Let's Go ပရိုဂရမ် အမေရိကားခရီးစဉ်ကို နှစ်ပတ်ကြာ ရိုက်ကူးမည်

Let's Go ပရိုဂရမ် အမေရိကားခရီးစဉ်ကို နှစ်ပတ်ကြာ ရိုက်ကူးမည်
မလေးရှား နိုင်ငံတွင် let's Go ပရိုဂရမ် သွားရောက် ရိုက်ကူးခဲ့စဉ်။

ရန်ကုန် ၊ သြဂုတ် ၂၂ ။         ။ ADMA Media မှ စီစဉ်သည့် Let's Go ပရိုဂရမ်ကို နိုဝင်ဘာလတွင် အမေရိကန် နိုင်ငံ၌ သွားရောက် ရိုက်ကူး မည် ဖြစ်ပြီး ၎င်း ခရီးစဉ် အတွက်  စက်တင်ဘာလတွင် ဗီဇာဝင်မည်ဟု  ADMA Media မှ ကိုဝေမင်းမောင်က ပြောသည်။

ADMA Media မှ ကိုဝေမင်းမောင်က  "အမေရိကား က လည်စရာ ပတ်စရာ များတော့ အသစ် အဆန်းလေး ဖြစ်အောင် အမေရိကားကို သွားဖို့ စီစဉ် လိုက်တာပါ။ ပါဝင်တဲ့ အနုပညာရှင်တွေ အားမယ့် ရက်ကို ညှိနေတယ်။ အမေရိကားမှာ ရှိတဲ့ မြန်မာ လူမျိုး တစ်ယောက် နဲ့ အမေရိကားမှာ ရှိတဲ့ နေရာတွေ တိုင်ပင်ပြီး ရိုက်ကူး သွားမှာပါ။ " ဟု ပြောသည်။

အဆိုပါ ပရိုဂရမ်ကို ADMA Media မှ စီစဉ် ရိုက်ကူးခြင်း ဖြစ်ပြီး Let's Go to Brazil အစီအစဉ်တွင် ဘန်နီဖြိုး၊ ကျော်ထွဋ်ဆွေ၊ လွှမ်းပိုင်၊ Bobby Soxer ၊ နန်းမြတ်ဖြိုးသင်း၊ နန်းသူဇာ တို့ ပါဝင်တင် ဆက် ပေးထားပြီး ဒါရိုက်တာ အဖြစ် ဝင်းလွင်ထက်က ရိုက်ကူး တင်ဆက် ပေးထားသည်။

Let's go ပရိုဂရမ်သည်  ပြည်တွင်း ၊ ပြည်ပ နိုင်ငံများရှိ အထင်ကရ နေရာများသို့ သွားရောက်ပြီး ၎င်းမြို့များ၏ အကြောင်းကို ပရိသတ်အား တင်ဆက် ပြောပြ ပေးခြင်း ဖြစ်သည်။ ထပ်မံ ရိုက်ကူးမည့် အစီအစဉ်ကို အမေရိကား နိုင်ငံတွင်  နှစ်ပတ်ကြာ  သွားရောက် ရိုက်ကူးမည် ဖြစ်ပြီး အမေရိကားတွင် ရှိသည့် အထင်ကရ နေရာများကို သွားရောက် ရိုက်ကူးမည် ဖြစ်သည်။

နောက်ဆုံးအနေဖြင့်  Let's go ပရိုဂရမ် အတွက် မလေးရှား နိုင်ငံတွင် ခြောက်ရက်ကြာ သွားရောက် ရိုက်ကူး ခဲ့ပြီး ယခင် Let's go ပရိုဂရမ် နှင့် မတူအောင် ဇာတ်လမ်းပုံစံများ ဖြင့် ရိုက်ကူး ထားကာ လက်ရှိတွင် မြဝတီ ရုပ်မြင်သံကြားတွင် ပြသ လျက် ရှိသည်။

Let's go ပရိုဂရမ် အတွက် ငပလီတွင် စတင် ရိုက်ကူး ခဲ့သလို ပုဂံ ၊ ပုပါး တို့တွင်လည်း သွားရောက် ရိုက်ကူး ခဲ့ပြီး ဘရာဇီးနိုင်ငံတွင် ပြုလုပ် ကျင်းပနေသည့် Brazil world cup 2014 တွင် ဂျာမနီ နှင့် ပေါ်တူဂီ ပွဲစဉ် အပါအဝင် ပွဲစဉ် နှစ်ပွဲ နှင့် ဘရာဇီး နိုင်ငံ၏ ဒုတိယအကြီးဆုံး မြို့တော် Rio de janeiro ကိုလည်း သွားရောက် ရိုက်ကူးခဲ့သည်။

Let's go ပရိုဂရမ် ကို မြန်မာအသံ ရုပ်မြင်သံကြားတွင် အပတ်စဉ် သောကြာ နေ့တိုင်း ညနေ ၆နာရီတွင်  ပြသ လျက် ရှိပြီး မြဝတီ ရုပ်မြင်သံကြားတွင် အင်္ဂါနေ့ ညနေ ၆နာရီခွဲတွင် ပြသလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly