မြေငလျင်လှုပ်မှု ဖြစ်ပေါ်လာပါက ကူညီဆောင်ရွက်ရန် ငလျင်ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့ မန္တလေးတွင် ဖွဲ့စည်းထား

မြေငလျင်လှုပ်မှု ဖြစ်ပေါ်လာပါက ကူညီဆောင်ရွက်ရန် ငလျင်ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့ မန္တလေးတွင် ဖွဲ့စည်းထား
ငလျင် ကယ်ဆယ် ရှာဖွေရေး တပ်ဖွဲ့ဝင်များ ယနေ့ နံနက်ပိုင်းက ဇာတ်တိုက်လေ့ကျင့်နေစဉ်။ (ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

 

မန္တလေး၊ဇန်နဝါရီ ၁၈ ။                  ။ မြန်မာနိုင်ငံအတွင်း မြေငလျင် လှုပ်မှုများဖြစ်ပေါ်လာပါက အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်နိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ငလျင် ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့ တစ်ဖွဲ့ ဖွဲ့စည်း ပြင်ဆင်ထားသည်ဟု မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ ညွန်ကြားရေးမှူး ဦသန်းဇော်ဦးက ပြောသည်။

အဆိုပါ ငလျင်ကယ်ဆယ်ရေးအဖွဲ့ကို ခေတ်မီကယ်ဆယ်ရေးကိရိယာများအသုံးပြုနိုင်သည့် တပ်ဖွဲ့ဝင် ၇၂ ဦးဖြင့်ဖွဲ့စည်းထားပြီး ခေတ်မီ ဟိုက်ဒရောလစ်သုံး ပစ္စည်းများ၊ ဖြတ်စက်များစသည်တို့အပြင် ငလျင်ဒဏ်ကြောင့်ဖြစ်စေ၊တိုက်ပြို၊တိုက်ပိတာကြာင့်ဖြစ်စေ မြေအောက် အနက် ၅မီတာ(၁၅ ပေ)သို့ရောက်ရှိနေသည့် လူ၏ အသံကိုဖမ်းယူနိုင်သည့် Leader Hasty စက်လည်းရှိသည်ဟု သိရသည်။

"ငလျင်အတွက်ပြင်ဆင်ထားပါတယ်။ပြည်သူလူထုအနေနဲ့ကလည်း ငလျင်နဲ့ပတ်သက်တဲ့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနရဲ့ထုတ်ပြန်ချက်တွေ၊လူမှု၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနက   ထုတ်ပြန်ချက်တွေကို နားစွင့် လိုက်နာဆောင်ရွက်ဖို့လိုအပ်ပါတယ်။ မီးသတ်ဦးစီးဌာနအနေနဲ့ကလည်း အဲဒီကထုတ်ပြန်ချက်တွေကို ပြည်သူတွေ ကျယ်ကျယ်ပြန်ြ့ပန့် သိရှိနိုင်ဖို့ လိုက်လံနှိုးဆော်မှုတွေ လုပ်ပေးပါတယ်။"ဟုညွန်ကြားရေးမှူး ဦးသန်းဇော်ဦးက ပြောသည်။

ငလျင် ကယ်ဆယ် ရှာဖွေရေးအဖွဲ့အနေဖြင့် ခေတ်မီကိရိယာများအသုံးပြု၍ ဇာတ်တိုက်လေ့ကျင့်ခြင်းကိုလည်း ယနေ့ ဇန်နဝါရီလ ၁၇ ရက်၊နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly