ဂျာဂင်ကလော့ပ်ကို ၂ ကြိမ်တိုင် ငြင်းခဲ့တဲ့ ဆာနေး

ဂျာဂင်ကလော့ပ်ကို ၂ ကြိမ်တိုင် ငြင်းခဲ့တဲ့ ဆာနေး

ဇန်နဝါရီ ၁၄၊ အင်္ဂလန် ။          ။ ဂျာမနီလက်ရွေးစင်ကစားသမား ဆာနေးက သူ့ကို ဂျာဂင်ကလော့ပ်က ၂ ကြိမ်တိုင် ကမ်းလှမ်းခဲ့ပေမယ့် သူ့ဘက်က ငြင်းဆိုခဲ့တယ်လို့ ဖွင့်ဟလိုက်ပါတယ်။

ရှော်လ်ကေးအသင်းမှာ ခြေစွမ်းပြနေတဲ့ လူငယ်ခြေတက်လေး ဆာနေးကို ဒေါ့တ်မွန်နည်းပြ ဂျာဂင်ကလော့က သူ့အသင်းကို လာဖို့ ကမ်းလှမ်းခဲ့ပေမယ့် ငြင်းဆန်ခံခဲ့ရပါတယ်။

ဂျာဂင်ကလော့ပ် လီဗာပူးလ်နည်းပြဖြစ်လာတော့လည်း ဆာနေးကို ခေါ်ဖို့ လက်မလျှော့သေးပဲ ထပ်ပြီး ကမ်းလှမ်းခဲ့ပြန်ပါတယ်။ အဲ့ဒီအချိန်မှာလည်း ဆာနေးဘက်က ထပ်ငြင်းခဲ့ပြန်ပါတယ်။ အဲ့ဒီနောက် ၁၈ လအကြာမှာတော့ ဆာနေးဟာ မန်စီးတီးအသင်းကိုသွားဖို့ ရွေးချယ်လိုက်ပါတော့တယ်။

“ကျွန်တော် လီဗာပူးလ်အသင်းနဲ့ စကားပြောခဲ့ပါတယ်။ ဂျာဂင်ကလော့ပ်က ကျွန်တော့်ကို ခေါ်လို့ပါ။ ကျွန်တော် မန်စီးတီးအသင်းကို မပြောင်းခင်တုန်းကပေါ့။ ကလော့ပ်က လူတော်လူကောင်းတစ်ယောက်ပါ။ ရိုးလည်း ရိုးသားပါတယ်။ လီဗာပူးလ်မှာလည်း သူကောင်းကောင်းလုပ်ပြနေပါတယ်။ ရှော်လ်ကေးမှာတုန်းကတော့ ပြိုင်ဘက်အသင်းကို မပြောင်းချင်လို့ ဒေါ့တ်မွန်ကို မသွားခဲ့တာပါ”လို့ ဆာနေးက ဆိုခဲ့ပါတယ်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags