ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲ လာမည့် ၂၁ ရက်နေ့တွင် ကျင်းပမည်

ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲ လာမည့် ၂၁ ရက်နေ့တွင် ကျင်းပမည်

ရန်ကုန် ဇန်နဝါရီ ၁၉ ။            ။ ပြိုင်ပွဲဝင်အပြေးသမားပေါင်း ၉၀၀၀ ကျော် ပါဝင် ယှဉ်ပြိုင်မည့် ၂၀၁၈ ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် အပြေး ပြိုင်ပွဲကြီးကို လာမည့် ဇန်နဝါရီ လ ၂၁ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပါဝင်ဆင်နွှဲသူဦးရေအများဆုံး အပြေးပြိုင်ပွဲကြီးအဖြစ် ၆ အကြိမ်မြောက်အဖြစ် ကျင်းပမည့် အဆိုပါ မာရသွန်ပြိုင်ပွဲကို ရန်ကုန်မြို့၊ သုဝဏ္ဏမိုးလုံလေလုံ အမျိုးသားအားကစားကွင်း တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း Yoma Yangon International Marathon ဝက်ဘ်ဆိုက်တွင် ကြေညာထား သည်။

ယင်းပြိုင်ပွဲကြီးတွင် မာရသွန်တစ်ဝက်ပြိုင်ပွဲ (၂၁ ကီလိုမီတာ)၊ စိန်ခေါ်မာရသွန်ပြိုင်ပွဲ (၁၀ ကီလို မီတာ) နှင့် ၃ ကီလိုမီတာ အပျော်တမ်း အပြေးနှင့် လမ်းလျှောက်ပြိုင်ပွဲများ ပါဝင်မည်ဖြစ်သည်။

ပြိုင်ပွဲအမျိုးအစားတစ်ခုချင်းစီ၏ တရားဝင်ပြေးလမ်းကြောင်းများ သတ်မှတ်ထားပြီး သုဝဏ္ဏ မိုးလုံ လေလုံ အားကစားကွင်းမှ ပြိုင်ပွဲအမျိုးအစားများ အားလုံး တာထွက်၍ ပြန်လည်ပန်းဝင်ရမည်ဖြစ်ပြီး ပြေးလမ်းကြောင်း တွင် အထင်ကရနေရာများဖြစ် ကြသော ဗိုလ်တထောင်ဘုရား၊ ရွှေတိဂုံဘုရားနှင့် အင်းလျားကန်တို့လည်း ပါဝင်မည်ဖြစ်သည်။

ပြိုင်ပွဲဝင်များ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လည်း လမ်းအချို့ကို လမ်းအပြည့် သို့မဟုတ် လမ်း တစ်ဝက် ခေတ္တပိတ်ထားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

ခေတ္တပိတ်မည့်လမ်းများမှာ ဝေဇယန္တာလမ်းနှင့် လေးထောင့်ကန်လမ်းဆုံမှ သံသုမာလမ်းဆုံအထိ (နံနက် ၂ နာရီမှ နေ့လယ် ၁၂ နာရီခွဲအထိ) လည်း ကောင်း၊ ရာဇဓိရာဇ်လမ်းမှ ကမ်းနားလမ်းဟောင်း အထိ (နံနက် ၄ နာရီခွဲ မှ နံနက် ၉ နာရီ အထိ) လည်းကောင်း၊ ကမ်းနားလမ်းဟောင်းမှ ကြည့်မြင့် တိုင် ကမ်းနားလမ်းအထိ (နံနက် ၄ နာရီခွဲမှ နံနက် ၉ နာရီ အထိ)လည်းကောင်း ၊ ရွှေတိဂုံဘုရားလမ်း မှ ဦးထောင်ဘိုလမ်းအထိ (နံနက် ၄ နာရီခွဲ မှ နံနက် ၉ နာရီ အထိ)လည်းကောင်း၊ ဗညားဒလလမ်းမှ ကျိုက္ကဆံလမ်းအထိ (နံနက် ၄ နာရီခွဲ မှ နံနက် ၁၀ နာရီခွဲ အထိ)လည်းကောင်း၊ စက်ရုံလမ်းမှ ဗညားဒလလမ်း အထိ (နံနက် ၄ နာရီခွဲ မှ နံနက် ၁၀ နာရီ ခွဲအထိ)လည်းကောင်း၊ ဗဟိုလမ်းမှ ဆေးဝါးလမ်း အထိ (နံနက် ၄ နာရီခွဲ မှ နံနက် ၁၁ နာရီအထိ) လည်းကောင်း၊ အောင်သိဒ္ဓိလမ်းမှ မင်းဓမ္မလမ်း အထိ (နံနက် ၄ နာရီခွဲ မှ နံနက် ၁၁ နာရီ အထိ)နှင့် သစ္စာလမ်း(ကန်ဘဲ့) မှ မိုးကောင်းလမ်းအထိ (နံနက် ၄ နာရီခွဲ မှ နံနက် ၁၁ နာရီ အထိ) ဖြစ်ကြောင်း သိ ရသည်။

ကားလမ်းမများတွင် ဘလောက်တုံးများ ချထားကာ လမ်းပိတ်သွားမည်ဖြစ်ပြီး ယာဉ်စည်းကမ်း ထိန်း သိမ်းရေး ရဲတပ်ဖွဲ့ဝင်များကလည်း ယာဉ်လမ်း ကြောင်းများကို စနစ်တကျစီမံခန့်ခွဲပေးသွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

၂၀၁၇ ခုနှစ် ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်သူဦးရေ ၈၀၀၀ ကျော်ရှိခဲ့ရာမှ ယခုပြိုင်ပွဲကြီးတွင် အပြေး သမားပေါင်း ၉၀၀၀ ကျော်ရှိလာကြောင်း သတင်း ထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၈ ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် ပြိုင်ပွဲကြီးကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ (YCDC) နှင့်Yoma Strategic Holdings Ltd (“Yoma Strategic”) တို့က ပူးပေါင်းစီစဉ် ကျင်းပမည်ဖြစ် ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly