သိန္နီနှင်​့ ကွတ်​ခိုင်​တွင်​ ​ကျပ်​သန်​း​ပေါင်​း ရသောင်း ​​ကျော်​တန်​ဖိုးရှိ မူးယစ်​​ဆေးဝါးများဖမ်​းမိ

သိန္နီနှင်​့ ကွတ်​ခိုင်​တွင်​ ​ကျပ်​သန်​း​ပေါင်​း ရသောင်း ​​ကျော်​တန်​ဖိုးရှိ မူးယစ်​​ဆေးဝါးများဖမ်​းမိ
ဓာတ်ပုံ- ပြည်ထဲရေး

ရန်ကုန်၊ ဇန်နဝါရီလ ၁၈ ။            ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နှင့် ကွတ်ခိုင်မြို့နယ်မှ ငွေကျပ်သန်းပေါင်း ၇၂၈,ဝဝ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

အဆိုပါမူးယစ်ဆေးဝါးများကို ဇန်နဝါရီလ ၁၆ ရက်၊ နံနက် ၆ နာရီတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ လားရှိုးမြို့နယ်၊ မူးယစ်တပ်ဖွဲ့စု ၂၄ ပါဝင်သောပူးပေါင်းအဖွဲ့မှ သိန္နီမြို့အထွက်အိုရီယမ်တယ်တိုးဂိတ်အနီး ကျော်ထွန်း(ခ)အိုက်ထွန်းဆိုသူ မောင်းနှင်ပြီး စိုင်းလှကျော် လိုက်ပါလာသည့်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာမှ မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါယာဉ်အတွင်းမှ အလေးချိန် ၁၂ ဒသမ ၅၂၉ ကီလိုရှိ ဘိန်းဖြူဆပ်ပြာခွက် ၁,၁၃၉ ခွက်၊ စိတ်ကြွရူးသွပ်ဆေးပြား ၄,ဝဝဝတို့ကိုသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ကွင်းဆက်အရ မူးယစ်ဆေးဝါးများပိုင်ရှင်ဖြစ်သော ရန်အယ်နှင့် ကူကျန်းလျှန်ဆိုသူတို့ ၂ ဦးအား ကွမ်းလုံ- နမ့်စလပ်- သိန္နီမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်အနီးတွင်ထပ်မံဖမ်းဆီးရမိခဲ့ပြီး လက်ရှိတွင် ၎င်းတို့ ၄ ဦးကို သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

ဇန်နဝါရီလ ၁၇ ရက်၊ နံနက် ၈ နာရီ၊ ၄၅ မိနစ်အချိန့်တွင် အမှုကွင်းဆက်အရ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များပါဝင်သေားပူးပေါင်းအဖွဲ့မှ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာအုပ်စု၊ လွယ်ခန်ကျေးရွာနေ လောက်ယောင်းဆိုသူ နေအိမ်အား စီးနင်းရှာဖွေခဲ့ရာ လူတစ်ဦးမျှတွေ့ရှိခြင်းမရှိဘဲ မူးယစ်ဆေးဝါးများသာ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

အဆိုပါ နေအိမ်အတွင်း စိတ်ကြွ ရူးသွပ်ဆေးပြားများထည့်ထားသောဆာလာအိတ် ၁ဝဝ အတွင်းမှ စုစုပေါင်း စိတ်ကြွရူးသွပ် ဆေးပြား သိန်း ၃ဝဝ၊ အိုက်စ်မျ ား ထည့်ထားသောဆာလာအိတ် ၇ဝ အိတ်အတွင်းမှ စုစုပေါင်း အိုက်စ် အလေးချိန် ၁၇၅ဝ ကီလို၊ ဘိန်းဖြူဘလောက်တုံးများထည့်ထားသော ဆာလာအိတ်၂ဝ အိတ်အတွင်းမှ စုစုပေါင်း အလေးချိန် ၄၆၂ ဒသမ ၄ ကီလိုရှိ ဘိန်းဖြူ ဘလောက်တုံး ၁၃၆ဝ တုံးတို့ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဘိန်းဖြူဆပ်ပြာခွက်များ ထည့်ထားသောဆာလာအိတ် ၁၅ အိတ်အတွင်းမှ အလေးချိန် ၃၉ ဒသမ ၆ ကီလိုရှိ ဘိန်းဖြူဆပ်ပြာခွက် ၃၃ဝဝခွက်နှင့် ကဖင်းများ ထည့်ထားသည့်ဆာလာအိတ် ၁ဝ အိတ်အတွင်းမှ စုစုပေါင်း ကဖင်း ၂ဝဝ ကီလို တို့ကို ရှာဖွေဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့်ပတ်သက်ပြီး လက်ရှိတွင် မူးယစ်ဆေးဝါးပိုင်ရှင်ဖြစ်သူ လောက်ယောင်းဆိုသူအား ဖမ်းဆီးရမိရန် စုံးစမ်းရှာဖွေနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly