ဝါရင့်သတင်းစာဆရာတစ်ဦးကို ပြန်ကြားရေးဒုဝန်ကြီးအဖြစ် ခန့်အပ်

ဝါရင့်သတင်းစာဆရာတစ်ဦးကို ပြန်ကြားရေးဒုဝန်ကြီးအဖြစ် ခန့်အပ်
ဓာတ်ပုံ -  ဦးအောင်လှထွန်း facebook

ရန်ကုန် ၊ ဇန်နဝါရီ ၁၆ ။             ။ ဝါရင့် သတင်းစာဆရာ တစ်ဦးဖြစ်သူ ဦးအောင်လှထွန်းကို ယမန်နေ့ ဇန်နဝါရီ ၁၅ ရက်နေ့က ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် နိုင်ငံတော်သမ္မတက ခန့်အပ်လိုက်သည်။

သတင်းစာဆရာတစ်ဦးဖြစ်သည့် ဦးအောင်လှထွန်းသည့် ပြန်ကြားရေးဝန်ကြီးဌာနမှာ အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့ပြီး ရိုက်တာသတင်းဌာနတွင်လည်း နှစ်ကာလ ကြာမြင့်စွာ လုပ်ကိုင်ခဲ့ဖူးသူလည်း ဖြစ်သည်။

ယင်းအပြင် နိုင်ငံခြားသတင်းထောက်များ အသင်း၏ ဥက္ကဋ္ဌဟောင်း တစ်ဦးဖြစ်သည့်အပြင် လက်ရှိတွင်  မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ၏ ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူလည်း ဖြစ်သည်။

ရခိုင်ပြည်နယ်အရေးကိစ္စများနှင့်ပတ်သက်ပြီး လွတ်လပ်စွာ သတင်းရယူခွင့်မရှိသည့်အချိန်တွင် အစိုးရမှ သတင်းမီဒီယာ ကောင်စီမှ တာဝန်ရှိသူတစ်ဦးကို ပြန်ကြားရေး ဒုတိယဝန်ကြီး အဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်သည်။

လက်ရှိ ပြန်ကြားရေးဝန်ကြီးအဖြစ် ဒေါက်တာဖေမြင့်က ဆောင်ရွက်နေပြီး ယခု သတင်းစာဆရာတစ်ဦးအား ပြန်ကြားရေးဒုဝန်ကြီးအဖြစ် ခန့်အပ်လိုက်ခြင်း ဖြစ်သည်။

ထို့ပြင် ယမန်နေ့က  ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန နှစ်ခုကို ပူးတွဲတာဝန်ယူထားသည့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်အား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ထားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly