မကွေးတိုင်းသို့ တရားမဝင် ၀င်ရောက်မှုများ ပိတ်ပင်တားဆီးရန် ပူးပေါင်းစစ်ဆေးရေးဂိတ်ထားရှိမည်

မကွေးတိုင်းသို့ တရားမဝင် ၀င်ရောက်မှုများ ပိတ်ပင်တားဆီးရန် ပူးပေါင်းစစ်ဆေးရေးဂိတ်ထားရှိမည်

 

ဇန်နဝါရီ ၂၀ ။               ။ ရခိုင်ရိုးမဘက်မှ မကွေးတိုင်းဒေသကြီးအတွင်းသို့ တရားမဝင် ဘင်္ဂါလီများ မဝင်ရောက်စေရေးအတွက် နတ်ရေကန်တောင်တက်လမ်းတွင် ပူးပေါင်းစစ်ဆေးရေးဂိတ်တစ်ခု ထားရှိရန် စီစဉ်နေသည်ဟု သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း တရားမဝင်ဘင်္ဂါလီများ မဝင်ရောက်စေရေးအတွက် ရခိုင်ပြည်နယ်သို့ သွားသည့် နတ်ရေကန်တောင်တက်လမ်းမရှိ ငဖဲမြို့နယ် ဇင်ပြွန်းကျေးရွာအနီးတွင် ပူးပေါင်းစစ်ဆေးရေး ဂိတ်တစ်ခု ထားရှိရန် စီစဉ်နေကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းဦးက မဇ္ဈိမသို့ ပြောသည်။

တရားမဝင်ဘင်္ဂါလီများသည် အမ်း မင်းဘူး လမ်းမကြီးအတိုင်း လာရောက်ကြခြင်း မဟုတ်ဘဲ ရခိုင်ရိုးမမှတဆင့် လူအသွားလာနည်းသည့် တောင်ကျော်လမ်းများ လျှိုလမ်းများမှ ဝင် ရောက်ကြကြောင်း စစ်ဆေးတွေ့ရှိ သိရှိရသောကြောင့် မူလထားရှိသော ငဖဲမြို့နယ် ပဒါန်းအနီး စာတတ်ကူ မောင်းတန် လမ်းတံတားဂိတ်မှ မင်းဘူး အမ်းလမ်းမ နတ်ရေကန်တောင်တက်လမ်းမရှိ ဇင်ပြွန်းကျေးရွာအနီးတွင် လဝက၊ သစ်တော၊ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့ စစ်ဆေးရေးဂိတ် တစ်ခုထားရှိရန် စီစဉ်နေသည်ဟု ဗိုလ်မှူးကြီးမင်းဦးက ပြောသည်။

“ ပြီးခဲ့တဲ့ ဇန်နဝါရီ၁၆ရက်နေ့ နံနက် ၅နာရီခန့်က မင်းဘူး မြိ ု့ အမှတ်(၁)ရပ်ကွက် မကွေး မင်းဘူးကားလမ်မ ဆားပွက်ချောင်း တံတားအနီး ကားနှစ်စီးတိုက်မိပြီး တရားမဝင် ဘင်္ဂါလီ ၁၂ ဦး ဖမ်းမိတယ်၊ရခိုင်ရိုးမကနေပြီး နည်းလမ်းမျိုးစုံနဲ့ မကွေးတိုင်းထဲ တရားမဝင် ဝင်ရောက်မလာနိင်အောင် အခု ရခိုင်ရိုးမ နတ်ရေကန် တောင်တက်ထိပ်က ဇင်ပြွန်းကျေးရွာအနီးမှာ လဝကရယ် သစ်တောရယ် ရဲရယ် ပူးပေါင်းအဖွဲ့ စစ်ဆေးရေးဂိတ် ထာရှိဖို့ ်ဆောင်ရွက်နေပါတယ်၊ စာတတ်ကူမှာကတော့ မြို့ဝင်ကြေးမောင်းတန်ဂိတ်ပဲ ထားရှိပါမယ်” ဟု ဗိုလ်မှူးကြီးမင်းဦးက ပြောသည်။

တရားမဝင်ဘင်္ဂါလီများသည် မကွေးတိုင်းဒေသကြီးအတွင်းသို့ ရခိုင်ရိုးမမှတဆင့် ငဖဲ၊ပဒါန်းကျေးရွာနယ်များ အတွင်း တောင်ကျော်လမ်း လျှိုလမ်းများမှ တရားမဝင် ဝင်ရောက်လာမှုများ ရှိသဖြင့် နတ်ရေကန် တောင်တက်လမ်းတွင် ပူးပေါင်းဂိတ်တစ်ခု ထားရှိမည်ဆိုလျှင် သစ်ခိုးထုတ်မှုများ တရာမဝင်ဘင်္ဂလီများ ဝင်ရောက်မှု လျော့နည်းသွားမည်ဖြစ်ကြာင်း ပဒါန်းကျေးရွာနေ ဒေသခံတစ်ဦး ကပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly