စပိန်ကမ်းရိုးတန်းတွင် သောင်တင်နေသော ရော်ဘာလှေပေါ်၌ ရွှေ့ပြောင်းနေထိုင်သူ ရဦးကို သေဆုံးလျက် တွေ့ရှိ

စပိန်ကမ်းရိုးတန်းတွင် သောင်တင်နေသော ရော်ဘာလှေပေါ်၌ ရွှေ့ပြောင်းနေထိုင်သူ ရဦးကို သေဆုံးလျက် တွေ့ရှိ

 

ကော်စတာတီဂူစီ၊ စပိန်၊ ဇန်နဝါရီ ၁၆ ။            ။ စပိန်နိုင်ငံရှိ လန်ဇာရိုတီကမ်းရိုးတန်း၌ ဇန်နဝါရီ ၁၅ ရက်နေ့က လာရောက်သောင်တင်နေသော ရော်ဘာလှေ တစ်စီးပေါ်တွင် ရွှေ့ပြောင်းနေထိုင်သူ ၇ ဦးထက်မနည်းကို သေဆုံးလျက်တွေ့ရှိခဲ့ပြီး ကျန်တစ်ဦးမှာ အလွန် စိုးရိမ်ရသော အခြေအနေတွင် ရောက်ရှိနေကြောင်း စပိန်ရဲတပ်ဖွဲ့နှင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ပြောဆို ခဲ့ကြသည်။

အဆိုပါရော်ဘာလှေကို နေ့လယ်ပိုင်းလောက်တွင် ပင်လယ်ကမ်းခြေစောင့် အစောင့်တစ်ဦးက တွေ့ရှိခဲ့ခြင်းဖြစ် ပြီး အာဏာပိုင်များအား အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာချိန်တွင် ရော်ဘာလှေအတွင်း၌ ရေနစ်သောလက္ခဏာ၊ ကိုယ်အပူရှိန် အလွန်အမင်းကျဆင်းသော လက္ခဏာတို့ပြသနေသော အလောင်း ၅ လောင်းကို တွေ့ရှိခဲ့ပြီး အခြားအလောင်း များကို ရေထဲမှ ရှာတွေ့ခဲ့ခြင်းဖြစ်သည်။

ရေနစ်သေနေသော ပုံစံဖြင့်တွေ့ရသည့် အမျိုးသားနှစ်ဦးကို ပင်လယ်ထဲမှ ကယ်ဆယ်နိုင်ခဲ့သော်လည်း တစ်ဦး မှာသေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ စိုးရိမ်ရသောအခြေအနေသို့ ရောက်ရှိနေကာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

အဆိုပါရော်ဘာလှေသည် လူ ၂၇ ဦးကို သယ်ဆောင်လာခဲ့ပြီး လန်ဇာရိုတီကမ်းရိုးတန်းသို့ ရောက်ရှိလာခဲ့ကာ ကျန်လူများမှာ ပင်လယ်အတွင်းသို့ ခုန်ချထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

စပိန်လုံခြုံရေးတပ်ဖွဲ့များသည် အသက်ရှင်ကျန်ရစ်သူ ၁၈ ဦးကို ရှာဖွေ့တွေ့ရှိနိုင်ခဲ့ပြီး ထိုသူတို့မှာ အခြေအနေ ကောင်းကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly