နိုင်ငံမြောက်ပိုင်းက ခရစ်ယာန် ဘုရားကျောင်းတစ်ခုကို တရုတ်အာဏာပိုင်တွေ ဖြိုချဖျက်စီး

နိုင်ငံမြောက်ပိုင်းက ခရစ်ယာန် ဘုရားကျောင်းတစ်ခုကို တရုတ်အာဏာပိုင်တွေ ဖြိုချဖျက်စီး

 

ဇန်နဝါရီ ၁၃ ။            ။ တရားဝင်ခွင့်ပြုချက် မရှိဘဲ တည်ဆောက်ထားခဲ့တယ်လို့ ဆိုပြီး တရုတ်နိုင်ငံမြောက်ပိုင်းက ခရစ်ယာန် ဘုရားကျောင်းတစ်ခုကို အာဏာပိုင်တွေက လာရောက် ဖြိုချခဲ့တယ်လို့ သိရပါတယ်။ ယင်းလုပ်ဆောင်မှုဟာ တာလီဘန် ပုံစံ ဖိနှိပ်မှုတစ်ခု ဖြစ်တယ်လို့ ဘာသာရေး အခွင့်အရေး လှုပ်ရှားသူအုပ်စုတွေဘက်က ရှုတ်ချပြောဆိုခဲ့ပါတယ်။

တရုတ်ရဲ့ ကွန်မြူနစ် အာဏာပိုင်တွေကတော့ နိုင်ငံမှာ ဘာသာရေးကို ခုတုံးလုပ်ပြီး စုရုံးလှုပ်ရှားမှုတွေ ဖြစ်ပေါ်လာမယ့်အရေးကို ပူပန်နေလျက်ရှိပါတယ်။

ယခု ဖြိုချခံခဲ့ရတဲ့ ဧဝံဂေလိအသင်းဝင် ဘုရားကျောင်းတော်ကတော့ ရှန်ဇီ ခရိုင် လင်ဖုန် မြို့မှာ တည်ရှိတာဖြစ်ပါတယ်။ ဖြိုချရေးလုပ်ငန်းတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်ကတည်းက စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

တစ်မြို့လုံးမှာရှိတဲ့ တရားမဝင်တဲ့ အဆောက်အအုံတွေကို ဖယ်ရှားရေးကမ်ပိန်းအရ အဆိုပါ ခရစ်ယာန် ဘုရားကျောင်းကို ဖြိုချခဲ့တာဖြစ်တယ်လို့ ဒေသအာဏာပိုင်တစ်ဦးကို ကိုးကားပြီး ဂလိုဘယ်လ်တိုင်းမ် သတင်းစာက ဖော်ပြပါတယ်။

" ခရစ်ယာန် ဘာသာဝင်တစ်ယောက်က သူ့ လယ်မြေကို ခရစ်ယာန်အဖွဲ့အစည်းတစ်ခုကို ပေးခဲ့ပါတယ်၊ ပြီးတော့ သူတု့ိက ဂိုဒေါင် ပုံစံလိုလို လုပ်ပြီး ဒီ ဘုရားကျောင်းကို ခိုးပြီး တည်ဆောက်ခဲ့ကြတာပါ" ဆိုပြီး အဆိုပါ ဒေသအာဏာပိုင်က ပြောသွားပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်တုန်းက ယင်း ဘုရားကျောင်းကိုတော့ တည်ဆောက်မှု ပြီးလုပြီးခင်မှာပဲ  မြို့တွင်း အိမ်ယာတည်ဆောက်မှု ဌာနက သွားရောက်ပိတ်ပင်ခဲ့ရတာဖြစ်တယ်လို့လည်း ၎င်းက ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly