ဆာဂျီယို ရောဘတ်တို ဘာစီလိုနာအသင်းနဲ့ ၂၀၂၂ ခုနှစ်ထိ စာချုပ်သက်တမ်းတိုး

ဆာဂျီယို ရောဘတ်တို ဘာစီလိုနာအသင်းနဲ့ ၂၀၂၂ ခုနှစ်ထိ စာချုပ်သက်တမ်းတိုး
(ဓာတ်ပုံ - အီးပီအေ)

စပိန်ကစားသမား ဆာဂျီယို ရောဘတ်တိုဟာ ၎င်းရဲ့ စာချုပ်ကို ၂၀၂၂ ခုနှစ်အထိ သက်တမ်းတိုး ချုပ်ဆိုဖို့ ဘာစီလိုနာအသင်းနဲ့ သဘောတူညီမှု ရရှိခဲ့တယ်လို့ လာလီဂါကလပ်က သောကြာနေ့က ကြေညာခဲ့ပါတယ်။

အဆိုပါစွယ်စုံရကွင်းလယ်လူရဲ့ စာချုပ်သစ်မှာ ယူရိုသန်း ၅၀၀ တန် လျော်ကြေးစာချုပ်ပါ ထည့်သွင်းချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

“ဘာစီလိုနာအသင်းနဲ့ ဆာဂျီယို ရောဘတ်တိုတို့ဟာ ကစားသမားကို နူးကမ့်မှာ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ အထိ ရှိနေမယ့် စာချုပ်သစ်အတွက် သဘောတူညီမှု ရရှိခဲ့ပါတယ်။”လို့ ကလပ်အသင်းက ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဘာစီလိုနာအသင်းမှာ ၁၁ နှစ်ကြာ ပူးပေါင်းခဲ့တဲ့ အသက် ၂၅ နှစ်ရှိ ရောဘတ်တိုဟာ ကလပ်အသင်းနဲ့ ၁၇၈ ပွဲကစားပြီး ၇ ဂိုးသွင်းယူထားပါတယ်။

ဒီတပတ်မှာ ဘာစီလိုနာအသင်းနဲ့ ၂၀၂၂ အထိ သက်တမ်းတိုးခဲ့တဲ့ နောက်ခံလူ ပီကေး ပြီးနောက် ရောဘတ်တိုဟာ ဒုတိယမြောက် ကလပ်အသင်းနဲ့ စာချုပ်သက်တမ်တိုးချုပ်ဆိုတဲ့ ကစားသမားဖြစ်ပါတယ်။

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly