အင်္ဂလန်ဘောလုံးသမိုင်းမှာ VAR ကြည့်ပြီး ဂိုးအဖြစ်သတ်မှတ်ခဲ့တဲ့ ပထမဆုံးဂိုး

အင်္ဂလန်ဘောလုံးသမိုင်းမှာ VAR ကြည့်ပြီး ဂိုးအဖြစ်သတ်မှတ်ခဲ့တဲ့ ပထမဆုံးဂိုး

 

ဇန်နဝါရီ ၁၇၊ အင်္ဂလန် ။            ။ လက်စတာအသင်းက ဖလက်ဝုဒ်တောင်းအသင်းကို အနိုင်ရခဲ့သည့် အက်ဖ်အေဖလားပွဲစဉ်တွင် လက်စတာအသင်းအတွက် အီဟီရာနာချိုသွင်းယူခဲ့သောဂိုးမှာ အင်္ဂလန်ဘောလုံးသမိုင်းတွင် ဗီဒီယိုလက်ထောက်ဒိုင်လူကြီး(VAR)၏အကူအညီရယူပြီး ဂိုးအဖြစ်သတ်မှတ်ပေးသော ပထမဆုံးဂိုးအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။

ထိုပွဲတွင် ပွဲပြီးရန် ၁၃ မိနစ်အလို၌ အီဟီရာနာချိုသည် မာရက်ဇ်၏ဖန်တီးပေးမှုမှ လူကျွံထောင်ချောက်ကို ဖြတ်ကျော်ပြီး ဒုတိယဂိုးကို သွင်းယူခဲ့ခြင်း ဖြစ်သည်။ ယင်းအခြေအနေတွင်  စည်းကြပ်ဒိုင်က အလံထောင်ခဲ့ရာ ဒိုင်လူကြီးက လူကျွံဘောဟု ဦးစွာသတ်မှတ်ခဲ့သည်။ ထို့နောက် VAR အကူအညီရယူခဲ့ရာ အီဟီရာနာချိုမှာ လူမကျွံသည်ကို တွေ့ရသောကြောင့် ဒိုင်က ဂိုးအဖြစ် ပြောင်းလဲ သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။

ဒီဂိုးသည် အင်္ဂလိပ်ဘောလုံးသမိုင်းတွင် ဗီဒီယိုနည်းပညာအကူအညီရယူပြီး ဂိုးအဖြစ်ခွင့်ပြုလိုက်သည့် ပထမဆုံးဂိုးဖြစ်လာခဲ့ရသည်။ ထိုပွဲစဉ်တွင် လက်စတာအသင်းသည် အီဟီရာနာချို၏သွင်းဂိုး ၂ ဂိုးဖြင့် ဖလက်ဝုဒ်တောင်းအသင်းကို အနိုင်ရခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly