ချယ်လ်ဆီး၏ပစ်မှတ်သစ်အဖြစ် ပီတာခရော့ချ် အံ့အားသင့်ဖွယ်ပါဝင်လာ

ချယ်လ်ဆီး၏ပစ်မှတ်သစ်အဖြစ် ပီတာခရော့ချ် အံ့အားသင့်ဖွယ်ပါဝင်လာ

 

ဇန်နဝါရီ ၁၉၊ လန်ဒန်။          ။ ချယ်လ်ဆီးအသင်းက လိုချင်သည်ဟုသတင်းထွက်နေသည့် အန်ဒီကာရိုးလ်ဒဏ်ရာရသွားပြီးနောက် ဝါရင့်တိုက်စစ်မှူး ပီတာခရော့ချ်မှာ ပစ်မှတ်သစ်ဖြစ်လာခဲ့သည်။

အသက် ၃၆ နှစ်အရွယ်တိုက်စစ်မှူးသည် ယခုလအစောပိုင်းကမှ စတုတ်အသင်းနှင့် တစ်နှစ်စာချုပ်သစ်ချုပ်ထားသည်။ ခရော့ချ် အနေဖြင့် မစ်ချီ ဘက်ချူအာယီနေရာ၌ အစားထိုးမည့် အရပ်ရှည်သည့်တိုက်စစ်မှူးအဖြစ် စဉ်းစားခံနေရခြင်းဖြစ်သည်။

ဝက်စ်ဟမ်းတိုက်စစ်မှူး အသက် ၂၉ နှစ်ရှိ အန်ဒီကာရိုးလ်သည် လက်ရှိတွင်ခြေကျင်းဝတ်ဒဏ်ရာရသွား၍ လေးပတ်မှ ခြောက်ပတ်ထိအနားယူရမည်ဖြစ်သည်။ ပဲလေ့စ်တိုက်စစ်မှူးဘန်တီကီသည်လည်း ချယ်လ်ဆီးအသင်းကလိုချင်သည့်စာရင်းတွင် ပါဝင်နေသည်။

ခရော့ချ်သည် လက်ရှိရာသီလိဂ်နှင့်ဖလားပွဲများမှ သွင်းဂိုး ၅ ဂိုးအပါအဝင် စတုတ်အသင်းအတွက် စုစုပေါင်း ၁၈၆ ပွဲကစား ၄၉ ဂိုးသွင်းထားသည်။ ၂၀၁၁ တွင်ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်၁၀ သန်းဖြင့်စတုတ်သို့ရောက်ရှိခဲ့သည့်ခရော့ချ်သည် ရာသီကုန်တွင် စာချုပ်ကုန်မည်ဖြစ်သည်။

Ref; Mirror

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly