လူမှုမီဒီယာဖိအားများ၏ သားကောင်ဖြစ်ခဲ့ရသည်ဟု ကေတီပယ်ရီ ဖွင့်ဟပြောဆို

လူမှုမီဒီယာဖိအားများ၏ သားကောင်ဖြစ်ခဲ့ရသည်ဟု ကေတီပယ်ရီ ဖွင့်ဟပြောဆို

 

နာမည်ကျော်အမေရိကန်ပေါ့ပ်အဆိုတော် ကေတီပယ်ရီက သူမသည် လူမှုမီဒီယာများ၏သားကောင်ဖြစ်ခဲ့ရပြီး သုံးစွဲသူအသိုင်းအဝိုင်းက သူမ၏လှုပ်ရှားမှုမှန်သမျှကို အွန်လိုင်းပေါ်မှတဆင့် အမြဲလိုလိုကြည့်ရှုချင်နေသည့် ဖိအားများကို ရင်ဆိုင်နေရသည်ဟု ဖွင့်ဟပြောဆိုခဲ့သည်။

အမေရိကန်အိုင်ဒေါလ်မှ ဒိုင်လူကြီးဖြစ်သည့် ကေတီပယ်ရီက အင်စတာဂရမ်နှင့် တွစ်တာတို့သည် လူ့ယဉ်ကျေး မှုနိမ့်ကျလာခြင်း၏ အဓိကသက်သေများဖြစ်သည်ဟုလည်း ဆိုခဲ့သည်။

ဒါ့အပြင်သူမက ပရိသတ်များအနေဖြင့် လူမှုမီဒီယာများကို တစ်ချိန်လုံးဂရုမစိုက်သင့်ပဲ လက်တွေ့ဘဝကိုသာ လက်တွေ့ကျကျရှင်သန်ကြဖို့ တိုက်တွန်းခဲ့သည်။

အင်စတာဂရမ်၌ ဖော်လိုဝါ ၆၈သန်း၊ တွစ်တာ၌ ဖော်လိုဝါ ၁၀၈ သန်းခန့်ရှိသော ကေတီပယ်ရီက သူမသည် သူမ၏ဘဝအား အွန်လိုင်းပေါ်၌သာ မှတ်တမ်းတင်နေမည်မဟုတ်ကြောင်းကိုလည်း ပြောဆိုခဲ့သည်။

“ကျမက ကျမရဲ့ဘဝကို လက်တွေ့ကျကျပဲ ရှင်သန်နေထိုင်ချင်တာကြောင့် လူမှုမီဒီယာတွေကို ဂရုမစိုက်ဖို့ဆို တာက နည်းနည်းတော့ခက်ခဲပါတယ်။ လူမှုမီဒီယာတွေကို အလွန်အကျွံသုံးစွဲလာမယ်ဆိုရင် လူ့ယဉ်ကျေးမှု လည်းနိမ့်ပါးလာလိမ့်မယ်လို့ ကျမထင်ပါတယ်” ဟု သူမက Refinery 29 သို့ ပြောဆိုခဲ့သည်။

ထိုကဲ့သို့ လူမှုမီဒီယာများနှင့်ပက်သက်၍ ပြောဆိုဝေဖန်ခဲ့သည့် အနုပညာရှင်များမှာ အသက် ၃၃ နှစ်အရွယ် ကေတီပယ်ရီတစ်ဦးတည်းမဟုတ်ပဲ ဆယ်လီနာဂိုမက်ဇ်၊ ဂျက်စတင်ဘီဘာနှင့် အက်ဒ်ရှီရန်းတို့လည်း ပါဝင် ကြောင်း သိရသည်။

Ref: BBC

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags