မန်စီးတီးကို မန်ယူအမီလိုက်နိုင်သေးသည်ဟု ပေါ့ဂ်ဘာဆို

မန်စီးတီးကို မန်ယူအမီလိုက်နိုင်သေးသည်ဟု ပေါ့ဂ်ဘာဆို

 

 

ဇန်နဝါရီ ၁၆၊ အင်္ဂလန် ။                  ။ မန်ယူအသင်းက စတုခ်စီးတီးအသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရပြီးနောက်တွင် မန်ယူကွင်းလယ်ကစားသမားပေါ့ဂ်ဘာက ၎င်းတို့အသင်းအနေဖြင့် မန်စီးတီးကို အမီလိုက်နိုင်စွမ်းရှိနေသေးကြောင်း ပြောဆိုလိုက်သည်။

ယခုတစ်ပတ် ပွဲစဉ် ၂၃ တွင် မန်စီးတီးအသင်းက လီဗာပူးလ်အသင်းကို ၄-၃ ဂိုးဖြင့် ရှုံးနိမ့်ထားသည့်အတွက် လက်ရှိတွင် မန်ယူနှင့် မန်စီးတီးတို့မှာ ရမှတ် ၁၂ မှတ်ကွာဟနေသည်။

“ကျွန်တော်တို့အတိတ်ကို ပြန်မကြည့်တော့ပါဘူး။ အနာဂတ်နဲ့ နောက်လာမယ့်ပွဲတွေကိုပဲ အာရုံစိုက်သွားမှာပါ။ မန်စီးတီးကို အမီလိုက်ချင်ပါတယ်။ လီဗာပူးလ်ကို မန်စီးတီးရှုံးသွားတာကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကိုယ့်အသင်းရလဒ်ကောင်းဖို့ကိုပဲ အာရုံစိုက်ဖို့လိုပါတယ်။ ဒါဆို ကျွန်တော်တို့ အဆင်ပြေပါလိမ့်မယ်” ဟု ပေါ့ဂ်ဘာက ဆိုသည်။

စတုခ်နှင့်ပွဲတွင် မန်ယူအသင်းရရှိခဲ့သည့် ပထမအဖွင့်ဂိုး ၂ ဂိုးကို ပေါ့ဂ်ဘာက ဖန်တီးပေးခဲ့သည်။ မန်ယူအသင်းအတွက် အနိုင်ဂိုးများကို ဗလင်စီယာ၊ မာရှယ်နှင့် လူကာကူတို့က သွင်းယူပေးခဲ့ကြသည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly