လီဗာပူးလ်ကို ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်ဖလားလုပွဲ မပြီးဆုံးသေးဘူးလို့ ဂွာဒီယိုလာ ပြော

လီဗာပူးလ်ကို ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်ဖလားလုပွဲ မပြီးဆုံးသေးဘူးလို့ ဂွာဒီယိုလာ ပြော
(ဓာတ်ပုံ - အီးပီအေ)

နည်းပြ ဂွာဒီယိုလာက ၎င်းရဲ့မန်စီးတီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ပထမဆုံး ရှုံးပွဲကြုံတွေ့ပြီးနောက် အမှတ်ပေးဖလားလုပွဲမှာ မပြီးဆုံးသေးကြောင်း ပြောဆိုသွားပါတယ်။

မန်စီးတီးအသင်းဟာ တနင်္ဂနွေနေ့က အန်ဖီးလ်ကွင်းမှာ လီဗာပူးလ်အသင်းကို ၄-၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ရှုံးပွဲမရှိ စံချိန်ကျိုးပျက်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းအတွက် ဂိုးတွေကိုတော့ ချိန်ဘာလိန်၊ ဖေမီနို၊ မာနေးနှင့် ဆာလက်တို့ကို သွင်းယူခဲ့ပြီး ဆာနေး၊ ဘာနာဒိုဆေးလ်ဗား၊ ဂွန်ဒိုဂန်တို့က မန်စီးတီးအတွက် ဂိုးတွေကို သွင်းယူခဲ့တာဖြစ်ပါတယ်။

မန်စီးတီးဟာ ရှုံးပွဲကြုံတွေ့ခဲ့ရပေမယ့် အမှတ်ပေးဇယားထိပ်မှာ ၁၅ မှတ်ဖြတ်ထားနေဆဲဖြစ်ပါတယ်။

မနက်ဖြန်မှာ စတုတ်ခ်စီးတီးနဲ့ ကစားရမယ့် မန်ယူအသင်းဟာ ၁၂ မှတ်ထိ အမှတ်ကွာဟမှုကို ရယူနိုင်မယ့် အခွင့်အရေးရှိနေပါတယ်။

ဂွာဒီယိုလာက ၎င်းရဲ့အသင်းကို အမီလိုက်နိုင်သေးလို့ ဆိုပါတယ်။

“အနိုင်ရခဲ့တဲ့ လီဗာပူးလ်အသင်းအတွက် ဂုဏ်ယူပါတယ်။ ဒီပွဲမှာ ၁-၁ ဂိုးဆိုတဲ့ ရလဒ်ဖြစ်နေချိန်မှာ ပွဲစဉ်တစ်ခုလုံးဟာ ကျနော်တို့ လက်ထဲရှိနေခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ အဆုံးသတ်ပိုင်းမှာ မကောင်းခဲ့ပါဘူး။ အဲဒီနောက်မှာ ချက်ချင်းဆိုသလို ၄-၁ ဂိုးရလဒ် ဖြစ်သွားခဲ့ပါတယ်။ ခင်ဗျားသာ ဂိုးတစ်ဂိုး ပေးလိုက်ရချိန်မှာ တည်တည်ငြိမ်ငြိမ် ရှိနေဖို့ လိုပြီး ကျနော်တို့က အဲဒီလို ကျစ်လစ်မာကျောမှု မရှိခဲ့ပါဘူး။ ဒီရာသီ ဒီပုံစံမျိုးသာ ရောက်နေခဲ့ရင် ဒီလိုပဲ နေရမှာပါ။”လို့ ဂွာဒီယိုလာက Skysports ကို ပြောပါတယ်။

“ပရီးမီးယားလိဂ်ချန်ပီယံလုပွဲဟာ အခုထိ မပြီးဆုံးသေးဘူးလို့ ကျနော် အမြဲ ပြောဆိုခဲ့ပါတယ်။ ခက်ခဲတဲ့ ပွဲတွေကို အများကြီး ကစားဖို့ ရှိနေပါတယ်။ ကျနော်တို့ လာမယ့်ပွဲစဉ်ကို အာရုံစိုက်နေမှာဖြစ်ပြီး ဒါပြီးမှ နောက်တစ်ပွဲအတွက် ပြင်ဆင်သွားမှာဖြစ်ပါတယ်။”လို့ သူက ပြောပါတယ်။

Ref; Metro

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly