တရုတ်တွင် ဓာတုစက်ရုံပေါက်ကွဲမှုဖြစ်ပြန်

တရုတ်တွင် ဓာတုစက်ရုံပေါက်ကွဲမှုဖြစ်ပြန်

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်တုံပြည်နယ်တွင် ဓာတုစက်ရုံတစ်ခု ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

ကျီဘိုမြို့အတွင်းတည်ရှိသည့် စက်ရုံတွင် ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ပြီး မီးတောက်များ လောင်ကျွမ်းနေသည်ကို တွေ့မြင်ရသည်။ ပေါက်ကွဲမှုအတွင်း ဒဏ်ရာရရှိသူပေါင်း ကိုးဦးရှိကြောင်း သိရသည်။

ရန်ကျင်းဓာတုစက်ရုံမှ ကုန်လှောင်ရုံတွင် ပေါက်ကွဲမှုဖြစ်ခြင်းဖြစ်ကြောင်း ပြည်သူ့နေ့စဉ်သတင်းစာက ဖော်ပြသည်။ ပေါက်ကွဲမှုဖြစ်ပွားသည့် စက်ရုံသည် လူနေရပ်ကွက်များနှင့် ကီလိုမီတာ တစ်ကီလိုမီတာ အကွာအဝေးတွင်တည်ရှိနေသည့် စက်ရုံဖြစ်သည်။

ယခုလအစောပိုင်းက တီယန်ကျင်းမြို့တွင် ဓာတုပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွား၍ လူပေါင်း ၁၂၁ ဦးအထိ သေဆုံးခဲ့သည်။ အဆိုပါ တီယန်ကျင်းပေါက်ကွဲမှုအတွင်း ဒဏ်ရာရသူပေါင်းမှာလည်း ရာပေါင်းများစွာရှိပြီး ပျောက်ဆုံးလျက်ရှိနေဆဲ လူပေါင်း ၅၄ ဦးရှိသည်။
BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly