ဆော်ဒီအာရေးဘီးယားတွင် ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးများ ဘောလုံးကွင်းထဲ ၀င်ရောက် အားပေးခွင့် ရရှိ

ဆော်ဒီအာရေးဘီးယားတွင် ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးများ ဘောလုံးကွင်းထဲ ၀င်ရောက် အားပေးခွင့် ရရှိ

 

ဇန်နဝါရီ ၁၃ ။                   ။ ဆော်ဒီအာရေးဘီးယားနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးများကို ဘောလုံးကွင်းထဲ ဝင်အားပေးခွင့် ပြုလိုက်ပြီ ဖြစ်သည်။

အလွန်အကျွံ ရှေးရိုးစွဲ ဆန်လွန်းသော ဘုရင့်နိုင်ငံတွင် ဆယ်စုနှစ်များစွာကြာမြင့်စွာ တည်ရှိနေခဲ့သည့် ကျားမ သီးသန့်ခွဲခြားရေး စည်းမျဉ်းများကို ယခုအခါ တစ်ဖြည်းဖြည်းချင်း   ပြန်လည် ဖြေလျှော့ပေးလာခဲ့ပြီးနောက်ပိုင်း ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ ရက်က ဘောလုံးပွဲစဉ်တစ်ပွဲကို အမျိုးသမီးများ ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်အားပေးကြည့်ရှုနိုင်ခဲ့ပြီ ဖြစ်သည်။

အစဉ်အလာ အနက်ရုံ ဝတ်ရုံများကို ဝတ်ဆင်ထားသည့် အမျိုးသမီး ဘောလုံးပရိသတ်များသည် ယင်းနေ့က Jeddah အားကစားရုံမှာ ကျင်းပသည့် ပွဲစဉ်ကို တက်ရောက်အားပေးကြည့်ရှုခဲ့ကြသည်။

ယခင်ကာလများအတွင်းက အမျိုးသမီးများအပေါ် တင်းကျပ်သည့် ကန့်သတ်ချက်များကို ချမှတ်ထားခဲ့သည့် ယင်းနိုင်ငံတွင် အာဏာပိုင်များအနေဖြင့် ပြီးခဲ့တဲ့ကာလအတွင်းတုန်းကလည်း အမျိုးသမီးများအပေါ် ကားမောင်းခွင့် ပိတ်ပင်ထားမှုကို ရုပ်သိမ်းပေးခဲ့သေးသည်။

သြဇာကြီး ဆော်ဒီ အိမ်ရှေ့စံမင်းသား မိုဟာမက် ဘင် ဆော်လ်မန်က ပြီးခဲ့တဲ့ နှစ်ကတည်းက နိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုအများအပြားကို လုပ်ဆောင်လာနေခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly