တရုတ်နိုင်ငံမပါ၀င်သည့် ကနေဒါနိုင်ငံမှ မြောက်ကိုရီးယားအရေး ဆွေးနွေးပွဲ

တရုတ်နိုင်ငံမပါ၀င်သည့် ကနေဒါနိုင်ငံမှ မြောက်ကိုရီးယားအရေး ဆွေးနွေးပွဲ

 

ဗန်ကူးဗား၊ ကနေဒါ၊ ဇန်နဝါရီ ၁၇ ။          ။ မြောက်ကိုရီးယား၏ နျူကလီးယားဒုံးပျံလက်နက် ခြိမ်းခြောက်မှုနှင့်ပက်သက်၍ ဖြေရှင်းရန်အတွက် ဆွေးနွေးပွဲ တစ်ရပ်ကို ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့တွင် အင်္ဂါနေ့ကကျင်းပခဲ့ပြီး ကမ္ဘာ့စူပါပါဝါနိုင်ငံကြီးများက ပါဝင်ဆွေးနွေး ခဲ့ကြသည်။

မြောက်ကိုရီးယား၏ခြိမ်းခြောက်မှုကို တစ်ညီတစ်ညွတ်တည်း ရင်ဆိုင်ဖြေရှင်းကြရန်ရည်ရွယ်ကာ ဗန်ကူးဗားမြို့ တွင် နှစ်ရက်တာပြုလုပ်မည့် အဆိုပါဆွေးနွေးပွဲကို ကနေဒါနှင့်အမေရိကန်တို့မှ အိမ်ရှင်အဖြစ် ကျင်းပခြင်းဖြစ်ပြီး အဆိုပါဆွေးနွေးပွဲသို့ တရုတ်နိုင်ငံက တက်ရောက်ခဲ့ခြင်းမရှိသည့်အတွက် ယင်းပြသနာကိုဖြေရှင်းနိုင်ဖို့ အလား အလာနည်းပါးကြောင်း သိရသည်။

မြောက်ကိုရီးယား၏ အဓိကမဟာမိတ်လည်းဖြစ်၊ အဓိကကုန်သွယ်ဖက်လည်းဖြစ်သော တရုတ်နှင့်ရုရှားနိုင်ငံတို့ အား ယင်းထိပ်သည်းဆွေးနွေးပွဲသို့ ဖိတ်ကြားခဲ့ခြင်းမရှိသည့်အတွက် ထိရောက်သော ပဏာမခြေလှမ်းများ ချမှတ်သွားနိုင်ဖို့ မလွယ်ကူကြောင်းလည်း သိရသည်။

“ကိုရီးယားကျွန်းဆွယ်ကိစ္စမှာ အဓိကကျပြီးအရေးပါတဲ့ တရုတ်နိုင်ငံဟာ ဒီဆွေးနွေးပွဲမှာ ပါဝင်နိုင်ခြင်းမရှိတဲ့ အတွက် ဒီအစည်းအဝေးဟာ တရားဝင်ဖြစ်ပြီး အားလုံးကို ကိုယ်စားပြုတယ်လို့ ကျနော်မထင်ပါဘူး” ဟု တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လူကန်က အကျဉ်းချုံးပြောဆိုခဲ့သည်။

တရုတ်နိုင်ငံသည် ဗန်ကူးဗားအစည်းအဝေး၌ ပါဝင်နိုင်ခြင်း မရှိသော်လည်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့် နှင့် တရုတ်သမ္မတ ရှီကျင်းဖျင်တို့မှာမူ စကားပြောဆိုခဲ့ကြောင်း သိရသည်။

အိမ်ဖြူတော်၏ထုတ်ပြန်ချက်အရ သမ္မတနှစ်ဦးသည် မကြာခင်ကပြုလုပ်ခဲ့သည့် မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားမှ ကိုယ်စားလှယ်များ၏ မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးမှုမှ တဆင့်   မြောက်ကိုရီးယား၏ ဖျက်လိုဖျက်ဆီးလုပ်လိုသော အပြုအမူများ ပြောင်းလဲသွားနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly