တော်ဝင်မျိုးနွယ်အား ထိပါးမှုဖြင့် စွဲဆိုခံနေရသည့် သမိုင်းပညာရှင်အား ထိုင်းစစ်ခုံရုံးက အမှုရုပ်သိမ်း

တော်ဝင်မျိုးနွယ်အား ထိပါးမှုဖြင့် စွဲဆိုခံနေရသည့် သမိုင်းပညာရှင်အား ထိုင်းစစ်ခုံရုံးက အမှုရုပ်သိမ်း

ဘန်ကောက်၊ ဇန်နဝါရီ ၁၇ ။          ။ ထိုင်းနိုင်ငံ၏ ဆယ့်ခြောက်ရာစုသမိုင်းဆိုင်ရာ ဖြစ်ရပ်မှန်နှင့် ပတ်သက်ကာ မေးခွန်းထုတ်သည့် သမိုင်းပညာရှင်အား တော်ဝင်မျိုးနွယ်အသိုင်းအဝိုင်းအား ထိပါးမှုဖြင့် စစ်ဆေးလျက်ရှိသည်ကို ထိုင်းစစ်ခုံရုံးက ဇန်နဝါရီ ၁၇ ရက်တွင် အမှုပြန်လည်ရုပ်သိမ်းလိုက်သည်။

အသက် ၈၅ နှစ်ရှိ သမိုင်းပညာရှင် ဆူလတ်ဆီဝါရတ်ကာအား သက်သေမခိုင်လုံခြင်းကြောင့် စွဲဆိုထားချက်များအား စစ်ခုံရုံးရှေ့နေများက ပလပ်လိုက်ခြင်းဖြစ်ကြောင်း   ဖြစ်လာနိုင်သည့် နိုင်ငံရေးဂယက်များနှင့်အတူ ထိုင်းနိုင်ငံတွင်းက တရားစီရင်ရေးကို စောင့်ကြည့်သော အဖွဲ့အစည်းဖြစ်သည့် ILaw အဖွဲ့က ဆိုသည်။

ဇန်နဝါရီ ၁၇ ရက် နံနက်တွင် စစ်ခုံရုံးတွင် မြင်တွေ့ရသော ဆူလတ်က အမှုရုပ်သိမ်းခံရပြီးနောက် ၎င်းတော်ဝင်အသနားခံစာ တင်ခဲ့သော လက်ရှိဘုရင်မင်းမြတ် မဟာဝါဇီရာလောင်ကွန်းအား   ကျေးဇူးတင်ခဲ့ကြောင်း အီးပီအေသတင်းတစ်ရပ်က ဖော်ပြသည်။

စစ်ခုံရုံးက ထွက်လာချိန်တွင် ဆူလတ်က ၎င်း၏ အမှုသည် ထိုင်းနိုင်ငံအတွင်း တော်ဝင်မျိုးနွယ်အား ထိပါးသော ပြစ်မှုစီရင်မှုအတွက် စီရင်ထုံးတစ်ရပ် ဖြစ်လိမ့်မည်ဟု မမျှော်လင့်ကြောင်း သတင်းထောက်များအား ပြောသည်။

၂၀၁၄ အောက်တိုဘာလအတွင်းက တက္ကသိုလ်စာတမ်းဖတ်ပွဲတစ်ရပ်တွင် ထိုင်းဘုရင် နာရဲစွမ်နှင့် မြန်မာ အိမ်ရှေ့စံမင်းသားကြီး မင်းကြီးစွာတို့အကြားက ၁၅၉၂ ခုနှစ် စီးချင်းတိုက်ပွဲတစ်ရပ်၏ ဖြစ်ရပ်မှန်ကို သံသယမေးခွန်းထုတ် တင်ပြခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဆူလတ်၏ စာတမ်းဖတ်ကြားမှုသည် ထိုင်းနိုင်ငံအတွင်း စစ်အာဏာသိမ်းပြီး ငါးလအကြာတွင်ဖြစ်ကာ စစ်သားနှစ်ဦးက ၎င်းစာတမ်းကို အမှုစွဲဆိုခဲ့သော်လည်း အောက်တိုဘာ ၉ ရက်မှ ရဲတပ်ဖွဲ့က စစ်ခုံရုံးသို့ အမှုတွဲတင်ခဲ့ခြင်း ဖြစ်သည်။

ဆူလတ်သည် ၁၉၉၅ ခုနှစ်က အခြားသော နိုဘယ်ဆုမျိုးဟု တင်စားသည့် Right Livelihood Foundation မှ ချီးမြှင့်သော ဆုကို ဆွတ်ခူးရရှိသည့် သမိုင်းပညာရှင်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly