ထိုင်ဝမ် Vogue မဂ္ဂဇင်းအတွက် မျက်နှာဖုံးဓာတ်ပုံရိုက်ကူးရင်း အင်တာဗျူးဖြေဆိုခဲ့သည့် ပါ့ခ်ဘိုဂမ်

ထိုင်ဝမ် Vogue မဂ္ဂဇင်းအတွက် မျက်နှာဖုံးဓာတ်ပုံရိုက်ကူးရင်း အင်တာဗျူးဖြေဆိုခဲ့သည့် ပါ့ခ်ဘိုဂမ်

တောင်ကိုရီးယားမှ နာမည်ကျော်မင်းသားတစ်လက်ဖြစ်သော ပါ့ခ်ဘိုဂမ်သည် ဖေဖေါ်ဝါရီလတွင်ထုတ်ဝေမည့် ထိုင်ဝမ် Vogue မဂ္ဂဇင်းမျက်နှာဖုံးကာဗာအတွက် ဓာတ်ပုံရိုက်ကူးခဲ့ပြီး ထိုမဂ္ဂဇင်းနှင့်အတူ အင်တာဗျူးတစ်ခု ပြုလုပ်ခဲ့သည်။

အင်တာဗျူးအတွင်း ပါ့ခ်ဘိုဂမ်သည် ယခုရက်ပိုင်းအတွင်း သူလုပ်ကိုင်နေသည့် အလုပ်များနှင့် ပတ်သက်၍ ပထမဦးဆုံးပြောဆိုခဲ့သည်။ သူက “ ကျနော်က ကျောင်းလည်းတက်နေသလို အားလပ်ချိန်မှာ ကျနော့်ရဲ့ အနုပညာအလုပ်တွေအတွက် ပြင်ဆင်နေပါတယ်။ ကျနော်က နောက်ဆုံးနှစ်ရောက်နေပါပြီ။ မကြာခင်မှာ ဘွဲ့ရတော့မှာဖြစ်တာကြောင့် ကျနော် ကြိုးကြိုးစားစားနဲ့ အတန်းပုံမှန်တက်နေပါတယ်။ လာမယ့်ဖေဖေါ်ဝါရီ လောက်မှာ ကျနော်ဘွဲ့ရမှာဖြစ်ပါတယ်” ဟု ဆိုခဲ့သည်။

နောက်ထပ်လုပ်ကိုင်မည့် အနုပညာလုပ်ငန်းနှင့် ပတ်သက်၍ ပါ့ခ်ဘိုဂမ်က “အားလုံးလက်ခံနိုင်မယ့် အနုပညာ လုပ်ငန်းတွေကို လုပ်ကိုင်သွားဖို့ ကျနော်စဉ်းစားချင့်ချိန်နေပါတယ်။ ကျနော့်ဘက်ကပြင်ဆင်နေတဲ့အချိန်မှာ ရုပ်ရှင်တွေကြည့်တာတို့၊ စာဖတ်တာတို့ကိုလည်း လုပ်ပါတယ်။ ကျနော့်ဘက်က တိုးတက်လာတဲ့ပုံစံကို ခင်ဗျား တို့ တွေ့မြင်ရမှာပါ” ဟုလည်း ဆိုခဲ့သည်။

ဒါ့အပြင် ပါ့ခ်ဘိုဂမ်က သူသည် အစားအသောက်ကိုခုံမင်ကြောင်း ပြောဆိုခဲ့ပြီး “အစားအသောက်က အရေးကြီး ပါတယ်။ ကျနော်က စားရသောက်ရတာကို ကြိုက်တာကြောင့် အဲ့ဒီ့အစားအသောက်ကိစ္စကို အချိန်အများကြီး ပေးထားပါတယ်”ဟု ဆိုခဲ့သည်။

ပါ့ခ်ဘိုဂမ်သည် လက်ရှိအချိန်တွင် ရုပ်ရှင်ရိုက်ကူးမှုများ မရှိသေးသော်လည်း သူ့ကိုလွမ်းဆွတ်နေသော ပရိသတ်များအနေဖြင့် Hyori’s Homestay 2 ရုပ်သံအစီအစဉ်၌ မကြာမီတွင် သူ့ကိုတွေ့မြင်ရတော့မည် ဖြစ်သည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly