ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနှင့်တွေ့ဆုံခြင်း အပိုင်း (၂)

ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနှင့်တွေ့ဆုံခြင်း အပိုင်း (၂)

၂၀၁၅ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးနှင့် တွေ့ဆုံခြင်း (အပိုင်း - ၁)

 

မေး ။   ။ ခုန ပြောသွားတဲ့ထဲမှာ မီဒီယာရဲ့အခန်းကဏ္ဍပေါ့နော်။ ပူးပေါင်းဆောင်ရွက်မှုမှာ အားနည်းနေသေးတယ်ဆိုတဲ့အပိုင်းပေါ့။ ဆိုတော့ ရွေးကောက်ပွဲကော်မရှင်က ပြုလုပ်နေတဲ့လုပ်ငန်းတွေကို ပြည်သူတွေ ပိုပြီးတော့သိလာအောင် transparent ပိုဖြစ်လာတဲ့ဟာကို သိရှိလာအောင် Transparency ဆိုတဲ့ aspect ပေါ့နော်။ မီဒီယာရဲ့အခန်းဏ္ဍကို ရွေးကောက်ပွဲကော်မရှင်က ဘယ်လိုမျိုး ယူဆပြီးတော့ လုပ်ဆောင်နေတာတွေရှိလဲခင်ဗျ။

ဖြေ ။      ။ ဒါကတော့လေ ဟို . . ကျွန်တော်က သက်သက်မဲ့။ ကျွန်တော်မျှော်လင့်တဲ့ထဲမှာ မဖြစ်သေးတာကို သက်သက်မဲ့ ပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ဘာဘဲလုပ်လုပ် မီဒီယာက သိပ်အရေးကြီးပါတယ်။ မီဒီယာသိပ်အရေးကြီးပါတယ်။ ကျွန်တော်အစောကြီးကလည်းဘဲ လူထုသိအောင် လုပ်ဖို့ဆိုတာ မီဒီယာပါဘဲ။ သို့သော်လည်း ၂၀၁၀ အစိုးရသစ် ပေါ်ပေါက်ပြီးနောက်ပိုင်းမှာ မီဒီယာက သိပ်ပြီးတော့ လွတ်လပ်လွန်းအားကြီးတယ်။ လွတ်လပ်လွန်းအားကြီးတော့ တော်တော်များများက အဆိုးဘဲမြင်နေပါတယ်။ အဆိုးဘဲမြင်နေတော့ ကျွန်တော်တို့ ကော်မရှင်နဲ့ပတ်သက်ရင်လည်း ရေးနေတာတွေ၊ ပြောတာဆိုတာတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ဘက်က ဘာမှမပြောဘူး။ ဒီလိုဘဲ ရေးချင်တာရေးပါစေဆိုပြီး နေပါတယ်။ သို့သော်လည်း ၂၀၁၄ မှာတော့ နောက်နှစ်ကျရင်တော့ ငါ ရွေးကောက်ပွဲကြီး ကျင်းပတော့မယ်။ ငါတော့ မီဒီယာကို deal မလုပ်လို့မရတော့ဘူး။ myanmar press council ကို ကျွန်တော် ဖိတ်ပါတယ်။ ဖိတ်ပြီးတော့ ကျွန်တော်တွေ့ပါတယ်။ ဆရာဖိုးသောြင်္ကာ တို့နဲ့ နောက် ဒီအဖွဲ့တွေ တော်တော်များများ တက်ပါတယ်။ ကျွန်တော်ပြောပါတယ်။ ကျွန်တော် မီဒီယာကို အင်မတန်မှ ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်မှာ မီဒီယာသိပ်အရေးကြီးပါတယ်။ သူများတိုင်းပြည်တွေမှာ လူထုကပညာရှိတဲ့အခါကျတော့ မီဒီယာ bias ဖြစ်လာရင် သူတို့က မဖတ်တော့ဘူး။ မီဒီယာကို လူထုကထိန်းကျောင်းသွားတယ်။

ကျွန်တော်တို့တိုင်းပြည်ကတော့ ခုနကျွန်တော်ပြောသလိုဘဲ ပြောကြေးဆိုရင်တော့ လွတ်လပ်ရေးရတာ ရွေးကောက်ပွဲ ၂၀၁၀ ပေါ်လာတဲ့ထိ ၆၂ နှစ်။ ၆၂ နှစ်မှာ တပ်မတော် အုပ်ချုပ်တာ၊ နောက် တစ်ပါတီကအုပ်ချုပ်တာ ရေကြည့်လိုက်ရင် ၄၈ နှစ်ရှိပါတယ်။ နော် ၆၂၊ ၇၄၊ ၈၈။ ၈၈ ကနေ ၂၀၁၀။ ၄၈ နှစ်ရှိပါတယ်။ အဲတော့ လွတ်လပ်ရေးရတဲ့ ၆၂ နှစ်မှာ ၄၈ နှစ် တစ်ပါတီနဲ့ တပ်မတော်အောက်မှာ နေရတဲ့အခါကျတော့ ပွင့်လင်းလာတဲ့အခါကျတော့ လူထုကလည်း ခံစားချက်တွေ ပြောတာပေါ့ဗျာ။ ခံစားချက်တွေကို ပြောတာကို မီဒီယာကလည်း လိုက်ရေးပေးတဲ့အခါကျတော့ နောက်ဆုံးပြောမယ်ဆို ပြောရင်တော့ ကျွန်တော့သားပင်လျှင် မီဒီယာရှိပါတယ်။ တော်တော်များများကလည်း ပြောပါတယ်။ စီးပွားရေးအရ လုပ်ရတာ။ တချို့ဟာတွေလည်း မဖတ်ပါနဲ့ဆိုတော့ ကျွန်တော်တို့ ဒီလိုပဲဖြစ်ပါတယ်။ နောက်ပိုင်း ၂၀၁၂-ကနေ ၂၀၁၃-၁၄ လောက်ကျတော့ လူကြီးတော်တော်များများနဲ့ တချို့မိတ်ဆွေတွေ တွေ့တဲ့အခါကျတော့ မီဒီယာ ဂျာနယ်တွေကို ရွေးဖတ်လာတယ်။ ဘယ်ဂျာနယ်တော့ဖတ်တယ်။  ဘယ်ဂျာနယ်တော့ မဖတ်ပါနဲ့။ အဲ့လိုပြောတာတွေ ရှိပါတယ်။

ပြန်ကောက်ရင်တော့ မီဒီယာက ဒီလိုဘဲဖြစ်ရပါမယ်။ တချို့ မီဒီယာ သတင်းတွေရေးတာတွေရှိတယ်။ မှားတာ၊ မှန်တာ ရေးတာတွေရှိတယ်။ တချို့မီဒီယာတွေကျတော့ နိုင်ငံတော်ကို ဘယ်လို တည်ဆောက်သင့်တယ်။ ဒါမျိုးတွေပေးတဲ့ဂျာနယ်တွေလည်း အများကြီးရှိပါတယ်။  ကောင်းတာတွေ အများကြီးရှိတယ်။ ဒါတွေကတော့ တဖြည်းဖြည်းနဲ့ ပြင်လာပါတယ်။ ဒါကတော့ မီဒီယာကို လူထုကဘဲ ထိန်းကျောင်းသွားမှာပါ။ အခု ကျွန်တော်လည်း ရွေးဖတ်တာပါဘဲ။ ဘယ်ဂျာနယ်တော့ ငါ့စားပွဲပေါ်လာမတင်နဲ့တော့ဆိုပြီး ကျွန်တော်ခိုင်းပြီးတော့ fair ဖြစ်တဲ့ဟာတွေဘဲ ဖတ်ပါတယ်။

ပြန်ကောက်မယ်ဆိုရင် မီဒီယာအဖွဲ့ pc-press council နဲ့ ကျွန်တော်တွေ့ပါတယ်။ တွေ့တော့ ခင်ဗျားတို့နဲ့ ကျွန်တော် chanal ဖွင့်မှရတော့မယ်။ အဲဒါကြောင့် ကျွန်တော် ဘာလုပ်လုပ် ခင်ဗျားတို့ကို တင်မယ်။ တင်ပြီးလို့ရှိရင် ခင်ဗျားတို့ ထုတ်ပေးပါ။ ခင်ဗျားတို့လည်း ရေးပါ။ မရေးခင် အတည်ပြုပါ။ မပြုဘူးဆိုလည်း ရေးပါ။ ရေးလို့မှားလို့ရှိရင်လည်း ကျွန်တော်တို့ ပြင်ပေးပါမယ်။ ပြင်ပေးရင်လည်း ခင်ဗျားတို့ ပြန်ပြီးတော့ အမှားပြင်ဆင်ချက် ထုတ်ပေးပါ ဆိုပြီးတော့ သူတို့နဲ့ကျွန်တော်တို့နဲ့ chanal လေး ဖွင့်လိုက်ပါတယ်။ ကျွန်တော့်ဘက်ကတော့ ဘာပြောပြော ယနေ့ ကိုယ်စားလှယ်လောင်းတွေ ဟာတွေ ကျွန်တော်သတင်းထုတ်ခိုင်းပါတယ်။ ခုဆို ည ၁၂ နာရီ ၁ နာရီလောက်မှ ပြီးတယ်။ နောက်နေ့ မနက် ၈နာရီ၊ ၉နာရီလောက်ဆို ထုတ်ပါတယ်။ ဒါတွေအကုန်လုံးက ကျွန်တော့်ကို MPC  ကပေးထားတဲ့ အီးမေးလိပ်စာမှာပါတဲ့ ဂျာနယ်တွေ အကုန်လုံး ပို့ပေးပါတယ်။ ထွက်သမျှ၊ လုပ်သမျှ၊ ဧည့်သည်တွေ့လို့ရှိရင်လည်း ပို့ပါတယ်။

ဒါ ကျွန်တော် ဖွင့်တာပါ။ ပြန်ပြောမယ်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲအောင်မြင်ဖို့ဆိုရင် ကော်မရှင်တစ်ခုတည်း မရပါဘူး။ ကော်မရှင်လဲ capacity တက်အောင်လုပ်နေရတယ်။ ကော်မရှင်capacity တက်အောင်လုပ်သလိုဘဲ၊ ပါတီတွေလည်းလုပ်ရလိမ့်မယ်။ CSO တွေလဲ လုပ်ရမယ်။ မီဒီယာတွေလည်း လုပ်ရမယ်။ ရွေးကောက်ပွဲဆိုတာဘာလဲ။ ရွေးကောက်ပွဲဆိုတာ လူထု ကိုယ်စားလှယ်တွေရွေးတဲ့ ရွေးကောက်ပွဲ။ လူထုကိုယ်စားလှယ် ဘယ်လိုလူမျိုး ရွေးရမလဲ။ လူတော်လူကောင်းတွေကို ရွေးရမယ်။ လူတော်လူကောင်းတွေရွေးမှ လွတ်တော်ထဲ လူတော်လူကောင်းတွေ ရောက်မယ်။ လွတ်တော်ထဲ လူတော်လူကောင်းရောက်မှ ကျွန်တော်တို့ တိုင်းပြည်တည်ဆောက်နိုင်မယ်။ ဒီဟာကို ကျွန်တော်တို့က သိအောင်လုပ်သွားဖို့က ဒါမှသာလျှင် ရွေးကောက်ပွဲရဲ့ အနှစ်သာရ၊ ရွေးကောက်ပွဲရဲ့ရည်ရွယ်ချက်နဲ့ ပြည့်စုံတဲ့ လုပ်ငန်းဖြစ်မယ်။ ရွေးကောက်ပွဲမှာ လူတော်လူကောင်းတွေ မဟုတ်ဘဲနဲ့ ခင်ရာမင်ရာရွေးပြီးတော့ လူညံ့တွေ ဖြစ်နေရင်တော့ တိုင်းပြည်မတည်ဆောက်နိုင်ဘူးဆိုရင် လူထုကိုယ်စားလှယ်တွေဟာ လူညံ့တွေဆိုရင် မကောင်းဘူးပေါ့လေ။

ကျွန်တော့ဘက်ကလည်း သိပ်ပြောချင်တာကတော့ ရွေးကောက်ပွဲဆိုတာ နိုင်ငံအတွက် အသက်တမျှ အရေးကြီးတယ်။ ဒါကို ကျွန်တော် ခံယူတယ်။ နှစ်ကတော့ ဒီအသက်တမျှအရေးကြီးတဲ့ လုပ်ငန်းဟာ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲကြီး ဖြစ်ကိုဖြစ်ရမယ်။ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ ဆိုတာဘာလဲဆိုရင် လူထူဆန္ဒနဲ့အညီရွေးကောက်တင်မြောက်ခံရသော ပုဂ္ဂိုလ်တွေ ဖြစ်ရမယ်။ သုံးကတော့ ဒီလို လူထုဆန္ဒနဲ့အညီ ရွေးကောက်တဲ့ရွေးကောက်ပွဲကြီးမှာ ရွေးကောက်ခံရတဲ့ ပုဂ္ဂိုလ်တွေကလည်း လူတော်လူကောင်းတွေဖြစ်ဖို့လိုတယ်။ ဒါကတော့ ကော်မရှင်က လုပ်လို့ရတဲ့ဟာ မဟုတ်ဘူး။ ပါတီတွေ လူထုကို ပညာပေးမှရမယ်။ ဒီလိုဘဲခံယူပြီးတော့ ကျွန်တော်ကတော့ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်နေပါတယ်။

မေး ။   ။ လွှတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲရဲ့ အခြေခံတစ်ချက်ထဲမှာ ဥပဒေအရမဲပေးခွင့် ရှိတဲ့လူတိုင်းဟာ မဲပေးနိုင်အောင် လုပ်ပေးဖို့ ဆိုပြီးတော့ Voter list ပေါ့။ အခုဟာက Voter list ပတ်သက်ပြီးတော့ ရွေးကောက်ပွဲကော်မရှင်က လုပ်ဆောင်နေတာတွေထဲမှာ တချို့ဟာတွေ အားနည်းတယ်၊ တချိုဟာတွေ လွဲတယ်၊ မှားတယ် ဆိုတဲ့ဝေဖန်သံတွေလည်း ကြားရတယ်လေ။ အဲတော့ ရွေးကောက်ပွဲကော်မရှင်က ဘယ်လိုမျိုး လုပ်ဆောင်နေပါသလဲ။

ဖြေ ။      ။ ကျွန်တော်ပြောပါမယ်။ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုထားသူများ အားလုံးဟာ မဲပေးပိုင်ခွင့်ရှိပါတယ်။ ဥပဒေနဲ့အညီ မဲပေးခွင့်ရှိသူများ မဲပေးခွင့်ရရပါမယ်။ မဲပေးခွင့်ရှိပါလျှက်နဲ့ မဲပေးခွင့်မရဘူးဆိုရင် သူ့ရဲ့နိုင်ငံသားအခွင့်အရေးဆုံးရှုံးတာပါ။ ဒါမျိုးမဖြစ်အောင် ကျွန်တော်တို့ လုပ်ရပါမယ်။ ဒီလိုလုပ်တဲ့နေရာမှာ ဘာဖြစ်လာလဲဆိုတော့ ဥပဒေအရပဲ။ မဲစာရင်းမှာပါမှ မဲပေးပိုင်ခွင့် ရှိပါတယ်။ မဲစာရင်းမှာ မပါဘူးဆိုရင် လွတ်တော်ကိုယ်စားလှယ်တောင် အရွေးခံလို့မရဘူး။ လွှတ်တော်ကိုယ်စားလှယ်ဟာ ကျွန်တော်တို့ပြောထားတာ နိုင်ငံသားတိုင်းဟာ မဲပေးပိုင်ခွင့်ရှိသူ ရွေးချယ်ပိုင်ခွင့်ရှိတယ်။ မဲပေးပိုင်ခွင့်ရှိသူ ဥပဒေအရ မဲပေးပိုင်ခွင့်ရှိသလိုဘဲ၊ မဲစာရင်းမှာမပါတဲ့ပုဂ္ဂိုလ်ဟာလည်းပဲ သူကလည်း ရွေးချယ်ပိုင်ခွင့်မရှိပါဘူး။ ပုံစံ (၆) လို့ ထင်ပါတယ်။ လွတ်တော်ကိုယ်စားလှယ်လောင်းတွေထဲမှာတောင်မှ မဲစာရင်းနံပါတ်ဆိုပြီး ကျွန်တော် ထည့်ခိုင်းထားပါတယ်။ အခုတော့ မဲစာရင်းကမထွက်သေးတဲ့အတွက် အဲ့ဒါလေး blank လုပ်ခိုင်းထားပါတယ်။ အဲဒီလိုတောင် ကျွန်တော်တို့ ပုံစံထဲမှာပါပါတယ်။

ပြန်ကောက်မယ်ဆိုရင် မဲစာရင်းကတော်တော်ကို အရေးကြီးပါတယ်။ အရေးကြီးတဲ့အတွက် ကျွန်လက်ထက်မှာ တွေရတာကတော့ နဖူးတွေ့ ဒူးတွေ့ပေါ့လေ။ ၂၀၁၀ ရွေးကောက်ပွဲတုန်းကတော့ ကျွန်တော်က တာဝန်ရှိတဲ့ပုဂ္ဂိုလ် မဟုတ်တဲ့အခါကျတော့ မဲစာရင်းဘယ်လောက်မှန်တယ်၊ မှားတယ် ကျွန်တော် မသိပါဘူး။ သို့သော်လည်း ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ လုပ်တဲ့အခါကျတော့ တော်တော်များများ မဲစရင်းနဲ့ပတ်သက်ပြီး ပြဿနာတက်ပါတယ်။ ဒါကိုကျွန်တော်ကြိုမြင်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲကြီး ဧပြီလ ၁ ရက်နေ့မှာ လုပ်မယ်ဆိုတဲ့ ကြေညာချက်ထုတ်ကတည်းက သူ့ foot note မှာ ကျွန်တော်ရေးထားတယ်။ ပါတီများအနေနဲ့ မိမိ၏ မဲဆန္ဒရှင်များ မဲစာရင်းမှာပါရန် ပူးပေါင်းဆောင်ရွက်ကြပါ ဆိုပြီးတော့။ ပြန်လှန်ကြည့်ပါ ဒါအထောက်အထားတွေပါ။ သတင်းစာမှာ ပြန်ရှာကြည့်ရင်တွေ့ပါမယ်။ ကျွန်တော် ဒီလိုကြေညာခဲ့တာပါ။ အဲ့တော့ မဲစာရင်းမှာမပါလို့ကတော့ မဲပေးလို့မရပါဘူး။ ဥပဒေပါဘဲ။ မဲစာရင်းပါမှ ဖြစ်ပါမယ်။

ကောင်းပြီ အဲဒီတော့ မဲစာရင်းပါအောင် ခင်ဗျားတို့ ဘာလုပ်ကြသလဲ။ ဥပဒေအရပြောမယ်ဆိုရင်။ မဲစာရင်းပြုစုဖို့ဆိုတာတော့ ကော်မရှင်မှာတာဝန်ရှိတာပေါ့။ ဘယ်လိုဆိုထားလဲဆိုတော့။ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနဲ့ ရပ်ကွက်နဲ့ ကျေးရွာနဲ့ အုပ်စု ကော်မရှင်အဖွဲ့ခွဲတွေက မဲစာရင်းပြုစုရမယ်။ မဲစာရင်းပြုစုတဲ့နေရာမှာ သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးရုံးမှာရှိသော လူဦးရေစာရင်းနှင့် အိမ်ထောင်စု စာရင်း ပုံစံ ၆၆/၆ ပေါ့လေ။ ပုံစံ ၁၀ လို့ ခေါ်ပါတယ်။ ပုံစံ ၆၆/၆ ကိုလည်းချရတယ်။ သန်းကောင်စာရင်းလို့ ပြောနေတယ်။ သန်းခေါင်စာရင်း မဟုတ်ပါဘူး။ အိမ်ထောင်စုစာရင်းပါ။ သန်းခေါင်စာရင်းဆိုတာ ရောက်တဲ့နေရာကောက်တာ။ လူဦးရေစာရင်းဆိုတာ နေတဲ့လူကို ကောက်တာ။ မတူပါဘူး။ သန်းကောင်စာရင်းမှာ ဘယ်သူပါလဲဆိုတော့ ဧည့်သည်ကပါနေတယ်။

မေး ။   ။ သန်းကောင်စာရင်းပေါ်မှာ အခြေခံတာ မဟုတ်ဘူးလား။

ဖြေ ။      ။ နိုး။ နိုး။ မဟုတ်ပါဘူး။ သန်းကောင်စာရင်းပေါ်မှာ အခြေခံလို့ မရလည်းမရပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဒီရပ်ကွက်မှာနေတဲ့ပုဂ္ဂိုလ်က ဒီရပ်ကွက်ကိုကိုယ်စားပြုပြီးတော့ တာဝန်ထမ်းဆောင်မယ့် ကိုယ်စားလှယ်လောင်းကို ရွေးရမှာဖြစ်တဲ့အတွက်ကြောင့် ဒီမှာ ရှိတဲ့သူကဘဲ ဒီမှာရှိတဲ့ကိုယ်စားလှယ်ကို ရွေးရတာဖြစ်တဲ့အတွက်ကြောင့်၊ ဒီမှာရှိတဲ့သူကို စာရင်းကောက်ရပါတယ်။ အိမ်ထောင်စုစာရင်းနဲ့ လူဦးရေစာရင်းဆိုတာ ဒါ ထွေအုပ်မှာ ရှိပါတယ်။ ထွေအုပ်မှာ ပုံစံ(၁) ဆိုတာရှိပါတယ်။ ပုံစံ(၁) မှာသွားကြည့်ရင် လူဦးရေစာရင်းတွေရှိပါတယ်။ တစ်ဖက်က ပြည်ထဲရေးက တစ်ဖက်က လဝက။ မတူပါဘူး ဝန်ကြီးဌာနချင်းလည်းမတူပါဘူး။ နှစ်ခုစလုံးမှာလည်း လူဦးရေစာရင်း ဆိုတာ အုပ်ချုပ်ရေး ပြည်ထဲရေးမှာရှိသလို၊ ပုံစံ ၁၀ နဲ့ ဟာလည်း လဝကမှာရှိပါတယ်။ ကျွန်တော်တို့ ကောက်တာ အဲဒီစာရင်းပါ။ သန်းကောင်စာရင်းမဟုတ်ပါဘူး။

အဲ့ဒီစာရင်းကို ကျွန်တော်တို့ယူပြီးတော့ အသက် ၁၈ နှစ်ပြည့်သူအားလုံးကို ကူးရေးလိုက်ပါတယ်။ ကျွန်တော်တို့ရဲ့ ပုံစံ(၁) ထဲမှာပေါ့။ ပုံစံ(၁) က ဘာပါလဲဆိုတော့ အမည်ပါတယ်၊ အဖအမည်ပါတယ်၊ မိအမည်ပါတယ်၊ မှတ်ပုံတင်နံပတ်ပါတယ်၊ နေရပ်ပါတယ်။ ဒါတွေကိုကျွန်တော်တို့ ကူးရေးလိုက်တယ်။

ကူးရေးပြီးရင် ဘာလုပ်ရလဲဆိုတော့ ဥပဒေအရ တစ်နိုင်ငံလုံးကို မဲစာရင်းကြေညာရတယ်။ ဘယ်နေ့မှာ မဲစာရင်းကပ်ပါမယ်။ ဟိုတုန်းက ဥပဒေက (၇) ရက်ပဲပေးပါတယ်။ (၇) ရက် အတွင်းမှာ လာကြည့်ပါ။ မပါရင် ပုံစံ(၃) နဲ့ဖြည့်ပါ။ မှားနေရင် ပုံစံ(၄-ဂ) နဲ့ပြင်ခိုင်းပါ။ မပါသင့်တဲ့သူပါနေရင် ပုံစံ(၄) နဲ့ ကန့်ကွက်ပါ။ အဲ့တော့ စာရင်းပြုစုတာသည် ကော်မရှင်တာဝန်။ မဲစာရင်းပါဖို့ လာကြည့်ဖို့သည် လူထု တာဝန်။ မဲဆန္ဒရှင်တာဝန်။ ဒီလူကြီးက နိုင်ငံခြားသားကြီး၊ နိုင်ငံခြားကိုပြောင်းသွားပြီ။ ကန့်ကွက်တယ်။  ဒီလူက သေသွားပြီ ဆိုရင် ပုံစံ(၄) နဲ့ ကန့်ကွက်ပါ။ ဒီလိုလူထုနဲ့ ကော်မရှင်နဲ့ ပူးပေါင်းလုပ်ရင် မဲစာရင်းကအမှန်ရတာ။ ရွေးကောက်ပွဲနေ့ကျရင် စာရင်းပါလာတဲ့အတွက်ကြောင့် မဲပေးနိုင်မှာပဲ။

၂၀၁၂ မှာရွေးကောက်ပွဲလုပ်တော့ ဒီလိုပြောပါလျက်နဲ့ မဲစာရင်းလာမကြည့်ဘူး။ လာမကြည့်တော့ မဲစာရင်းမပါဘူး။ မဲစာရင်းမပါတော့ မပေးရဘူး။ ဒီဖြစ်စဉ်တွေဖြစ်တော့ အများကြီး ပြဿနာတွေဖြစ်ပါတယ်။ ၂၀၁၅ မှာ ဒီဖြစ်စဉ်မျိုးကျွန်တော်အဖြစ်မခံနိုင်ပါဘူး။ ဒီဖြစ်စဉ်ဟာ ရွေးကောက်ပွဲတည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေပါတယ်။ ဒါကြောင့် ကျွန်တော်ဘာစဉ်းစားလဲဆိုတော့ ကျွန်တော့လက်ထဲမှာ အုပ်ချုပ်ရေးကို အားကိုးရမယ့်အစား ကျွန်တော့လက်ထဲမှာ မဲစာရင်းအမှန်ကို ကိုင်ထားချင်တယ် ဆိုတဲ့စိတ်ကူးကို IFAS ကို ပြောပြတယ်။ သူတို့က ကူညီပါမယ်လို့ပြောတယ်။  ကျွန်နော်တို့ ပထမဆုံး pilot project လုပ်ပါတယ်။ အလုံကို တစ်ခုထားလိုက်ပါတယ်။ Communication ခက်နေတဲ့ ဖလမ်း ကို တစ်နေရာ ရွေးပါတယ်၊ နောက် IDP ရှိတဲ့ မြစ်ကြီးနား ကိုရွေးပြီး pilot project လုပ်ပါတယ်။ အဲ့အပေါ်မှာ သုံးသပ်ပြီးတော့မှ တစ်နိုင်ငံလုံးကို ၂၀၁၄ မှာ စကောက်လိုက်ပါတယ်။ ဒါက အခြေခံမဲစာရင်းလို့ခေါ်ပါတယ်။ အဲ့ဒီ pilot project က အကျိုးအပြစ်တွေကို ဝေဖန်သုံးသပ်ပြီးတော့တစ်နိုင်ငံလုံးလုပ်မယ်ဆိုပြီး plan ချလိုက်ပါတယ်။ တစ်နိုင်ငံလုံးကို လေးကြိမ်ကြေညာပါတယ်။ ကျွန်တော်မှတ်မိတာတော့ မတ်လမှာ ပထမအကြိမ် စတင်ကြေညာတာ။ ပြီးတာလေး၊ ပြီးတာလေးတွေ ကြေညာတယ်။ ပထမအကြိမ်မှာ ရန်ကုန်တိုင်း ၁၀ မြို့နယ်ကစလိုက်တာ။ ပထမအကြိမ် စလိုက်ကတည်းက အမှားတွေများတယ်ဆိုပြီးတော့ ဖြစ်လာတယ်။

ကျွန်တော်ကတော့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်အနေနဲ့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့က ကျွန်တော့စိတ်ထဲဘာမှမရှိဘူး။ ၃၀ ရာခိုင်နှုန်းမှားတယ်။ ၈၀ ရာခိုင်နှုန်းမှားလဲ စိတ်ထဲမရှိဘူး။ ဘာမှမရှိဘူးဆိုတာ ကျွန်တော်က ကပ်ဖို့ဘဲ တာဝန်ရှိတာကိုး။  မှားတာကိုလာကြည့်ရမယ်၊ ပြင်ပေးရမယ်။ ပြင်ပေးလိုက်ရင် မဲစာရင်းအမှန်ဖြစ်သွားတယ်။ မှားတယ်ဆိုပြီးတော့ ကျွန်တော့ကို ဝိုင်းပြောကြတယ်။ မှားတယ်ဆိုရင် ကျွန်တော့ကို ပေးပါဆိုတော့ ဒီလိုလဲ မလာဘူး။ အဲ့ဒါကိုကျွန်တော် ၁၄ ရက်ကပ်တယ်။ ပြီးသွားတယ်။ နောက်ပြင်ခွင့်မရှိတော့ဘူး။ အဲဒီလိုနဲ့ နောက်ဒုတိယအကြိမ်၊ တတိယအကြိမ်၊ စတုထ္ထအကြိမ် ကပ်တယ်။ ဒီလိုဘဲမှားတယ် မှားတယ် ဆိုပြီးတော့ ဒါနဲ့ မထူးဘူးဆိုပြီး ကျွန်နော်တို့ ကော်မရှင်အဖွဲ့ခွဲတွေနဲ့ ဆင်းပြီးတော့ကြည့်ကြတယ်။  ဘာတွေမှားလဲဆိုတော့ တစ်က စာလုံးပေါင်းမှားတာ (ဥပမာ- စန်းမောင် ဆို ဆန်းမောင်) ၊ နောက်ပြီး နားကြားလွဲတာ။ ဟိုက စာရင်းကနေ ကွန်ပျူတာထဲထည့်တာကိုး။ (ဥပမာ - မောင်မောင် လို့အော်လိုက်တယ်၊ ကလေးက ရိုက်လိုက်တာ မောင်အောင်လို့ရိုက်လိုက်တယ်)၊ နောက်တခါ သက္ကရာဇ်တွေ မှားတယ်။ အုပ်ချုပ်ရုံးရေးမှာ ရှိတဲ့စာရင်းကျတော့ သက္ကရာဇ်ဘဲ ရတယ်။ ရက်၊ လ မရဘူး။ International မှာ ၆လပိုင်း၊ ၃၀ရက်ကိုယူရတယ် ဆိုပြီးလုပ်တယ်။ အဲ့လိုရှာလို့လွယ်အောင် ဆိုပြီး ကျွန်တော်တို့က ၃၀ရက်၊ ၆လ ဆိုတာ လုပ်တယ်။ အဲဒီလိုလုပ်တော့ သူတို့ သက္ကရာဇ်က ၃၀ - ၆ လမဟုတ်ဘူးဆိုတော့  သက္ကရာဇ်မှားတယ်လို့ပြောတာရှိတယ်။ နောက် ဂဏန်းမှားတာ (ဥပမာ- ၁နဲ့ ၈ တို့ သုည နဲ့ ၁ တို့) တွေရှိတယ်။ ဒါတွေပဲတွေ့ရပါတယ်။

အဓိကမှားတာတွေက ခုဏကပြောတဲ့ စာလုံးပေါင်း၊ နားကြားလွဲ၊ သက္ကရာဇ်၊ ဂဏန်းတွေမှားတယ်။ ဘယ်လောက်မှားသလဲလို့ မေးကြည့်လိုက်တော့ နေပြည်တော်ကောင်စီ ၈ မြို့နယ်မှာ မဲစာရင်းလူဦးရေ ၆ သိန်းကျော်ရှိတယ်။ လာကြည့်တာ ၂ သိန်းကျော်ရှိတယ်။ အကြမ်းဖျဉ်း ၃၃ ရာခိုင်နှုန်းလာကြည့်တယ်။ အကြမ်းမျဉ်းပေါ့လေ။ ကျွန်တော့နာမည်မပါလို့ပါဆိုပြီး လာဖြည့်တာ ၁၃,၀၀၀ ရှိတယ် အဲ့ဒါ ၆.၂ ရာခိုင်နှုန်းရှိပါတယ်။ မပါသင့်တဲ့သူတွေပါနေတယ်ဆိုပြီး ကန့်ကွက် ပယ်ဖျက်တာ ၃,၅၀၀ ရှိပါတယ်။ သူကတော့ ၁.၇၂ ရာခိုင်နှုန်းရှိပါတယ်။ အမည်တွေ အဖအမည် မှားနေတယ်ဆိုတာ ၁၂,၂၀၀ ရှိတယ် သူက ၅.၈ ရာခိုင်နှုန်းရှိတယ်။ အဲ့တော့ ၃၃ ရာခိုင်နှုန်းလာကြည့် တယ်။ အဲဒီထဲမှာ ၁၃ ရာခိုင်နှုန်းအမှားရှိတယ်ဆိုတာ တွေ့ရတယ်။ ဒါကိုလည်း ကျွန်တော် သတင်းစာတွေမှာ ကြေညာချက်ထုတ်ထားပါတယ်။

ကျွန်တော်ကပြောပါတယ်။ ပူးပေါင်းဆောင်ရွက်မှု။ ကျွန်တော်က ကပ်မယ်။ သူတို့ကလာကြည့်မယ်။ ပြင်ရင်အမှန်ဖြစ်သွားမယ်။ အခုခက်နေတာက ကျွန်တော်က ကျွန်တော့်အလုပ် ကျွန်တော်လုပ်တယ်၊ ကူးတယ်၊ ကပ်တယ်။ ကျွန်တော်ရဲ့ဟာအရကတော့ ၃၃ ရာနှုန်းပဲရှိတယ်။ မှားတာ ၁၃ ရာခိုင်နှုန်းဘဲ ရှိတယ်။ သူတို့က ၃၀ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်းမှားတယ်လို့ ပြောတယ်။ OK Alright မှားပါပြီ။ ပူးပေါင်းဆောင်ရွက်ကြပါ။ ပေးပါ။ ဒါမှ ကျွန်တော် အမှန်ဖြစ်ပါမယ်။ ၃၀ ရာခိုင်နှုန်းလဲပေးမယ်။ ပေးပါ၊ ၈၀ ရာခိုင်နှုန်းလဲ လက်ခံတယ်။ ပေးမယ်။ ရာနှုန်းပြည့်မှားလဲပေးပါ။ ကျွန်တော် ပြန်ပြီးတော့ Feet back လုပ်ပါတယ်။ ပြင်မယ်ဆိုတော့။ မလာဘူး။ ကျွန်တော့ ကော်မရှင်အဖွဲ့ဝင်တွေကလည်း တိုင်းဒေသကြီးအထိတာဝန်ပေးတာ။ ဆင်းပြီးတော့ Challenge လုပ်တယ်။ ပေးပေး ဆိုတော့ ဘယ်သူမှ မပြနိုင်ကြဘူး။ မီဒီယာထဲမှာမပါပါဘူး။ အချက်အလက်ဆိုတာ ဘယ်သူ့မှ မပေးနိုင်ဘူး။ အဲ့ဒီလိုပြောတဲ့ ပါတီကပြောသလို၊ ပွင့်ပွင့်လင်းလင်းပြောတဲ့ ပါတီကပြောတယ်။

ပြည်ထောင်စုဂျာနယ်ထဲမှာပါတယ်။ ဦးမောင်မောင်သိမ်း အထွေထွေ အတွင်းရေးမှူး မဲစာရင်းထဲမှာ မပါပါဘူး။ ကျွန်တော် ရန်ကုန်တိုင်းကို လှမ်းပြီးတော့ Check လုပ်လိုက်တယ်။ ဘာလို့မပါတာလဲ။ ငါ့ကို ဖြေရှင်းချက်ပေး။ ဓါတ်ပုံရိုက်ပြီးတော့ ကျွန်တော် ပြတယ်။ ပါပါတယ်။ သူ့မိန်းမ၊ သူ့သားသမီး၊ အိမ်မှာနေတဲ့လူလည်း ပါတယ်။ မောင်မောင်သိမ်းနာမည်တော့ မပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမိန်းမက မေတ္တာရပ်ခံချက်ကြောင့်။ ခရမ်းမှာရွေးမှာဖြစ်တဲ့အတွက်ကြောင့်၊ ခရမ်းကိုသွား မဲထည့်ချင်တဲ့အတွက်ကြောင့် မထည့်ပါနဲ့။ အဲ့တော့ ကျွန်တော်တို့က ဂျာနယ်တစ်ခု ဓါတ်ပုံနဲ့တကွ ဖော်ပြလိုက်ပါတယ်။ အဲဒီတော့ ခက်တယ်။ ကျွန်တော် မီဒီယာကို ကြောက်တယ်ဆိုတာ။

၂၀၁၅ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးနှင့် တွေ့ဆုံခြင်း (အပိုင်း - ၂)

မေး ။   ။ ခုနက မဲစရင်းကို ၃၃ ရာခိုင်းနှုန်းဘဲ လာကြည့်တယ်ဆိုတော့ ပြည်သူတွေရဲ့ ရွေးကောက်ပွဲကို စိတ်ဝင်စားမှုက အားနည်းတယ်လို့ ပြောလို့ရလား။ ဒီဟာကို ဘယ်လိုလုပ်ရင်ရမလဲ။

ဖြေ ။      ။ ခက်တာက၊ ၃၃ ရာခိုင်နှုန်းဆိုတာ ဒုတိယအကြိမ် ကပ်တဲ့ဟာ။ ပထမအကြိမ် ကပ်တုန်းက ၁၀ ရာခိုင်နှုန်းဘဲကြည့်တယ်။ ဒုတိယအကြိမ် ကပ်တဲ့အခါ ၃၃ ရာနှုန်းကြည့်တယ်။ တတိယအကြိမ် ၄၅ ရာခိုင်နှုန်းကြည့်တယ်။ နောက်ပိုင်း ၅၅ ရာခိုင်နှုန်း ဒီလိုတွေတက်လာတာ။ ကျွန်တော့ဘက်က ဘာပြောချင်လဲ ဆိုတော့ ဥပမာ ဆိုကြပါစို့၊ ချုပ်ပြောလိုက်ပါမယ်။ မကွေးမှာဆိုရင် တတိယအကြိမ်မှာ သူကကပ်တယ်။ မကွေးတိုင်း တစ်တိုင်းလုံးမှာ ၂.၈ သန်း မဲဆန္ဒရှင် ရှိတယ်။ (၂၀,၈၀,၀၄၁) ယောက်ရှိပါတယ်။ အဲ့မှာ ဘယ်လောက်လာကြည့်လဲဆိုတော့ ၁ သန်း နဲ့ ၃ သိန်းလာကြည့်ပါတယ်၊ ၄၅.၃၉ ရာခိုင်နှုန်း။ ကျွန်တော်တို့ မှာ Delta ရှိပါတယ်။ အဲ့မှာ (ပုံစံ-၃)၊ (ပုံစံ-၄)၊ ၄ (ဂ) နဲ့ လာပြင်တာ ဘယ်လောက်ရှိလဲဆိုတော့ ၁,၄၃,၀၀၀ ရှိပါတယ်။ ၄.၉၇ ရာခိုင်နှုန်းလောက်ဘဲ ရှိတယ်။

မေး ။   ။ သူတို့က တစ်ယောက်က လာကြည့်ရင် ဥပမာ မိသားစုမှာဆို တစ်မိသားစုလုံးအတွက် ကြည့်သွားတာလည်း ဖြစ်နိုင်တယ်နော်။

ဖြေ ။      ။ Yes ကြည့်ခွင့်ရှိပါတယ်။ ကျွန်တော်တို့ကလည်း ဒုက္ခရောက်မှာစိုးလို့ သွားကြည့်ပါ။ တစ်ယောက် သွားကြည့်ပါ။ ပြီးရင် အဖေနာမည်ပါတယ်၊ အမေနာမည်ပါတယ်၊ ညီမလေးနာမည်ပါတယ်၊ ညီလေးနာမည် ပါတယ်၊ အစ်ကိုနာမည်ပါတယ်ဆို ရပါတယ်။ သို့သော်လည်းဘဲ မှန်ဖို့တော့ လိုပါတယ်။ အဲဒီတော့ ကျွန်တော်ဆိုလိုချင်တာကတော့ ရွေးကောက်ပွဲမှာ အဓိကကျတာ မဲစရင်းပါ။ မဲစရင်းမှန်ဖို့ဆိုတာ အရေးကြီးတဲ့အတွက်ကြောင့် ကျွန်တော်လုပ်ရမယ့်တာဝန် ကျွန်တော်လုပ်တယ်။ လူထုလုပ်ရမယ့် တာဝန် လူထုလုပ်တယ်။ ပါတီက ပူးပေါင်းဆောင်ရွက်ပေးဖို့လိုတယ်။ အခုဟာက ပါတီက အဲဒီလို။ ဒါကတော့  အပြစ်မတင်ပါဘူး။ ဘာကြောင့်လဲဆိုရင် ရွေးကောက်ပွဲရဲ့ အသိပညာ ကျွန်တော်တို့က အတော်အားနည်းသေးတာကိုး။ အားနည်းသေးတဲ့အတွက် ပူးပေါင်းဆောင်ရွက်မှာ သူတို့မသိဘူး။ ကျွန်တော် တော်တော်များများပြောဖြစ်ပါတယ်။ Larry Jagan (ဘန်ကောက်အခြေစိုက် သတင်းထောက်) တို့နဲ့လည်း စကားပြောဘူးပါတယ်။ ပြောရင်းနဲ့ ဒါတွေ ဆွေးနွေးတယ်။ ကျွန်တော် သူ့ကို ပြန် question shoot ထုတ်ပါတယ်။ ငါဆီမှာဒီလိုလုပ်တယ်။ မင်းတို့တိုင်းပြည်မှာရော ဘယ်လိုလုပ်လဲလို့ ကျွန်တော်မေးပါတယ်။ ဖြေသွားသမျှကတော့ မဲစရင်းမှာ ပါဖို့က သက်ဆိုင်ရာ မဲဆန္ဒရှင်တို့ရဲ့ တာဝန်သာဖြစ်သည်၊ ဒီလိုဘဲ ပြန်ဖြေကြတယ်။ သူတို့တိုင်းပြည်မှာတော့ လှမ်းပို့လိုက်တယ်လေ register လုပ်ပြီးပြန်ပို့ရတယ်။ ကျွန်တော်တို့တိုင်းပြည်မှာကြတော့ ကျွန်တော်ကပ်ပေးတယ်။ သူတို့လာပြီးတော့ ပြင်တယ်၊ ဖြည့်တယ် alright ဖြစ်သွားတယ်။ အဲဒါဆို မဲစရင်းကလည်း ကျန်စရာမရှိဘူး။ ဘာကြောင့် ကျွန်တော် မဲစရင်းအမှန်လုပ်နေလဲ ဆိုတော့ မဲစရင်းအမှန်က ကွန်ပြူတာထဲထည့်တာ။ ထည့်ပြီး ကျွန်တော် main server ထဲမှာလုပ်တယ်။ main server ထဲကနေ အွန်လိုင်းကြည့်နိုင်အောင် လုပ်တယ်။ ဆန္ဒစောပြီးတော့ ရန်ကုန်တိုင်းတော့ အွန်လိုင်းကြည့်မယ်ဆိုရင် တချို့ဟာတာ့ကြည့်လို့ရနေပြီ။ သိပ်ပြီးတော့ ချောချောမွေ့မွေ့တော့ မဖြစ်သေးဘူး။

မေး ။   ။ ဘယ်တော့လောက် ကြည့်လို့ရမလဲ။

ဖြေ ။         ။ ဒါကတော့ ခဏရပ်ခိုင်းထားလိုက်ပြီ။ ဘာလဲဆိုတော့ မဲစရင်းမှန်ကန်ရေးနဲ့ အချိန်မှီမဲစရင်း ကပ်နိုင်အောင် လုပ်ပါဆိုပြီး ကျွန်တော်လုပ်ထားတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော့ main server ထဲမှာ အခုရောက်လာပြီ။ မဲဆန္ဒရှင်ပေါင်း ၃၂သန်းရှိတယ်။ မြန်မာပြည်မှာ အကြီးမားဆုံး data base ဘဲ။ ဒါကို ကျွန်တော်က မှန်သလား မှားသလား မသိဘူး။ ပထမတစ်ကြိမ်မှာ ၁၄ရက် ကပ်လိုက်တယ်။ ၁၀ရာခိုင်နှုန်းဘဲလာကြည့်တယ်။ ၉၀ရာခိုင်နှုန်းက မှန်သလားမှားသလား မသိဘူး။ အဲဒီကျတော့ ကျွန်တော်က strategy ကို ပြောင်းပစ်ရတယ်။ အဲဒီတော့ ၁၄ရက်မဟုတ်ဘူး။ မင်းတို့ လာကြည့်ခိုင်း၊ မှားရင်ပြင်ခိုင်း။ ဒီလိုလုပ်ထားရပါတယ်။

မေး ။   ။ အခုလည်း မှားရင် ပြန်ပြင်လို့ရသေးလား။

ဖြေ ။         ။ ပြီးသွားပါပြီ။ ဇူလိုင်လ ၃၀ နေ့က နောက်ဆုံးပဲ။ ဘယ်အချိန်ကစလဲဆိုတော့ ဇန်နာဝါရီ လောက်နေစလိုက်တာ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့ မဲစရင်းကြီးက မှန်ချင်လို့။ မှန်တဲ့မဲစရင်းကြီးက main server ထဲရောက်သွားမယ်။ main server ထဲရောက်လို့ရှိရင် နောင်အုပ်ချုပ်ရေးရုံးတွေ အားကိုးစရာမလိုတော့ဘူး။  ၃လတစ်ကြိမ်၊ ၆လတစ်ကြိမ်၊ တစ်နှစ်တစ်ကြိမ် update လုပ်သွားရင် မဲစရင်းအမှန်ရှိမယ်။ ကြားဖြတ်ရွေးကောက်ပွဲဆိုရင်တော့ print out လုပ်ပြီး ကပ်ပေးလိုက်မယ်။ ဒါတွေကျွန်တော် လုပ်သွားချင်တာ။ အဲဒီအချိန်က နောင်ကျရင် ဖြစ်လာမယ်။ ကျွန်တော်ထင်ပါတယ် နောင်နှစ်ဆိုရင်ဖြစ်ကို ဖြစ်ပါပြီ။ ခင်ဗျားရဲ့မဲစရင်းကို ခင်ဗျားသိချင်ရင် ခင်ဗျားရဲ့ အမည်ရိုက်မယ်၊ မှတ်ပုံတင်ရိုက်လိုက်ပြီး search လုပ်ရင်ပေါ်လာမယ်။ ခင်ဗျားဘယ်မဲစရင်းမှာ ပါနေမယ်ဆိုတာ ခင်ဗျားသိလာမယ်။ ခင်ဗျားတစ်နေရာပြောင်းသွားလဲ ရိုက်လိုက်လို့ ဒီမှာပါရင် ခင်ဗျားသွားပြင်ရမယ်။ ဥပမာ - ငါ ဥက္ကလာကနေ တာမွေကို ပြောင်းသွားပြီ ပြင်ပေးပါ ဒီလိုလုပ်လို့ရတယ်။ ဒါမျိုးတွေဖြစ်အောင် ကျွန်တော်က လုပ်နေတာ။ ကျွန်တော်လည်း ပြောပြပါတယ် နိုင်ငံခြားသားတွေကို၊ သူတို့လည်း တော်တော်လေးစိုးရိမ်ပါတယ်။ အေးပေါ့ကွာ ကျွန်တော်တို့ တိုင်းပြည်မှာတော့ ဒီအချိန်က ဒီတစ်ကြိမ်ဘဲ ဖြစ်ပါမယ်။ နောင်ဒါမျိုးမဖြစ်အောင် ငါလုပ်နေတာပါ။ သို့သော်လည်းဘဲကွာ ပါတီများရဲ့ ပူပေါင်းဆောင်ရွက်မှု၊ လူထုရဲ့ ပူပေါင်းဆောင်ရွက်မှု ကတော့ သိပ်အားနည်းပါတယ်လို့ ကျွန်တော်က ဒီလိုပြောတယ်။ နောက်ဘာဆိုးလာလဲဆိုတဲ့အခါကျတော့ ကျွန်တော်ကသိပါတယ်။ သိပါတယ်။ တစ်နေ့ကလည်းပဲ လူတော်တော်များများက ကျွန်တော့်အပေါ် စိတ်ဆိုးကြပါတယ်။ တချို့လူကြီးတွေကျတော့ ချီးကျူးကြပါတယ်။ ကျွန်တော်ကို ခင်ဗျားတို့ သတင်းစာအဖွဲ့နဲ့တွေ့တဲ့အချိန်မှာ ဥက္ကဋ္ဌကြီးခင်ဗျား ဟိုဘက်က မစ်ချ်မစ်ကွန်နာ ကပြောနေပြီ။ ပြည်သူလူထုရဲ့ဆန္ဒနဲ့ မကိုက်ညီဘူးဆိုရင်တော့ ပိတ်ဆို့မယ်လို့ပြောတာ။ ကျွန်တော်ကလည်း ပြောလိုက်ပါတယ်။ ပြောတာက ရှင်းရှင်းလေး ခင်ဗျားတို့ဆီမှာလည်း record လုပ်ထားပါတယ်။ ကျွန်တော်ဘာပြောလိုက်လည်းဆိုတော့ သူတို့နိုင်စေချင်တဲ့ပါတီ မနိုင်လို့ ပြည်သူလူထုရဲ့ ဆန္ဒနဲ့ မကိုက်ညီဘူးဆိုပြီးတော့ ပိတ်ဆို့လည်း အကြိမ်တစ်ရာပိတ်ပါ။ ငါ ဂရုမစိုက်ပါဘူးလို့ ကျွန်တော်ပြောလိုက်ပါတယ်။ ကျွန်တော်ပြောတာ ရှင်းရှင်းလေး free and fair ဖြစ်အောင် လုပ်မယ်။ result ထွက်လာတဲ့အခါကျရင် အနိုင်အရှုံးအပေါ်မှာ လက်ခံရမယ်။ သူလည်းလက်ခံရမယ်၊ ကျွန်တော်လည်း လက်ခံရမယ်။ အကုန်လုံး လက်ခံရမယ်။ သူနိုင်စေချင်တဲ့ပါတီ မနိုင်တဲ့အတွက်ကြောင့် ပိတ်မယ်ဆိုလို့ကတော့ အကြိမ်တစ်ရာပိတ်ပါစေ။ အဲဒီကျတော့ ဘာပြောလည်းဆိုတော့ ဦးတင်အေးက နိုင်ငံခြားပိတ်ဆို့မှု ဂရုမစိုက်ဘူးဆိုပြီးတော့ ဒီလိုလာတယ်။ ကျွန်တော်က ဒါပြောတာမဟုတ်ဘူး။ မဲစရင်းမှားတယ်လို့ ပြောနေတာတွေက ကျွန်တော်ခံယူထားတာ ဖွနေတာ။ ကြားဖြတ်မှာ ကော်သုတ်တယ်ဆိုတာ ပေါ်လာတယ်။ ဖယောင်းသုတ်တယ်ဆိုတာ ပေါ်လာတယ်။ ဒါတွေက ဖွတာ။ ရှုံးသွားရင် ဒီအပေါ် မူတည်ပြီးတော့ ဆွမယ်။ ကျွန်တော်က ကြိုမြင်ပါတယ်။ ရှုံးတဲ့ပါတီ မဲညစ်တယ်လို့ပြောမယ်။ အခုလည်းပြောလာပြီလေ။ တနေ့က ဘီဘီစီက နားထောင်ကြည့်ပါလား။ တစ်က မဲစရင်း သူ့ကို ညစ်မယ်။ ဘယ်နည်းနဲ့ညစ်မလဲ။ မဲစာရင်းနဲ့ ညစ်မယ်။ ဘာကြောင့်လည်း မဲစရင်းတွေမှားနေတယ်။ ဟား…ဒီလိုလာတာ။ ဆိုတဲ့အခါကြတော့ ဒါတွေကကျွန်တော်နားလည်ပါတယ်။ ကျွန်တော် ၄၈ နှစ် အတွေ့အကြုံရှိတယ်။

မေး ။      ။ ခုန မဲဆန္ဒရှင်စာရင်းမှာမှ လွဲနေတယ်ဆိုရင် မဲထည့်တဲ့နေ့မှာရော .. အဲဒါလေးလည်း နည်းနည်းလေးရှင်းပြပါဦး။

ဖြေ ။         ။ အဲဒါနဲ့ ကျွန်တော်က သတင်းစာထဲမှာ ရေးလိုက်ပါတယ်။ ဘာရေးလိုက်လဲဆိုတော့ မဲစရင်းမှာပါမှ မဲပေးခွင့်ရှိတာကို သတိချပ်ပါ။ သတင်းစာထဲမှာ နေစဉ်ပါခဲ့ပါတယ်။ မဲစရင်းမှားသော်လည်းဘဲ မဲပေးခွင့်မဆုံးရှုံးပါဘူး။ မှန်ကန်ကြောင်း ပြောဆိုနိုင်ရင် မဲစရင်းကိုပြင်၍ မဲပေးပိုင်ခွင့် ရှိပါတယ်။ ဒါက နည်းဥပဒေ ၅၀ (ဂ) မှာ ရေးထားပါတယ်။ ဖော်ပြထားတာ။ နည်းဥပဒေပါ ဒါ။ ဒါတွေကို ပါတီတွေက မလေ့လာထားဘူး။ ကျွန်တော်ထောက်ပြတယ်။ ခင်ဗျား မဲစရင်းမှားလို့ ဦးတင်အေး ကျွန်တော်လာတယ်၊ ဟာ ဦးတင်အေး ဟုတ်တယ်။ အဖေနာမည် ဦးမောင်မောင် ဖြစ်နေတယ်၊ ဟာ မဟုတ်ဘူး၊ ကျွန်တော့်အဖေနာမည် ဦးစံတင် ဆိုရင် ကျန်တဲ့လူတွေက သိနေတာဘဲ။ မဲရုံမှာက - တစ်က မဲရုံမှူးက ဝန်ထမ်းဖြစ်ရတယ်။ ဥပဒေ။ နှစ်ကတော့ ဒီမဲစရင်းက ၃၀၀ ရှိရင် ၃၀၀။ ၄၀၀ ရှိရင် ၄၀၀။ အဲဒီထဲက ရွေးပြီးတော့ မဲရုံကိုယ်စားလှယ် တာဝန်ပေးရတယ်။ အချင်းချင်းသိနေတယ်။ ပြီးတော့ ဘေးမှာထိုင်နေတဲ့ ရွေးကောက်ပွဲ မဲရုံကိုယ်စားလှယ် ဆိုပြီးတော့ ပါတီတိုင်းကနေပြီးတော့ သူ့ရဲ့ကိုယ်စားလှယ်ကနေပြီးတော့ သူ့ကိုယ်စားလှယ် နှစ်ယောက် ခန့်ထားရတယ်။ ပြီးရင် အုပ်ချုပ်ရေးမှူး၊ ကော်မရှင်အဖွဲ့ခွဲ၊ တာဝန်ခံတွေ။ မဲရုံးမှူးက ထိုင်နေရတယ်။ ဦးတင်အေးကြီးက အရပ်ထဲနေပြီးတော့ ဦးတင်အေးလာနေတဲ့ကိစ္စကို ကျွန်တော့က ဦးအောင်မြင့် ဖြစ်နေတဲ့အခါကျတော့ ကျွန်တော်တို့ ပေးရမှာဘဲ။ ဦးအောင်မြင့်ကို ဖျက် ဦးတင်အေးဆိုပြီး ပေးရမှာဘဲ။ မဲစရင်းပါဖို့ဘဲ လိုတယ်။ မဲစာရင်းမှားလို့ မဲပေးပိုင်ခွင့် မဆုံးရှုံးဘူး။

မေး ။      ။ ဆိုတော့ လူနာမည်နဲ့ စာရင်းပါနေရင်။ လွဲတာရှိရင်လဲ။

ဖြေ ။         ။ တစ်ခုခုပါနေဖို့ဘဲလိုမယ်။ အဖေနာမည်ပါမယ်။ အမေနာမည်ပါမယ်။ ကျွန်တော့အဖေ မှတ်ပုံတင်ကြီး မှန်နေတယ်။ နာမည်စရင်းမှားတယ် ရတယ်။ ဦးတင်အေးဟာ ဦးမောင်မောင် ဖြစ်နေတယ်။ ဦးမောင်မောင်ဖျက် ဦးတင်အေး။ မှတ်ပုံတင်မှန်နေတယ်။ ပြီးပြီ။ မဲစရင်းမှာပါဖို့တော့ လိုတယ်။ နောက်တစ်ခုက သိနေဖို့လည်း လိုတယ်။ သိနေကြောင်း တစ်ယောက်သော သူကနေ ပြောပြရမယ်။ မဲရုံအဖွဲ့ဝင်တွေက သိနေရင် All right၊ ဟာ သူကဘယ်အိမ်မှာနေတယ်။ သူရဲ့မဲရုံကိုယ်စားလှယ်ပြောနိုင်ရင်လည်း မဲပေးခွင့်ရတယ်။ မဲစရင်းမှားလို့ မဲပေးခွင့်မရှိဘူးဆိုတာ မရှိဘူး။ မဲစရင်းမှာပါမှ မဲပေးခွင့်ရှိသည်။ မဲစရင်းမှားသော်လည်း မှန်သည်ဟုပြောနိုင်သူရှိက အမှားကိုပြင်ဆင်ပြီးတော့၊ ကျွန်တော့မှာ ပုံစံ (၁၂) လို့ ထင်ပါတယ်။ အဲဒီ ၁၂ မှာ မဲရုံမှူးက မှတ်တမ်းတင်ရတယ်။ ဦးတင်အေး အဖဦးမောင်မောင်ဖြစ်နေတာကို ဦးစံတင် ပြင်ဆင်၍ မဲပေးခွင့်ပြုသည်ဆိုတာကို log မှာ တင်ထားတယ်။ တင်ပြီးတော့ ကျွန်တော်တို့ ပေးရတာရှိတယ်။

မေး ။      ။ သက်သေအထောက်အထားအနေနဲ့ကတော့ သူ့ စာရွက်စာတမ်းတစ်ခုခုနဲ့ ဒါမှမဟုတ် မဲရုံကော်မရှင်ထဲက၊ ကော်မတီထဲကနေ သိတဲ့လူကနေ ထောက်ခံရင်ပေါနော်။

ဖြေ ။         ။ ရပြီ။ ခုနက မဲရုံကိုယ်စားလှယ်တွေက ဟုတ်ပါတယ်ဆိုရင် ရတယ်။ မဲရုံကိုယ်စားလှယ်တွေကတော့ ဟုတ်ပါတယ်ဆိုပြီးတော့ ရတယ်။ မဲရုံကိုယ်စားလှယ်ကတော့ ပြောချင်မှပြောမှာပေါ့လေ။ တော်ကြာ bias ဖြစ်တယ်ဆိုပြီးတော့။ ဟိုမှာ မဲရုံ ကိုယ်စားလှယ် နှစ်ယောက်ရှိတယ်။ ကျွန်တော်က ရွေးခံမယ်ဆိုရင် နှစ်ယောက်ထားရတယ်။ မဲရုံကိုယ်စားလှယ် အကူမဲရုံ။ ဟာဒါကဦးတင်အေးပါ။ ကျွန်တော်တာဝန်ခံတယ်ဆိုရင် မဲရုံမှူးက ပြင်ပေးရတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်က မဲစရင်းနဲ့ပတ်သက်လို့ ပြောကြေးဆိုရင် မှားချင်သလောက်မှား ပြောချင်ရာပြော လက်ခံတယ်။ ပြီးရင် feedback လာပါ။ ဒါကြောင့် ကျွန်တော် ပူးပေါင်းဆောင်ရွက်ကြပါလို့ ပြောတာ။ စာတွေတော်တော်များများ ကျွန်တော်တည်းဖြတ်ပြီးတော့ တချို့ဟာတွေ ကျွန်တော် ကိုယ်တိုင်ရေးပါတယ်။ နောက်ပိုင်း ခင်ဗျားစာဖတ်ကြည့်ပါ။ အပြုသဘောဆောင် ပူးပေါင်ဆောင်ရွက်ကြပါ။ ကျွန်တော်ဒီလိုဘဲ ရေးတယ်။ ဘာလို့လဲ။ အပြုသဘောမဆောင်ဘူး။ ဒါမျိုးက သက်သက်မယ့် ရွေးကောက်ပွဲကို အနှောက်အယှက်ဘဲပေးတဲ့ သဘောမျိုးဖြစ်ပါတယ်။

မေ ။       ။ ရွေးကောက်ပွဲလုပ်ဖို့ ၃လလောက်ဘဲ လိုတော့တာဆိုတော့၊ မဲပေးမယ့်လူစာရင်း အတတ်နိုင်ဆုံး အတိအကျက ဘယ်တော့လောက်မှာ၊ နောက်ဆုံးမဲပေးမယ့်နေ့မှာ လွဲတာမှားတာကို ပြင်တာကလွဲရင်ပေါ့နော်။ ဘယ်တော့လောက်မှာ ထွက်လာမယ်လို့ထင်လဲ။ ဒါမှမဟုတ် ဘယ်လောက်လောက်အထိ အခုအချိန်ထိပေါ့နော်။ ဘယ်နှစ်ရာခိုင်နှုန်းလောက်က တိကျတယ်လို့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ခံယူပါသလဲခင်ဗျ။

ဖြေ ။         ။ အခုပြုစုနေတာကို ကျွန်တော်တို့ ဖော်လည်းဖော်ပါတယ်။ အခြေခံမဲစရင်းလို့ခေါ်ပါတယ်။ အခြေခံမဲစရင်းက ဇူလိုင်လ ၃၁ရက်နေ့က ပြီးသွားပြီ။ ဘယ်အချိန်ကစတာလဲဆိုတော့ စကပ်တာက မတ်လထဲက စကပ်တာ။ မတ်၊ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်၊ ၅လ ကြာပြီးခဲ့ပြီ။ ပြင်လိုက်မယ်ဆိုရင် အမှန်ဖြစ်နေပြီ။ နောက်ပိုင်းလည်း ကျွန်တော်ပြင်ခိုင်းထားတယ်။ ပြင်မယ်၊ ပူးပေါင်းဆောင်ရွက်ကြမယ် ဆိုရင် မဲစရင်းမှန်ဖြစ်ရေး လုံလောက်သောအချိန်ဖြစ်ပါတယ်။ အဲဒီပုံစံ ၃တို့၊ ၄တို့၊ ၄ (ဂ) တို့ အခုပြင်နေရတယ်။ ကွန်ပြူတာထဲမှာ ပြန်ပြင်နေရတယ်။ ခင်ဗျားပြောတဲ့မေးခွန်းက ဘယ်အချိန်မှာ ကပ်မလဲဆိုတော့ အခု သြဂုတ်လ နောက်ဆုံးအပတ်လောက်မှာ ကပ်ပါမယ်။ ဒါ ဖိုင်နယ်ပါဘဲ။ ကျွန်တော် မတိုင်ခင် နှစ်ပတ်လောက် ကြိုကြေငြာပါ့မယ်။ ဒါဖိုင်နယ်ဘဲ။ ဒါဥပဒေအရ လုပ်တဲ့ဟာဘဲ။ ခုနကကျွန်တော်ပြောပြတယ်၊ မဲစရင်းပြုစုရမယ်၊ ပြီးရင် ကြေငြာပြီးကပ်ရမယ်။ ဥပဒေအရလုပ်တာ။ ဟိုဘက်ကဟာက မဲစရင်းအမှန်ရရေးလုပ်တာ။ ကျွန်တော် မဲစရင်းအမှန်ရစေချင်လို့ စေတနာထား လုပ်တာ။ မဲစရင်းအမှန်ရစေချင်လို့ အဝေဖန်ခံပြီးတော့၊ အဆူအပြောခံပြီးတော့ လုပ်တာ။ အဲဒါကို အမှန်ဖြစ်စေချင်လို့ လုပ်တာ။ အမှန်ဖြစ်တာကို အခုပြင်နေတယ်။ အဲဒီကျွန်တော်ရထားသော အမှန်စရင်း၊ ခုန လာပြောတဲ့ Data ပေါ့။ ၁၃ရာနှုန်းပြင်ပေးတယ်။ ၃၃ရာနှုန်းကတော့ အမှန်ဖြစ်သွားပြီ။ ကျန်တဲ့ဟာတွေ လာမကြည့်ဘူးဆိုရင်တော့ မှားချင်လည်း မှားလိမ့်မယ်။

၂၀၁၅ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးနှင့် တွေ့ဆုံခြင်း (အပိုင်း - ၃)

အပိုင်း (၁) နှင့် အပိုင်း (၃) ဖတ်ရှုရန်။ http://mizzimaburmese.com/article/3542

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly