အင်ဒိုနီးရှားတွင် အရက်ရောင်းချသည့် ခရစ်ယာန်တစ်ဦးအား ကြိမ်ကျာပွတ်ဖြင့်ရိုက် အပြစ်ပေး

အင်ဒိုနီးရှားတွင် အရက်ရောင်းချသည့် ခရစ်ယာန်တစ်ဦးအား ကြိမ်ကျာပွတ်ဖြင့်ရိုက် အပြစ်ပေး

ဂျကာတာ၊ ဇန်နဝါရီ ၁၉ ။         ။ အင်ဒိုနီးရှားနိုင်ငံက ရှေးရိုးစွဲ အာချေးပြည်နယ်တွင် အစ္စလာမ္မစ်ဥပဒေဖြစ်သော ရှာရီယာဥပဒေကို ချိုးဖောက်လျက် အရက်ရောင်းချသော ခရစ်ယာန်တစ်ဦးကို ဇန်နဝါရီ ၁၉ ရက်က ကြိမ်ကျာပွတ်ဖြင့် ပြင်းစွာရိုက်၍ လူမြင်ကွင်းတွင် အပြစ်ပေးခဲ့သည်။

ထိုသို့ အပြစ်ပေးရိုက်နှက်ရာတွင် ကလေးများက အော်ဟစ်လှောင်ပြောင်ကြကာ လူအုပ်လိုက်က ကြည့်ရှုနေခဲ့ကြသည်။

ပြည်နယ်၏ မြို့တော် ဘန်ဒါအာချေးမြို့က ဗလီတစ်ခုရှေ့ စင်မြင့်ထက်တွင် မျက်နှာဖုံးတပ် ဘာသာရေးဆရာတစ်ဦးက ကြိမ်ကျာပွတ်ဖြင့် ဂျိုနိုဆမ်ဘိုလွန်အား ကျောပြင်ကို ရိုက်နှက်ခြင်းဖြစ်ပြီး ၎င်းမှာ နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့ကာ ကြိတ်ခံရသည်။

ဆူမတြားကျွန်းရှိ အာချေးပြည်နယ်တွင် ၂၀၀၁ ခုနှစ်ကစပြီး အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကာ ရှာရီယာဥပဒေကို အသက်သွင်းလာခဲ့ပြီးနောက်ပိုင်း အများမြင်ကွင်းရှေ့ ကြိမ်ဒဏ် ကျာပွတ်ဒဏ်ဖြင့် ရိုက်နှက်အပြစ်ပေးခဲ့သော မွတ်စလင်မဟုတ်သူများတွင် ဂျိုနိုသည် သုံးယောက်လည်း ဖြစ်သည်။

“အစ္စလာမ္မစ်ဥပဒေ အသက်ဝင်ရေးက ကျွန်တော်တို့အစိုးရရဲ့ ရှေးရှုမှုပဲဖြစ်တယ်။”ဟု ဘန်ဒါအာချေးမြို့တော်ဝန်က ပြောသည်။

“တကယ်လို့ ဒီဥပဒေကို ချိုးဖောက်တာတွေ့ရင် ရှာရီယာရဲတွေဆီ ချက်ချင်းသတင်းပို့ပါ။ ကျွန်တော်တို့က ဒီနေ့ကလိုပဲ အပြစ်ပေးသွားမှာဖြစ်ပါတယ်။”ဟု ၎င်းက ပြောသည်။

ဂျိုနိုကို ကြိမ်ကျာပွတ်ဖြင့် ဆယ်ချက်ရိုက်နှက်ပြီးနောက် ဆရာဝန်တစ်ဦးက စစ်ဆေးစေကာ ဆက်လက်၍ ထပ်ရိုက်စေသည်။

ဂျိုနိုကဲ့သို့ ကြိမ်ဒဏ်၊ ကျာပွတ်ဒဏ် ရိုက်နှက်အပြစ်ပေးခံရသူများသည် ၎င်းအပါအဝင် အမျိုးသား ရှစ်ဦးနှင့် အမျိုးသမီး နှစ်ဦးတို့ ရှိပြီဖြစ်သည်။ ပြည်တန်ဆာခေါင်းလုပ်ခြင်း၊   ပြည်တန်ဆာလုပ်ခြင်းနှင့်   လောင်းကစားခြင်း စသည့် ပြစ်မှုများကြောင့် ရိုက်နှက်အပြစ်ပေးခံခဲ့ကြရခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly