‘ဆန်းချက်ဇ်ရဲ့ အပြောင်းအရွှေ့ကိစ္စကို လာမယ့် ၄၈ နာရီအတွင်း ဆုံးဖြတ်သွားမယ်’ - အာဆင်ဝင်းဂါး

‘ဆန်းချက်ဇ်ရဲ့ အပြောင်းအရွှေ့ကိစ္စကို လာမယ့် ၄၈ နာရီအတွင်း ဆုံးဖြတ်သွားမယ်’ - အာဆင်ဝင်းဂါး
(ဓာတ်ပုံ - အီးပီအေ)

အာဆင်နယ်အသင်းဟာ တနင်္ဂနွေနေ့က ဘုန်းမောက်အသင်းကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက် နည်းပြ အာဆင်ဝင်းဂါးက တိုက်စစ်မှူး အလက်ဆစ် ဆန်းချက်ဇ်ရဲ့ အနာဂတ်ကို လာမယ့် ၄၈ နာရီအတွင်း ဆုံးဖြတ်ချက် ချသွားမှာဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။

အသက် ၂၉ နှစ် ကစားသမားဟာ နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး မန်စီးတီးအသင်းက ဇန်နဝါရီလမှာ ခေါ်ယူဖို့ ချိတ်ဆက်နေခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မန်ယူအသင်းကလည်း ချီလီတိုက်စစ်မှူးက ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

“ဒီအပြောင်းအရွှေ့ကိစ္စကို လာမယ့် ၄၈ နာရီအတွင်းမှာ ဆုံးဖြတ်ချက် ချသွားမှာဖြစ်ပါတယ်။”လို့ အာစင်ဝင်းဂါးက ဆန်းချက်ဇ်ရဲ့ အပြောင်းအရွှေ့ကိစ္စနဲ့ ပတ်သက်ပြီး ပြောကြားသွားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ဆန်းချက်ဇ်ကို ပြောင်းရွှေ့ကြေးပေါင်သန်း ၂၀ ဖြင့် ကမ်းလှမ်းထားပြီး တစ်ပတ်လစာငွေ ၂၉၀,၀၀၀ ပေးချေမှာဖြစ်ပါတယ်။

မန်ယူအသင်းကတော့ မန်စီးတီးအသင်းကို နောက်ကောက်ချပြီး ဆန်းချက်ဇ်ကို ခေါ်ယူရန်ကြိုးပမ်းနေပြီး တစ်ပတ်လစာငွေ ပေါင် ၃၅၀,၀၀၀ ပေးချေရန် ပြင်ဆင်ထားပြီးဖြစ်ပါတယ်။ မန်ယူအသင်းဟာ ပြောင်းရွှေ့ကြေးကို မန်စီးတီးထက် ပိုပေးဦးမှာဖြစ်တဲ့အပြင် ဆန်းချက်ဇ်ရဲ့ အေးဂျင့်အတွက် ပေါင် ၅ သန်းလည်း ပေးချေဦးမယ်လို့ သိရပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly