တောမီးများလောင်ကျွမ်းမှုကြောင့် ၀ါရှင်တန်ပြည်နယ်တွင် အရေးပေါ် အခြေအနေကြေညာ

တောမီးများလောင်ကျွမ်းမှုကြောင့် ၀ါရှင်တန်ပြည်နယ်တွင် အရေးပေါ် အခြေအနေကြေညာ

လော့စ်အိန်ဂျလိစ်၊ သြဂုတ် ၂၂ ။        ။ ဝါရှင်တန်ပြည်နယ်တွင် တောမီးများဆိုးဝါးစွာလောင် ကျွမ်းမှုကြောင့်အရေးပေါ် အခြေအနေအဖြစ် သမ္မတအိုဘားမားက သြဂုတ် ၂၁တွင် ကြေညာခဲ့သည်။

အမေရိကန်၏ မိုးခေါင်မှုဒဏ်ခံနေရသော အနောက်ပိုင်းဒေသတစ်ဝန်းလောင်ကျွမ်းနေသော ကြောက်မက်ဖွယ်မီးတောက်များကို ထိန်းချုပ်ရန် ရုန်းကန်နေရသော အမေရိကန်မီးသတ်များကို အကူအညီပေး ရန် သြစတြေးလျနှင့် နယူးဇီလန်တို့မှ မီးသတ်သမားများကိုလည်း စေလွှတ်လိုက်ပြီဖြစ်သည်။

အိုဘားမားကြေညာချက်တွင် အနောက်မြောက်ပိုင်းပြည်နယ်တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ပြည်ထောင်စုရန်ပုံငွေများထုတ်ပေးရေးလည်း ပါဝင်သည်။

ယင်းပြည်နယ်တွင် လောင်ကျွမ်းနေသောမီးလောင်မှုအချို့မှာ ထိန်းချုပ်နိုင်ခြင်းမရှိသေးဘဲ မီးသတ်သမားသုံးဦးလည်း သေဆုံးခဲ့ပြီဖြစ်သည်။ ယခုအခါ အမေရိကန်ပြည်နယ် ဆယ်ခုတစ်ဝန်း ကြီးမားသောတောမီးကြီး များလောင်ကျွမ်းလျက်ရှိနေပြီး ဟက်တာ ၅၂၆,၀၀၀အကျယ်အဝန်းကို လောင်ကျွမ်းလျက်ရှိသည်။

ဝါရှင်တန်နှင့် အနောက်ပိုင်းပြည်နယ်များမှ လူအများအပြားမှာ ဘေးလွတ်ရာတွင် နေထိုင်နေရဆဲဖြစ်ပြီး မီးသတ်သမားများက ကြီးမားသည့်လောင်ကျွမ်းမှုများကို ထိန်းချုပ်ရန် လုပ်ဆောင်လျက်ရှိသည်ဟု အမျိုးသားမီးသတ်ဋ္ဌာန (NIFC)က ပြောသည်။

အိမ် ၅,၁၀၀မှာ ခြိမ်းခြောက်ခံနေရပြီး အတိအကျမသိရသေးသည့် အဆောက်အဦများစွာမှာ ပျက်စီးသွားခဲ့ပြီဖြစ်သည်။

အိုင်ဒါဟိုပြည်နယ်သည်လည်း တောမီးလောင်ကျွမ်းမှုဒဏ်အဆိုးဝါးဆုံးခံရသည့် ပြည်နယ်တစ်ခုဖြစ်ပြီး သြဂုတ် ၂၀က ကြီးမားသည့်မီး၁၇ခုလောင်ကျွမ်းနေခဲ့သည်။ နောက်ထပ်ဆိုးသော ပြည်နယ်များတွင် ဝါရှင်တန်၊ အော်ရီဂွန်နှင့် ကယ်လီဖိုးနီးယားပြည်နယ်တို့ ပါဝင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly