၀၇၀၁၂၃၁၉၀၁ သို့ လှူဒါန်းနိုင်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly