အသံပါ၀ါအားကောင်းသည့် အဆိုတော် အမျိုးသမီး ၄ဦး ၏ THE POWER OF FOUR ဖျော်ဖြေပွဲ

အသံပါ၀ါအားကောင်းသည့် အဆိုတော် အမျိုးသမီး ၄ဦး ၏ THE POWER OF FOUR ဖျော်ဖြေပွဲ

 

ရန်ကုန် ၊ ဇန်နဝါရီ ၁၈ ။           ။ အသံပါဝါအားကောင်း နဲ့ ပရိသတ်ကြား အောင်မြင်မှု အသီးသီး ရရှိနေသည့် အမျိုးသမီး အဆိုတော် ၄ဦး ၏ THE POWER OF FOUR ဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၃ရက်တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏဘူမိ Event Park တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

အဆိုပါ ဖျော်ဖြေပွဲကြီးကို Mercury- 4 Entertainment မှ စီစဉ် ကျင်းပပြုလုပ်ခြင်း ဖြစ်ပြီး ထူးခြားမှု အနေဖြင့် လက်ရှိ အချိန်ထိ ပရိသတ်ကြား အောင်မြင်မှု ရရှိနေသည့် အမျိုးသမီး အဆိုတော် ၄ဦးဖြင့် ကျင်းပပြု လုပ် ခြင်း ဖြစ်သည်။

THE POWER OF FOUR ဖျော်ဖြေပွဲတွင် အမျိုးသမီး အဆိုတော်များဖြစ်ကြသည့် ကော်နီ ၊ သျှီ ၊ ဆုန်သင်းပါ ၊ ဖြူဖြူကျော်သိန်း ဖြစ်ပြီး ထိုအဆိုတော် ၄ဦး သည် အသံပါဝါအားကောင်းကောင်းဖြင့် ဖျော်ဖြေနိုင်သည့် အဆိုတော် များလည်း ဖြစ်ကြ သည်။

ထိုဖျော်ဖြေပွဲကို အဓိက ပုံ ဖော် တီးခတ် ပံပိုး ပေးမည့် Band မှာ နာမည်ကြီး Music Band တစ်ခုဖြစ်သည့် DREAM LOVER music band ဖြစ်ပြီး Keyboard PHOE ZAW ၊ Guitar SAN WIN AUNG ၊ Bass  PHUU ANTX ၊ Drum WAI PHYO တို့ဖြစ်သည်။

ဖျော်ဖြေပွဲ လက်မှတ်များကို တစ်စောင်လျှင် ကျပ် ငါးသောင်း ၊ သုံးသောင်း ၊ နှစ်သောင်း ၊ တစ်သောင်း ဖြင့် အသီးသီး သတ်မှတ်ထားပြီး လက်မှတ်များကို  မန် းသီရိ တေးသံသွင် း ၊ Champion Store ၊ PRO AV SHOP
နှင့် Online shop များ ဖြစ်သည့်  MYAN PWEL https://www.facebook.com/myanpwel/ ၊ MM Tix Hot Line – ‪09451010789 www.facebook.com/mmtix ၊ UNO - Tickets www.facebook.com/uno.systems/ တို့တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။

Mercury- 4 Entertainment အနေဖြင့် အဆိုတော် " ခိုင်ထူး နှင့် ဂျေမောင်မောင် " တို့ သီဆိုဖျော်ဖြေသည့် " 60 64 Two Men Show " ၊ Influence Rock Show များ ပြုလုပ်ခဲ့ပြီး ဖြစ်သလို ၂၀၁၈ ထဲတွင်လည်း ဖျော်ဖြေပွဲများ ထပ်မံ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

Mercury- 4 Entertainment မှ အဆိုတော် ဖြိုးပြည့်စုံ (Melody World) ၊ အောင်ထက် ၊ ဒေးဗစ်လိုင် (အိပ်မက်ဆုံရာ- ရာသက်ပန်) ၊ စော်လားထော်ဝါး ၊ M ဇော်ရိန် (Myanmar Idol) ၊ ထွန်းနောင်ဆင့် (The X Factor) ၊ နေမင်းအိမ် (Galaxy Star) စသည့် အဆိုတော် ၇ဦး ပါဝင်မည့် “7 Wave” ဖျော်ဖြေပွဲ ကိုလည်း ဖေဖော်ဝါရီ ၂ရက်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly