ပညာတတ်မှ စစ်ပွဲတွေကို တားဆီးနိုင်မှာလို့ ဆိုလိုက်တဲ့ ဒရော့ဂ်ဘာ

ပညာတတ်မှ စစ်ပွဲတွေကို တားဆီးနိုင်မှာလို့ ဆိုလိုက်တဲ့ ဒရော့ဂ်ဘာ

အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အိုင်ဗရီကို့စ်တိုက်စစ်မှူးကြီး ဒရော့ဂ်ဘာဟာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားအဖြစ် နှစ်ပေါင်း ၂၀ ကြာကစားခဲ့သူဖြစ်ပါတယ်။ နိုင်ငံပေါင်း ၆ နိုင်ငံမှာ ကစားခဲ့ပြီး ချယ်လ်ဆီးအသင်းနဲ့အတူ ကြီးမားတဲ့အောင်မြင်မှုတွေ ရရှိခဲ့သူဖြစ်ပါတယ်။

အခုအချိန်မှာတော့ ဒရော့ဂ်ဘာဟာ ဘောလုံးသမားဘဝကနေ အနားယူသွားပြီဖြစ်ပြီး အမိနိုင်ငံအိုင်ဗရီကို့စ်အတွက် အကျိုးပြုလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်လျက်ရှိနေပါတယ်။ ဒီတစ်ပတ်မှာဆိုရင်လည်းဒရော့ဂ်ဘာဟာ အိုင်ဗရီကို့စ် အနောက်တောင်ပိုင်းက Guiberoua ဒေသမှာ ကလေးငယ်တွေအတွက် စာသင်ကျောင်း တစ်ကျောင်းဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။ ဒီကျောင်းမှာ စာသင်ခန်း ၆ ခန်းပါဝင်ပြီး အားကစားကွင်းလည်း ပါဝင်ပါတယ်။ ကျောင်းသား ၃၅၀ တက်ရောက်ပညာသင်ကြားနိုင်မှာ ဖြစ်ပါတယ်။

“ဒရော့ဂ်ဘာ၊ အီတူးနဲ့ယာယာတိုရေးတို့လိုဖြစ်ချင်တယ်ဆိုရင် ပညာရေးကအလွန်အရေးကြီးတယ်လို့ လူငယ်တွေကို ကျွန်တော် ပြောခဲ့ပါတယ်။ ပညာရေးက ကိုယ့်ရဲ့ဘဝကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးပါလိမ့်မယ်။ လူငယ်တွေရဲ့အနာဂတ်အတွက် ပညာအမွေပေးတာက အကောင်းဆုံးပါပဲ။ ပညာတတ်မှ လူမှုရေးပိုင်းဆိုင်ရာ ပြဿနာတွေကို ရှောင်ရှားနိုင်မှာဖြစ်သလို၊ စစ်ပွဲတွေမဖြစ်ပွားအောင် တားဆီးနိုင်မှာလည်းဖြစ်ပါတယ်” လို့ ဒရော့ဂ်ဘာက ဆိုခဲ့ပါတယ်။

လိုက်ဘေးရီးယားနိုင်ငံအတွက် ပြန်လည်အကျိုးပြုပြီး လိုက်ဘေးရီးယားသမ္မတဖြစ်သွားတဲ့ ဂျော့ဝီယာနဲ့ ဒရော့ဂ်ဘာကို ခိုင်းနှိုင်းလျက်ရှိနေကြပါပြီ။ ဒရော့ဂ်ဘာကို ဒုတိယဂျော့ဝီယာလို့ ဆိုနေကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags