ဟယ်ရီကိန်းမှာ ပရီးမီးယားလိဂ်နှင့်အင်္ဂလန် ဂိုးသွင်းစံချိန်များကို ချိုးဖျက်လိမ့်မည်ဟု ပိုချက်တီနိုဆို

ဟယ်ရီကိန်းမှာ ပရီးမီးယားလိဂ်နှင့်အင်္ဂလန် ဂိုးသွင်းစံချိန်များကို ချိုးဖျက်လိမ့်မည်ဟု ပိုချက်တီနိုဆို

ဇန်နဝါရီ ၁၄၊ အင်္ဂလန် ။         ။ စပါးနည်းပြပိုချက်တီနိုက ၎င်းတို့အသင်း၏တိုက်စစ်မှူး ဟယ်ရီကိန်းသည် ပရီးမီးယားလိဂ်နှင့်အင်္ဂလန်အသင်း၏ ဂိုးသွင်းစံချိန်များကို ချိုးဖျက်လိမ့်မည်ဟု ပြောဆိုလိုက်သည်။

ဟယ်ရီကိန်းသည် စပါးအသင်းက အဲဗာတန်အသင်းကို အနိုင်ရသည့်ပွဲတွင် ၂ ဂိုးသွင်းယူနိုင်ခဲ့သောကြောင့် စပါးအသင်းသမိုင်းတွင် ပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာခဲ့သည်။

ထိုသွင်းဂိုး ၂ ဂိုးမှာ ဟယ်ရီကိန်း၏ ၉၇ နှင့် ၉၈ ဂိုးမြောက် ပရီးမီးယားလိဂ်သွင်းဂိုးများဖြစ်ပြီး ရှာရင်ဂန်၏ ၉၇ ဂိုးစံချိန်ကို ချိုးဖျက်လိုက်ခြင်းလည်း ဖြစ်သည်။

ဟယ်ရီကိန်းသည် ယခုနှစ်ရာသီတွင် ပရီးမီးယားလိဂ်သွင်းဂိုး ၂၀ အထိသွင်းယူထားနိုင်ပြီ ဖြစ်သည်။ ပြီးခဲ့သည့်ရာသီသုံးခုကလည်း လိဂ်ဂိုး ၂၀ ကျော်သွင်းယူထားသည့်အတွက် ၄ ရာသီဆက်တိုက် ဂိုး ၂၀ ကျော်သွင်းနိုင်သည့် ပထမဆုံးကစားသမားလည်း ဖြစ်လာခဲ့သည်။

“ဟယ်ရီကိန်းအနေနဲ့ ဒီလိုပုံစံအတိုင်းသာ ဆက်ပြီး ခြေစွမ်းပြနေမယ်ဆိုရင် ပရီးမီးယားလိဂ်နဲ့အင်္ဂလန်အသင်းရဲ့ ဂိုးသွင်းစံချိန်တွေကို ချိုးဖျက်ပါလိမ့်မယ်။ သူဟာ အလွန်ပရော်ဖက်ရှင်နယ်ဆန်ပြီး အလွန်ကြိုးစားတဲ့သူပါ.. သူ့အတွက် ကျွန်တော်ဂုဏ်ယူပါတယ်” ဟု စပါးနည်းပြ ပိုချက်တီနိုက ဆိုခဲ့သည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags