ရန်ကုန်တိုင်း ထန်းတပင်မြို့အနီး ဗဟိုပြုပြီး အင်အားအနည်းငယ်ရှိ ငလျင်လှုပ်

ရန်ကုန်တိုင်း ထန်းတပင်မြို့အနီး ဗဟိုပြုပြီး အင်အားအနည်းငယ်ရှိ ငလျင်လှုပ်

 

ရန်ကုန် ၊ဇန်နဝါရီ ၁၃ ။              ။ ယနေ့ဇန်နဝါရီ ၁၃ ရက်နေ့  နေ့လယ် ၂ နာရီ ၅၀ ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့ အရှေ့တောင်ဘက် (၂) မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃.၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ယင်းငလျင်လှုပ်ခတ်သွားမှုကို  ရန်ကုန်မြို့တွင် နေထိုင်သူများမှ သိသိသာသာ ခံစားခဲ့ရပြီး ထိခိုက်ပျက်စီးမှုနှင့် ပတ်သက်ပြီး အတိအကျ သိရှိရသေးခြင်းမရှိဘဲ မဇ္ဈိမမှ စုံစမ်းနေဆဲဖြစ်သည်။

ဇန်နဝါရီ ၁၂ ရက်နေ့ နံနက်အစောပိုင်းကလည်း ပဲခူးတိုင်းဒေသကြီး ဖြူးမြို့၏ အနောက်၊ အနောက်တောင် ဘက် (၁၇)မိုင်ခန့်အကွာ) ကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး(၆.ဝ)အဆင့်ရှိ အင်အားအသင့်အတင့် ရှိသော   မြေငလျင်တစ်ခု  လှုပ်ခတ်ခဲ့သေးသည်။

ယင်းငလျင် လှုပ်ခတ်ပြီးနောက် ဖြူးမြို့အနီး ဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၅ ဒဿမ ၃ အဆင့် မှ ၄ ဒဿမ ၃ အဆင့်ရှိ ငလျင် ငါးကြိမ် လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲငလျင်များ သတိထားရန် မြေငလျင်ကော်မတီက သတိပေးထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly