ခရစ္စတီယာနိုမပါတဲ့ ရီးယဲလ်အသင်းကို စိတ်ကူးကြည့်လို့ မရနိုင်ဘူးဆိုတဲ့ နည်းပြ ဇီဒန်း

ခရစ္စတီယာနိုမပါတဲ့ ရီးယဲလ်အသင်းကို စိတ်ကူးကြည့်လို့ မရနိုင်ဘူးဆိုတဲ့ နည်းပြ ဇီဒန်း
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ် နည်းပြ ဇီဒန်းက အနာဂတ်မှာ စီရော်နယ်လ်ဒိုမပါတဲ့ ၎င်းရဲ့အသင်းကို စိတ်ကူးပုံဖော်ကြည့်လို့ မရနိုင်ဘူးလို့ ဗုဒ္ဓဟူးနေ့က ပြောဆိုခဲ့ပါတယ်။

ပြင်သစ်သားနည်းပြက ရီးယဲလ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် အသက် ၃၂ အရွယ် ပေါ်တူဂီတိုက်စစ်မှူးအပေါ် ၎င်းရဲ့ သဘောထားကို လီဟာနက်စ်နဲ့ ကစားမယ့် ဘုရင့်ဖလား ကွာတားဖိုင်နယ် ပထမအကျော့ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ၂၀၂၁ ခုနှစ်မှာ ပြောဆိုသွားတာဖြစ်ပါတယ်။

“ကျနော် တူညီတဲ့အကြောင်းအရာတစ်ခုကို အမြဲပြောဆိုနေတာက ကျနော်ဟာ ခရစ္စတီယာနိုတစ်ယောက်မပါတဲ့ ရီးယဲလ်မက်ဒရစ်အသင်းကို စိတ်ကူးပုံဖော်ကြည့်လို့ကို မရပါဘူး။”လို့ ဇီဒန်းက ပြောပါတယ်။

ဘာစီလိုနာရဲ့ မက်ဆီနှင့် ပီအက်စ်ဂျီရဲ့ နေမာတို့ရဲ့ လစာထက် နည်းနေတဲ့ စီရော်နယ်လ်ဒိုဟာ ၎င်းရဲ့လစာကို တိုးမြှင့်ဖို့ အလိုရှိနေပါတယ်။ ဒါပေမယ့် သတင်းများက ရီးယဲလ်အသင်းက လစာတိုးမြှင့်ဖို့ကို ငြင်းဆိုထားဖွယ်ရှိပြီး ကစားသမားကို အသင်းမှ ထွက်ခွာခွင့်ပြနိုင်တယ်လို့ ဖော်ပြကြပါတယ်။

ရော်နယ်လ်ဒိုရဲ့ စာချုပ်ကိစ္စနဲ့ ပတ်သက်လို့ ဇီဒန်းက “ကျနော် စာချုပ် ဒါမှဟုတ် ဒီလိုအကြောင်းအရာတွေကို ပြောဆိုဖို့ ဆန္ဒမရှိပါဘူး။ ခရစ္စတီယာနိုက ဒါကို လုပ်နိုင်မှာပါ။ ဒါကို သူနဲ့ ကလပ်အသင်းကပဲ ပြောသင့်ပါတယ်။”လို့ ဇီဒန်းက ရီးယဲလ်အသင်း ဝက်ဘ်ဆိုက်မှာ ပြောဆိုထားပါတယ်။

စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ်ကို အဝေးကွင်းမှာ သွားရောက်ကစားမယ့် ရီးယဲလ်အသင်းဟာ “ဂိုးမပေးရဖို့နဲ့ ဂိုးများ သွင်းဖို့”လိုတယ်လို့ ဇီဒန်းက ပြောဆိုသွားပါတယ်။

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly