အမျိုးသမီးကွန််ဒုံး (Diaphragm)

အမျိုးသမီးကွန််ဒုံး (Diaphragm)

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

အမျိုးသမီးသုံးကွန်ဒုံး (Diaphragm) ဆိုတာက ပျော့ပျောင်းပြီးလိုသလို ပုံစံချလို့ရတဲ့ ဆီလီကွန်ခွက်တစ်ခုပဲဖြစ်ပါတယ်။ ဒီအမျိုးသမီး ကွန်ဒုံး ကို လိင်မဆက်ဆံခင်မှာ သုက်ပိုး တွေနဲ့ မမျိုးဥတွေကို မထိတွေ့မိစေအောင် အကာအကွယ်ပေးဖို့အတွက် အမျိုးသမီး မျိုးပွားအင်္ဂါကို ထည့်သွင်းဖို့ အထူးထုတ်လုပ် ထားတာဖြစ်ပါတယ်။ ဒီနည်းက လူသိများတဲ့ သားဆက်ခြားနည်းတစ်ရပ်ဖြစ်ပါတယ်။

အမျိုးသမီးကွန်ဒုံး ကိုပိုပြီး ထိထိရောက်ရောက်ဖြစ်စေဖို့ အတွက်ခွက်အတွင်းနဲ့အနားဝကို သုက်သတ် ဆေး ခရင်မ် အနည်းငယ်လူးပေးပါ။ အမျိုးသမီးကွန်ဒုံး ကိုမျိုးပွားအင်္ဂါအတွင်း မထည့်ခင်မှာ လက်ကို သန့်ရှင်းအောင် ဆေးကြောပါ။ မတ်တပ်ရပ်အနေ အထား နဲ့ထည့်သွင်းနိုင်သလို ထိုင်နေတဲ့ အနေအထားမှာလည်း ထည့်သွင်းလို့ရပါတယ်။ သက်တောင့်သက်သာဖြစ်တဲ့အနေအထားမှာ လုပ်ဆောင်ပါ။ ယောနိဝကိုကျယ်အောင်လုပ်ပြီး အမျိုးသမီးကွန်ဒုံး ကိုထည့်သွင်းပါ လက်ညိုးကို အသုံးပြုပြီး အမျိုးသမီးကွန်ဒုံး ကိုခေါက်ပြီး အတွင်းထဲကိုရောက်အောင်ထည့်ပါ။ ဒီ အမျိုးသမီးကွန်ဒုံး ကသားအိမ်အဝကို အကာအကွယ်ပေးမှာ ဖြစ်ပါတယ်။

လိင်ဆက်ဆံပြီး ၆နာရီလောက် အနည်းဆုံးထားပြီးမှ အမျိုးသမီးကွန်ဒုံး ကိုဖယ်ရှားပါ။ နေရာတကျဖြစ်နေ မယ် ဆိုပါက လိင်ဆက်ဆံမှုကိုတစ်ကြိမ်မက လုပ်ဆောင်နိုင်ပါတယ်။ သန္ဓေတည်မှုလုံးဝ မဖြစ်စေဖို့အတွက် အမျိုးသမီးကွန်ဒုံး ကိုဖယ်ရှားခါနီးမှာ သုက်သတ်ဆေးကို ထပ်ပြီးလိမ်းပေးပါ။ လိင်ဆက်ဆံပြီးနောက် ၂၄ နာရီအတွင်းမှာ အမျိုးသမီးကွန်ဒုံး ကို ကိုဖယ်ရှားပေးဖို့တော့ လိုပါမယ်။ အမျိုးသမီးကွန်ဒုံး ကိုထုတ်ဖို့အတွက် လက်ချောင်းတွေကို သုံးပြီး အနားကွပ်တွေကို ကိုင်ပြီး ဆွဲထုတ်ပေးရမှာဖြစ်ပါ တယ်။ အဲ့ဒီနောက်မှာတော့ အမျိုးသမီးကွန်ဒုံး ဆပ်ပြာနဲ့ရေအသုံးပြုပြီး သန့်ရှင်းအောင်ထားပြီး လေနဲ့အခြောက်ခံပေးပါ။

အမျိုးသမီးကွန်ဒုံး ဟာလုံခြုံမှုပေးစွမ်းရုံသာမက အသုံးပြုရတာလည်းလွယ်ကူတာကြောင့် အိတ်ကပ်ထဲမှာ အမြဲထည့်သယ်သွားပေးပါ။ ပိုအရေးကြီးတာတစ်ခုက သင်နဲ့သင့်အဖော်က ဒီပစ္စည်းကြောင့် ပုံမှန်အနေအထားနဲ့မတူဘူးလို့ မခံစားရစေဖို့ပဲဖြစ်ပါတယ်။ အချို့အမျိုးသမီး တွေ အတွက်တော့ အမျိုးသမီးကွန်ဒုံး ထည့်ရတာက ခက်ခဲနိုင်ပါတယ်။ အမျိုးသမီးကွန်ဒုံး ရဲ့ ထိရောက်မှု အပေါ် သက်ရောက် နိုင်တဲ့ အချက်တော်တော် များများရှိပါတယ်။ လိင်ဆက်ဆံတဲ့အနေအထားနဲ့ အမျိုးသား လိင်အင်္ဂါအရွယ်အစားက အမျိုးသမီးကွန်ဒုံးကို မတော်တဆ အနေအထား ပျက်ယွင်း သွားတာမျိုးတွေဖြစ်ပေါ် စေနိုင်ပါတယ်။ အမျိုးသမီးအများစုက သုက်သတ်ဆေး အသုံးပြုရတာ အဆင်ပြေတယ်ဆိုပေမယ့်လည်း အမျိုးသမီးအချို့မှာတော့ သုက်သတ်ဆေးမှာ ပါတဲ့ nonoxynol-9 ကြောင့်အနေရခက်တာ မျိုးတွေဖြစ်ပေါ်ပါတယ်။ အကျိုးဆက်အနေနဲ့က တော့ ဆီးလမ်းကြောင်းပိုးဝင်တာ၊အမျိုးသမီး အင်္ဂါမှာ ပုံမှန်မဟုတ်တဲ့နီမြန်းရောင်ရမ်းတာ တွေဖြစ်ပေါ်စေတာပဲဖြစ်ပါတယ်။

အမျိုးသမီးကွန်ဒုံး ကသန္ဓေတားဖို့အတွက် ပြာင်းလဲထားတဲ့ကြိုးပမ်းမှုတစ်ရပ်ဖြစ်ပါတယ်။ သင့်အနေနဲ့ သန္ဓေတားဆေးတွေကြောင့် ဟော်မုန်းအပြောင်းအလဲဖြစ်မှာကို စိုးရိမ်တဲ့အခါ သုံးစွဲလို့ရအောင်တီထွင်ထားတာဖြစ်ပါတယ်။ အမျိုးသမီးကွန်ဒုံး (Diaphragm) ဟာ ပုံမှန် ကွန်ဒုံးနဲ့ တော့ မတူပါဘူး။ လိင်မှတစ်ဆင့် ကူးစက်ရောဂါ တွေကို အကာအကွယ်မပေးနိုင်ဘူး ဆိုတာ ကိုတော့ သတိရပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly