မြောက်ဦးပဋိပက္ခဖြစ်စဉ်ကို သီးခြားလွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးရန် ALD တောင်းဆို

မြောက်ဦးပဋိပက္ခဖြစ်စဉ်ကို သီးခြားလွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးရန် ALD တောင်းဆို

 

ရန်ကုန် ၊ ဇန်နဝါရီ ၂၀ ။        ။ မြောက်ဦးပဋိပက္ခဖြစ်စဉ်အား သီးခြားလွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး ဥပဒေနှင့်ညီမညီ စုံစမ်းစစ်ဆေးပေးရန် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ(ALD) က ယမန့်နေ့ ဇန်နဝါရီ ၁၉ ရက်နေ့က တောင်းဆိုလိုက်သည်။

"အခုဖွဲ့တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ထဲမှာက အာဏာပိုင်တွေပါနေတယ်လေ။ အာ့ကြောင့် လူထုယုံကြည်ရတဲ့သူတွေပါတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခိုင်းတာပါ" ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ပါတီ၏ ပြန်ကြားရေးတာဝန်ခံ ဦးလှမြင့်က ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်နေ့က မြောက်ဦးတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်ကို အာဏာပိုင်အဖွဲ့မှ ဖြေရှင်းပုံအား ပြင်းထန်စွာရှုတ်ချသည်ဟု ရခိုင်ဒီမိုကရေစီအဖွ့ဲချုပ်မှ ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြောက်ဦးပဋိပက္ခဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖြေရှင်းမှုကြောင့် လူ ၇ ဦးသေဆုံးပြီး လူ ၁၂ ဦးဒဏ်ရာ ရရှိခဲ့သည်။

အစိုးရဘက်မှ မြောက်ဦးပဋိပက္ခြ့ဖစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်များ၏ ဆောင်ရွက်ချက်များသည် လုပ်ထုံးလုပ်နည်း နှင့် ညီညွတ်မှု ရှိ/မရှိ စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းစစ်ဆေးသွားမည် ဖြစ်ကြောင်း ဇန်နဝါရီ ၁၇ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ကျင်းပရန် စီစဉ်ထားသည့် ရခိုင့်ဘုရင် အချုပ်အခြာ အာဏာကျဆုံးခြင်း အောက်မေ့ဖွယ် အခမ်းအနားကို သက်ဆိုင်ရာက တားမြစ်လိုက်သည့်နောက် အခမ်းအနား ကျင်းပရန် စီစဉ်ထားသည့် နန်းတော်ကုန်း ထက်တွင် လူထုအုံကြွမှုဖြစ်ပွားခဲ့ပြီးနောက် မြောက်ဦးခရိုင်အထွေထွေအုပ်ချုပ်ရုံးအနီးတွင် ပဋိပက္ခဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly