ငြိမ်းချမ်းရေးကြိုးပမ်းချက်အတွက် ပါ၀င်ကူညီရန် ကိုလံဘီယာသို့ ကုလသမဂ္ဂအတွင်းရေးမှူးရောက်ရှိ

ငြိမ်းချမ်းရေးကြိုးပမ်းချက်အတွက် ပါ၀င်ကူညီရန် ကိုလံဘီယာသို့ ကုလသမဂ္ဂအတွင်းရေးမှူးရောက်ရှိ

ဘိုဂိုတာ၊ ကိုလံဘီယာ၊ ဇန်နဝါရီ ၁၄ ။         ။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်သည် ကိုလံဘီယာနိုင်ငံ၏ ငြိမ်းချမ်းရေးကြိုးပမ်းချက်ကို အားပေးကူညီရန်အတွက် ဇန်နဝါရီ ၁၃ ရက်နေ့တွင် လက်တင်အမေရိကနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

ကိုလံဘီယာသမ္မတ ဟွမ်မန်နျူရယ်ဆန်းတို့စ်က ဂူတာရက်စ်ကို လာရောက်ကြိုဆိုခဲ့ပြီး ကိုလံဘီယာတာဝန်ရှိသူ များ၊ လူမှုအသိုင်းအဝိုင်း အဖွဲ့ဝင်များနှင့် အစည်းအဝေးများ ကျင်းပခဲ့ကြသည်။

ဂူတာရက်စ်က “ဒါဟာ စည်းလုံးညီညွတ်မှုအတွက် မစ်ရှင်တစ်ခုဖြစ်ပါတယ်။ ကိုလံဘီယာနိုင်ငံအတွက် အရေးပါတဲ့ သမိုင်းဝင်ခြေလှမ်းတစ်ရပ်ဖြစ်ပြီး ကိုလံဘီယာပြည်သူများ၊ လက်တင်အမေရိကနိုင်ငံများနဲ့ ကမ္ဘာကြီးတို့ စည်းလုံး ညီညွတ်ရေးအတွက်ဖြစ်ပါတယ်” ဟု သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

ဒါ့အပြင်သူက “ကမ္ဘာကြီးမှာ ပဋိပက္ခတွေအသစ်တွေ ထပ်ခါတလဲလဲပေါ်ပေါက်လာသလို ပဋိပက္ခအဟောင်းတွေကို လည်း မဖြေရှင်းနိုင်သေးတာကို ကျနော်တို့တွေ့နေရပါတယ်။ ဒါကြောင့် ကိုလံဘီယာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ဟာ ကမ္ဘာကြီးအတွက် အရေးပါပြီး အဓိကကျတဲ့ အမှတ်သညာတစ်ခုဖြစ်လာနိုင်ပါတယ်” ဟုလည်း အလေး ထား ပြောဆိုခဲ့သည်။

ဂူတာရက်စ်က “ကိုလံဘီယာပြည်သူတွေအားလုံး ကြိုးပမ်းဆောင်ရွက်နေတဲ့ ကိုလံဘီယာနိုင်ငံအတွင်းက ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ကို အပြည့်အဝထောက်ခံအားပေးရမှာက ကမ္ဘာတစ်ဝန်းက နိုင်ငံသားများအားလုံးရဲ့ တာဝန်တစ်ရပ် လည်းဖြစ်ပါတယ်” ဟု လှုံ့ဆော်ခဲ့သည်။

ယခုအခါတွင် ကိုလံဘီယာနိုင်ငံ၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့်လုပ်ဆောင်နေသော်လည်း သူပုန် ၁၄၀၀၀ ခန့်ကို ပြန်လည်ပေါင်းစည်းရန်နှင့် ကိုလံဘီယာအစိုးရနှင့် အမျိုးသားလွတ်မြောက်ရေးတပ်မတော် ELN တို့ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ပျက်ပြားသွားခဲ့သောကြောင့် ငြိမ်းချမ်းရေးကြိုးပမ်းချက် အတွက် စိန်ခေါ်မှုအသစ်များနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly